Premier League Transfer News

8 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီမှာ ငွေသုံးဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ပရီးမီးယားလိဂ်နဲ့ အသားမကျသေးတဲ့ ကစားသမားတွေကို နိုင်ငံပြင်ပကနေ ခေါ်ယူမယ့်အစား လက်ရှိမှာ ခြေစွမ်းပြသနေပြီး အသင်းနဲ့ စာချုပ်တစ်နှစ်ခွဲသာ ကျန်တော့တဲ့ နယူးကာဆယ်လ်တောင်ပံသမား မီဂယ်လ် အယ်မီရွန်ကိုပဲ မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ကြိုးစားခေါ်ယူသွားဖွယ်ရှိနေ။

– လက်စတာစီးတီးကွင်းလယ်လူ ယူရီ တီးလီးမန်းစ်အနေနဲ့ ကင်းပါဝါမှာ သက်တမ်းတိုးဖို့ မရှိတော့ဘဲ လက်စတာအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသလို မြေခွေးတာဝန်ရှိသူတွေအနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းချင်တယ်လို့ အတိလင်းဆိုထားတဲ့ ဘယ်လ်ဂျီယမ်သားကို တစ်ပြားမှ မရဘဲ နွေရာသီမှာ လက်လွှတ်ရမယ့်အစား ဇန်နဝါရီမှာ ညှိနှိုင်းလျှော့ဈေးနဲ့ ရောင်းချဖို့ စဉ်းစားနေ။

– အာဆင်နယ်အသင်းက အလိုရှိနေခဲ့တဲ့ ယူကရိန်းတောင်ပံကစားသမား မိုက်ခေလို မူဒရစ်ခ်ကို ဇန်နဝါရီမှာ ငွေကြေးသုံးစွဲခေါ်ယူမယ့် အစီအစဉ်အတွက် စောင့်ကြည့်သူတွေက ၂၀၀၃-၀၄ ရာသီက စပိန်သား ဟိုဆေး အန်တိုနီယို ရေးယက်စ်ကို ခေါ်ယူပြီး ပရီးမီးယားလိဂ် ဖလားကို နောက်ဆုံးရယူနိုင်ခဲ့သလိုမျိုး ၁၉ နှစ်အကြာမှာ တစ်ကျော့ပြန်ဖြစ်လာမလားလို့ ခန့်မှန်းနေကြ။

– ဂန်းနားတွေအနေနဲ့ သူတို့ရဲ့ ခံစစ်မှာ ဂါဘရီယယ်လ် မာဂါလိုင်စ်ကို အနားပေးလိုက်ရင် ပုံမကျပန်းမကျဖြစ်သွားတတ်တဲ့ ဘယ်နောက်ခံ အတွင်းလူနေရာအတွက် ဇန်နဝါရီမှာ အင်အားဖြည့်တင်းသွားနိုင်ဖို့ စဉ်းစားနေပြီး ဖရန့်ဖတ်အသင်းကနေ ပေါင် ၁၇.၅ သန်း ရရှိရင် လက်လွှတ်နိုင်တဲ့ ပြင်သစ်သား အီဗန် အန်ဒစ်ကာကို ခေါ်ယူသွားဖို့ ချိတ်ဆက်နေ။

– အက်စ်တန်ဗီလာအသင်းကို မန်ယူနဲ့ပွဲမှာ နိုင်ပွဲရယူပြီး အဖွင့်လှခဲ့တဲ့ နည်းပြသစ် အူနိုင်း အမ်မရီက အသင်းဟောင်း အာဆင်နယ်မှာတုန်းက အတွင်းပိုင်း ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ဝန်ခံလိုက်ပြီး ဘာမင်ဂမ်အခြေစိုက်အသင်းနဲ့ ပူးပေါင်းဖို့ သဘောတူခဲ့တာဟာ ပြီးခဲ့တဲ့ တစ်နှစ်၊ လေးလ အချိန်ကာလမှာ သူညံ့လို့ မဟုတ်ကြောင်း သက်သေပြဖို့လို့ဆို။

– နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကြယ်ပွင့်နောက်ခံလူ ဝီလီယမ် ဆာလီဘာကို မြင့်မားတဲ့ လစာငွေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားကြောင်း အတည်ပြုလိုက်ပြီး ကစားသမားဘက်ကလည်း စာချုပ်ကို လက်ခံဖို့ စဉ်းစားနေတယ်လို့ ထုတ်ဖော်သွားခဲ့။

– အာဆင်နယ်အသင်းမှာ လက်စွမ်းပြနေပြီး ပရီးမီးယားလိဂ်မှာ Clean Sheet ၆ ပွဲ ရယူထားတဲ့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်နဲ့ ညာနောက်ခံ နေရာမှာ ခြေစွမ်းပြနေတဲ့ ဘန်ဝှိုက်တို့ကို အင်္ဂလန်လက်ရွေးစင်နည်းပြ ဂယ်ရက်သ် ဆောက်ဂိတ်အနေနဲ့ ကာတာမြေ ကမ္ဘာ့ဖလားပြိုင်ပွဲကို မခေါ်ဘဲ ထားခဲ့မယ်ဆိုရင် သူ့လောက် မိုက်မဲတဲ့သူ မရှိဘူးလို့ လူပြောများနေကြ။

– နည်းပြ မီခယ်လ် အာတီတာအနေနဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကို ဂိုးပိုမိုရရှိနိုင်အောင် ဂိုးရှေ့မှာ အချိန်များများ ကစားခိုင်းသင့်ကြောင်းနဲ့ ခံစစ်ကို ဘယ်နောက်ခံလူအဖြစ်ပါ လိုက်လံကူညီနေရအောင် တာဝန်ပေးတာမျိုး မလုပ်သင့်ဘဲ တစ်ဖက်အသင်း ဧရိယာထဲမှာသာ အကျိုးရှိအောင် အသုံးချဖို့ ရီယို ဖာဒီနန် တိုက်တွန်း။

– ပြီးခဲ့တဲ့ ဇူးရစ်ချ်နဲ့ပွဲမှာ ပေါင်ဒဏ်ရာနဲ့ ကြုံတွေ့ခဲ့ရတဲ့ နောက်ခံလူ တာကဲဟီရို တိုမီယာစုအနေနဲ့ အာဆင်နယ်အသင်းရဲ့ လက်ကျန်ပွဲစဉ် နှစ်ပွဲဖြစ်တဲ့ ကာရာဘောင်းဖလား ဘရိုက်တန်၊ ပရီးမီးယားလိဂ် ဝုလ်ဗ်စ်တို့နဲ့ ပွဲတွေမှာ အနားပေးခံထားရချိန်မှာ ကာတာ ကမ္ဘာ့ဖလားကို မလွဲချော်ဘဲ ဂျပန်လက်ရွေးစင်အသင်းအတွက် ကစားပေးနိုင်ဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ ဇန္နဝါရီမွာ ေငြသုံးဖို႔ ျပင္ဆင္ေနတဲ့အခ်ိန္မွာ ပရီးမီးယားလိဂ္နဲ႔ အသားမက်ေသးတဲ့ ကစားသမားေတြကို ႏိုင္ငံျပင္ပကေန ေခၚယူမယ့္အစား လက္ရွိမွာ ေျခစြမ္းျပသေနၿပီး အသင္းနဲ႔ စာခ်ဳပ္တစ္ႏွစ္ခြဲသာ က်န္ေတာ့တဲ့ နယူးကာဆယ္လ္ေတာင္ပံသမား မီဂယ္လ္ အယ္မီ႐ြန္ကိုပဲ မန္ခ်က္စတာယူႏိုက္တက္နဲ႔အၿပိဳင္ ႀကိဳးစားေခၚယူသြားဖြယ္ရွိေန။

– လက္စတာစီးတီးကြင္းလယ္လူ ယူရီ တီးလီးမန္းစ္အေနနဲ႔ ကင္းပါဝါမွာ သက္တမ္းတိုးဖို႔ မရွိေတာ့ဘဲ လက္စတာအသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနသလို ေျမေခြးတာဝန္ရွိသူေတြအေနနဲ႔ အာဆင္နယ္အသင္းကို ေျပာင္းခ်င္တယ္လို႔ အတိလင္းဆိုထားတဲ့ ဘယ္လ္ဂ်ီယမ္သားကို တစ္ျပားမွ မရဘဲ ေႏြရာသီမွာ လက္လႊတ္ရမယ့္အစား ဇန္နဝါရီမွာ ညႇိႏႈိင္းေလွ်ာ့ေဈးနဲ႔ ေရာင္းခ်ဖို႔ စဥ္းစားေန။

– အာဆင္နယ္အသင္းက အလိုရွိေနခဲ့တဲ့ ယူကရိန္းေတာင္ပံကစားသမား မိုက္ေခလို မူဒရစ္ခ္ကို ဇန္နဝါရီမွာ ေငြေၾကးသုံးစြဲေခၚယူမယ့္ အစီအစဥ္အတြက္ ေစာင့္ၾကည့္သူေတြက ၂၀၀၃-၀၄ ရာသီက စပိန္သား ဟိုေဆး အန္တိုနီယို ေရးယက္စ္ကို ေခၚယူၿပီး ပရီးမီးယားလိဂ္ ဖလားကို ေနာက္ဆုံးရယူႏိုင္ခဲ့သလိုမ်ိဳး ၁၉ ႏွစ္အၾကာမွာ တစ္ေက်ာ့ျပန္ျဖစ္လာမလားလို႔ ခန႔္မွန္းေနၾက။

– ဂန္းနားေတြအေနနဲ႔ သူတို႔ရဲ႕ ခံစစ္မွာ ဂါဘရီယယ္လ္ မာဂါလိုင္စ္ကို အနားေပးလိုက္ရင္ ပုံမက်ပန္းမက်ျဖစ္သြားတတ္တဲ့ ဘယ္ေနာက္ခံ အတြင္းလူေနရာအတြက္ ဇန္နဝါရီမွာ အင္အားျဖည့္တင္းသြားႏိုင္ဖို႔ စဥ္းစားေနၿပီး ဖရန႔္ဖတ္အသင္းကေန ေပါင္ ၁၇.၅ သန္း ရရွိရင္ လက္လႊတ္ႏိုင္တဲ့ ျပင္သစ္သား အီဗန္ အန္ဒစ္ကာကို ေခၚယူသြားဖို႔ ခ်ိတ္ဆက္ေန။

– အက္စ္တန္ဗီလာအသင္းကို မန္ယူနဲ႔ပြဲမွာ ႏိုင္ပြဲရယူၿပီး အဖြင့္လွခဲ့တဲ့ နည္းျပသစ္ အူႏိုင္း အမ္မရီက အသင္းေဟာင္း အာဆင္နယ္မွာတုန္းက အတြင္းပိုင္း ျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရေၾကာင္း ဝန္ခံလိုက္ၿပီး ဘာမင္ဂမ္အေျခစိုက္အသင္းနဲ႔ ပူးေပါင္းဖို႔ သေဘာတူခဲ့တာဟာ ၿပီးခဲ့တဲ့ တစ္ႏွစ္၊ ေလးလ အခ်ိန္ကာလမွာ သူညံ့လို႔ မဟုတ္ေၾကာင္း သက္ေသျပဖို႔လို႔ဆို။

– နာမည္ႀကီး ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ၾကယ္ပြင့္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို ျမင့္မားတဲ့ လစာေငြနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းထားေၾကာင္း အတည္ျပဳလိုက္ၿပီး ကစားသမားဘက္ကလည္း စာခ်ဳပ္ကို လက္ခံဖို႔ စဥ္းစားေနတယ္လို႔ ထုတ္ေဖာ္သြားခဲ့။

– အာဆင္နယ္အသင္းမွာ လက္စြမ္းျပေနၿပီး ပရီးမီးယားလိဂ္မွာ Clean Sheet ၆ ပြဲ ရယူထားတဲ့ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္နဲ႔ ညာေနာက္ခံ ေနရာမွာ ေျခစြမ္းျပေနတဲ့ ဘန္ဝႈိက္တို႔ကို အဂၤလန္လက္ေ႐ြးစင္နည္းျပ ဂယ္ရက္သ္ ေဆာက္ဂိတ္အေနနဲ႔ ကာတာေျမ ကမာၻ႔ဖလားၿပိဳင္ပြဲကို မေခၚဘဲ ထားခဲ့မယ္ဆိုရင္ သူ႔ေလာက္ မိုက္မဲတဲ့သူ မရွိဘူးလို႔ လူေျပာမ်ားေနၾက။

– နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို ဂိုးပိုမိုရရွိႏိုင္ေအာင္ ဂိုးေရွ႕မွာ အခ်ိန္မ်ားမ်ား ကစားခိုင္းသင့္ေၾကာင္းနဲ႔ ခံစစ္ကို ဘယ္ေနာက္ခံလူအျဖစ္ပါ လိုက္လံကူညီေနရေအာင္ တာဝန္ေပးတာမ်ိဳး မလုပ္သင့္ဘဲ တစ္ဖက္အသင္း ဧရိယာထဲမွာသာ အက်ိဳးရွိေအာင္ အသုံးခ်ဖို႔ ရီယို ဖာဒီနန္ တိုက္တြန္း။

– ၿပီးခဲ့တဲ့ ဇူးရစ္ခ်္နဲ႔ပြဲမွာ ေပါင္ဒဏ္ရာနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့ ေနာက္ခံလူ တာကဲဟီ႐ို တိုမီယာစုအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ လက္က်န္ပြဲစဥ္ ႏွစ္ပြဲျဖစ္တဲ့ ကာရာေဘာင္းဖလား ဘ႐ိုက္တန္၊ ပရီးမီးယားလိဂ္ ဝုလ္ဗ္စ္တို႔နဲ႔ ပြဲေတြမွာ အနားေပးခံထားရခ်ိန္မွာ ကာတာ ကမာၻ႔ဖလားကို မလြဲေခ်ာ္ဘဲ ဂ်ပန္လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးႏိုင္ဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.