Premier League

ဒီအပတ်ပွဲစဉ်တွေအတွက် ဆပ်တန်ရဲ့ ဟောကိန်းများ

အာဆင်နယ်-ဘုန်းမောက်

ဘုန်းမောက်က ရာသီကို အားကောင်းတဲ့ပုံစံနဲ့အဆုံးသတ်နေတယ်။ သူတို့ရဲ့ ပရီးမီးယားလိဂ် စံချိန်တင်ရမှတ်ကိုတောင် ကျော်တက်ခဲ့ပြီးပြီ။ ဒါက အောက်တိုဘာ ၂၈ မတိုင်ခင်အထိ ပထမဆုံးလိဂ်ပွဲအနိုင်မရခဲ့တဲ့အသင်းအတွက်တော့ အရမ်းအထင်ကြီးစရာကောင်းတယ်။ အီရာအိုလာက အရာအားလုံးကို ပြောင်းလဲပစ်ခဲ့တယ်။ ဒီပွဲမှာ အာဆင်နယ်နိုင်ပွဲကလွဲပြီး မမြင်ပါဘူး။ သူတို့တွေက ဆုဖလားပြိုင်ပွဲအတွက် အနိုင်မရရအောင် ကစားသွားမှာပါ။ သူတို့တွေ ခြေချော်လို့ရမှာမဟုတ်ပါဘူး။ သူတို့ခြေလည်းချော်မှာမဟုတ်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၃-၁)

ဘရန့်တ်ဖို့ဒ်-ဖူလ်ဟမ်

ဖူလ်ဟမ်က ဒီရာသီအိမ်ကွင်း ကောင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ပွဲတွေမှာ မှန်းရခက်လာတယ်။ ဘရန့်တ်ဖို့ဒ်က အခုဆိုရင် တန်းဆင်းရမယ့်အန္တရာယ်ကနေ စိတ်ချသွားရပြီ။ အဲဒီတော့ သူတို့ဆီကနေ ဘာမျှော်လင့်ရမလဲဆိုတာ သိဖို့လည်း ခက်လာတယ်။ အနောက်လန်ဒန်ဒါဘီဆိုတော့ ဘာတွေဖြစ်လာမလဲ အတိအကျမပြောနိုင်ပေမယ့် ဂိုးတွေအနည်းငယ်တော့ ရှိမယ်ထင်တယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၂)

ဘန်လေ-ကာဆယ်

ဒီနှစ်သင်းစလုံးက နည်းနည်းခြေစွမ်းပိုင်း ကောင်းနေတယ်။ ကွန်ပနီရဲ့အသင်းက ပြီးခဲ့တဲ့အပတ်တုန်းက မန်ယူနိုက်တက်ကို အနိုင်ယူခဲ့သင့်တယ်။ ဒါပေမယ့် သူတို့တွေ ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်အောင် လုပ်ဖို့ ၃ ပွဲအခွင့်အရေးရှိသေးတယ်။ ဒီပွဲမှာ အရာအားလုံး သူတို့ ပေးသွားမှာပါ။ နယူးကာဆယ်ကလည်း အဆင့် ၆ နေရာအတွက် တိုက်ပွဲဝင်နေတယ်။ ငှက်ကျားတွေအတွက် အီဆက်ခ်လုပ်နေတာတွေကို သူ့အသင်းဖော် အန်သိုနီ ဂေါ်ဒွန်လိုပဲ သဘောကျမိတယ်။ ဒီကစားသမား ၂ ယောက်စလုံးက စနေနေ့မှာ အဝေးကွင်းမှတ်တမ်းကို တိုးမြှင့်ဖို့ အခွင့်အရေးရသင့်တယ်။ ဒါပေမယ့် နယူးကာဆယ်နိုင်မယ်တော့ မထင်ဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၃-၃)

ရှက်ဖီး-ဖောရက်စ်

ဒီပွဲက ဖောရက်စ်အတွက် ဖွင့်ကစားမယ့်ပွဲလို့ မြင်တယ်။ သူတို့တွေ အရင်အပတ်က မန်စီးတီးနဲ့ပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့်လည်း ရှုံးခဲ့တယ်။ အခုသူတို့တွေ အဲဒီစွမ်းဆောင်ရည်အတိုင်း ထပ်လုပ်ပြရင် လိုအပ်တဲ့နိုင်ပွဲရမှာပါ။
ခန့်မှန်းပွဲပြီးရလဒ်(၀-၂)

မန်စီးတီး-ဝုဗ်

မန်စီးတီးက ချန်ပီယံလိဂ်မကစားရတော့တာက ပရီးမီးယားလိဂ်ကို အပြည့်အဝ အာရုံစိုက်ဖို့ အကူအညီဖြစ်စေပါတယ်။ ဂွါဒီယိုလာက သူ့ကစားသမားတွေ ပွဲပန်းနေပြီလို့ ပြောတယ်။ ဖောရက်စ်နဲ့တုန်းကလို ဟာလန်းကို အရန်ခုံကနေ ဝင်ကစားခိုင်းမယ့်ပုံမပေါ်ဘူး။ ဝုဗ်က မိုလီနာကွင်းတုန်းက သူတို့ကို အနိုင်ယူခဲ့ပေမယ့် အဲဒီလို ထပ်ဖြစ်တော့မှာမဟုတ်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၃-၀)

ဘရိုက်တန်-ဗီလာ

အက်စတန်ဗီလာက အဆင့် ၄ နေရာမှာရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း သူတို့လက်ထဲမှာပါ။ ဒါပေမယ့် သူတို့တွေ အဆင့် ၄ နေရာမှာ အခိုင်အမာရပ်တည်နိုင်ဖို့ လုပ်စရာရှိတာတွေ လုပ်ရဦးမှာပါ။ အမ်မရီရဲ့အသင်းက ကြာသပတေးနေ့က အိုလင်ပီယာကို့စ်နဲ့ ယူရိုပါကွန်းဖရင့်လိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ အိမ်ကွင်းမှာ ရှုံးခဲ့တယ်။ ဘရိုက်တန်သာ အင်တိုက်အားတိုက်ကစားနိုင်ရင် ဗီလာအတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။ဒါပေမယ့်လည်း အဲဒီလိုဖြစ်လာဖို့ မမြင်ပါဘူး။ စင်ရော်တွေက ခြေစွမ်းကောင်း ပျောက်ဆုံးနေတာက ကြာခဲ့ပြီ။ မနှစ်ကတုန်းနဲ့ မတူတော့ဘူး။ ဗီလာပဲ အနိုင်ရသွားမှာပါ။
ခန့်မှန်းပွဲပြီးရလဒ်(၁-၃)

ချဲလ်ဆီး-ဝက်စ်ဟမ်း

ဒေးဗစ် မိုရက်စ်ရဲ့ ဝက်စ်ဟမ်းက အခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော် မြင်ရတွေ့ရတာများလာလေ ရာသီကုန်မှာ လမ်းခွဲတော့မယ်လို့ ထင်နေတာ ပိုပြီးသေချာလာလေပါ။ မိုရက်စ်က သူလုပ်ပေးခဲ့တာတွေအတွက် လုံလောက်တဲ့ ချီးကျူးမှု မရခဲ့ဘူးထင်တယ်။ ဒါပေမယ့် နောက်ဆုံးလိဂ် ၈ ပွဲမှာ ၁ ပွဲပဲအနိုင်ရခဲ့တာက သူတို့လက်ရှိခြေစွမ်းက မကောင်းဘူးဆိုတာ ပြသနေတာပါ။ ချဲလ်ဆီးအတွက်တော့ ရက်သတ္တပတ်တစ်ခုအတွင်းမှာ ဒုတိယမြောက်လန်ဒန်ဒါဘီပွဲပါ။ အဆင့် ၆ နေရာအတွက် တိုက်ပွဲဝင်နေတဲ့ သူတို့အတွက် ပွဲကြီးပွဲကောင်းပါ။ ဒီပွဲက နည်းနည်းတော့ ကြပ်မယ်ဆိုပေမယ့် ချဲလ်ဆီးက ကပ်နိုင်သွားမှာပါ။
ခန့်မှန်းပွဲပြီးရလဒ်(၂-၁)

လီဗာပူးလ်-စပါး

လီဗာပူးလ်က ပုံစံကောင်းမှာရှိမနေဘဲ ဆာလားနဲ့ ကလော့ပ်တို့ ရန်ဖြစ်ခဲ့ကြလို့ အခြေအနေက ပိုဆိုးခဲ့တယ်။ သူ ပြီးခဲ့တဲ့အပတ် ကွင်းဘေးစည်းမှာ ကလော့ပ်ကို ပြုမူခဲ့တဲ့အပြုအမူအတွက် တောင်းပန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆာလားက အရမ်းကောင်းတဲ့ကစားသမားပါ။ ဒါပေမယ့် သူက လူစာရင်းထဲမှာ ရှိနေတဲ့ ကျန်တဲ့ကစားသမားတွေနဲ့ ဘာမှ မကွာခြားပါဘူး။ သူသာ ကောင်းကောင်း ခြေစွမ်းမပြနိုင်ရင် သူ ချန်လှပ်ခံရမှာ စိုးရိမ်မိပါတယ်။ စပါးရဲ့ နည်းဗျူဟာက ပြီးခဲ့တဲ့အပတ်က အာဆင်နယ်နဲ့ သင့်တော်ခဲ့တယ်လို့ ထင်ပြီး သူတို့ကို တန်ပြန်တိုက်စစ်မှာ ထိခိုက်အောင် လုပ်နိုင်ခဲ့ပြီး ဒီပွဲမှာလည်း အဲဒီဗျူဟာပဲ သုံးမှာပါ။ လီဗာပူးလ်က ဘောလုံးပျက်သွားတာနဲ့ တော်တော်လေးကို ထိခိုက်လွယ်တယ်။ အဲဒီတော့ စပါးက လီဗာပူးလ်ကို ဒီတစ်ကြိမ်မှာတော့ အဝေးကွင်းနိုင်ပွဲရယူနိုင်လိမ့်မယ်လို့ ထင်တယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၃)

ပဲလေ့စ်-မန်ယူ

မန်ယူနိုက်တက်ပရိသတ်တွေက ကျွန်တော်က ဘယ်တော့မှ သူတို့အသင်းနိုင်မယ်မပြောလို့ ပြဿနာရှာနေကြတယ်။ ဒါပေမယ့် ကျွန်တော်မှန်းတာက မမှားဘူးဆိုတာ ရလဒ်တွေက သက်သေပြခဲ့ပါတယ်။ အဲဒီတော့ သူတို့ နိုင်ပွဲရမယ်လို့ ကျွန်တော် ထောက်ခံဖို့ ခဲယဉ်းနေဦးမှာပဲ။ ဒီပွဲမှာလည်း သူတို့တွေ သရေလောက်ပဲ အမြင့်ဆုံးမှန်းလို့ရနိုင်လိမ့်မယ်။ စက်တင်ဘာတုန်းက အိုးထရက်ဖို့ဒ်မှာတောင် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာနော်။ အဲဒီတော့ မန်ယူနိုက်တက်ပရိသတ်တွေ အရမ်းမခံစားရအောင် သရေလို့ပဲ မှန်းလိုက်ပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်(၁-၁)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္-ဘုန္းေမာက္

ဘုန္းေမာက္က ရာသီကို အားေကာင္းတဲ့ပုံစံနဲ႔အဆုံးသတ္ေနတယ္။ သူတို႔ရဲ႕ ပရီးမီးယားလိဂ္ စံခ်ိန္တင္ရမွတ္ကိုေတာင္ ေက်ာ္တက္ခဲ့ၿပီးၿပီ။ ဒါက ေအာက္တိုဘာ ၂၈ မတိုင္ခင္အထိ ပထမဆုံးလိဂ္ပြဲအႏိုင္မရခဲ့တဲ့အသင္းအတြက္ေတာ့ အရမ္းအထင္ႀကီးစရာေကာင္းတယ္။ အီရာအိုလာက အရာအားလုံးကို ေျပာင္းလဲပစ္ခဲ့တယ္။ ဒီပြဲမွာ အာဆင္နယ္ႏိုင္ပြဲကလြဲၿပီး မျမင္ပါဘူး။ သူတို႔ေတြက ဆုဖလားၿပိဳင္ပြဲအတြက္ အႏိုင္မရရေအာင္ ကစားသြားမွာပါ။ သူတို႔ေတြ ေျခေခ်ာ္လို႔ရမွာမဟုတ္ပါဘူး။ သူတို႔ေျခလည္းေခ်ာ္မွာမဟုတ္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၁)

ဘရန႔္တ္ဖို႔ဒ္-ဖူလ္ဟမ္

ဖူလ္ဟမ္က ဒီရာသီအိမ္ကြင္း ေကာင္းခဲ့ေပမယ့္ ၿပီးခဲ့တဲ့ပြဲေတြမွာ မွန္းရခက္လာတယ္။ ဘရန႔္တ္ဖို႔ဒ္က အခုဆိုရင္ တန္းဆင္းရမယ့္အႏၲရာယ္ကေန စိတ္ခ်သြားရၿပီ။ အဲဒီေတာ့ သူတို႔ဆီကေန ဘာေမွ်ာ္လင့္ရမလဲဆိုတာ သိဖို႔လည္း ခက္လာတယ္။ အေနာက္လန္ဒန္ဒါဘီဆိုေတာ့ ဘာေတြျဖစ္လာမလဲ အတိအက်မေျပာႏိုင္ေပမယ့္ ဂိုးေတြအနည္းငယ္ေတာ့ ရွိမယ္ထင္တယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၂)

ဘန္ေလ-ကာဆယ္

ဒီႏွစ္သင္းစလုံးက နည္းနည္းေျခစြမ္းပိုင္း ေကာင္းေနတယ္။ ကြန္ပနီရဲ႕အသင္းက ၿပီးခဲ့တဲ့အပတ္တုန္းက မန္ယူႏိုက္တက္ကို အႏိုင္ယူခဲ့သင့္တယ္။ ဒါေပမယ့္ သူတို႔ေတြ ပရီးမီးယားလိဂ္မွာ တင္က်န္ႏိုင္ေအာင္ လုပ္ဖို႔ ၃ ပြဲအခြင့္အေရးရွိေသးတယ္။ ဒီပြဲမွာ အရာအားလုံး သူတို႔ ေပးသြားမွာပါ။ နယူးကာဆယ္ကလည္း အဆင့္ ၆ ေနရာအတြက္ တိုက္ပြဲဝင္ေနတယ္။ ငွက္က်ားေတြအတြက္ အီဆက္ခ္လုပ္ေနတာေတြကို သူ႔အသင္းေဖာ္ အန္သိုနီ ေဂၚဒြန္လိုပဲ သေဘာက်မိတယ္။ ဒီကစားသမား ၂ ေယာက္စလုံးက စေနေန႔မွာ အေဝးကြင္းမွတ္တမ္းကို တိုးျမႇင့္ဖို႔ အခြင့္အေရးရသင့္တယ္။ ဒါေပမယ့္ နယူးကာဆယ္ႏိုင္မယ္ေတာ့ မထင္ဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၃)

ရွက္ဖီး-ေဖာရက္စ္

ဒီပြဲက ေဖာရက္စ္အတြက္ ဖြင့္ကစားမယ့္ပြဲလို႔ ျမင္တယ္။ သူတို႔ေတြ အရင္အပတ္က မန္စီးတီးနဲ႔ပြဲမွာ ေကာင္းေကာင္း ကစားႏိုင္ခဲ့ေပမယ့္လည္း ရႈံးခဲ့တယ္။ အခုသူတို႔ေတြ အဲဒီစြမ္းေဆာင္ရည္အတိုင္း ထပ္လုပ္ျပရင္ လိုအပ္တဲ့ႏိုင္ပြဲရမွာပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၀-၂)

မန္စီးတီး-ဝုဗ္

မန္စီးတီးက ခ်န္ပီယံလိဂ္မကစားရေတာ့တာက ပရီးမီးယားလိဂ္ကို အျပည့္အဝ အာ႐ုံစိုက္ဖို႔ အကူအညီျဖစ္ေစပါတယ္။ ဂြါဒီယိုလာက သူ႔ကစားသမားေတြ ပြဲပန္းေနၿပီလို႔ ေျပာတယ္။ ေဖာရက္စ္နဲ႔တုန္းကလို ဟာလန္းကို အရန္ခုံကေန ဝင္ကစားခိုင္းမယ့္ပုံမေပၚဘူး။ ဝုဗ္က မိုလီနာကြင္းတုန္းက သူတို႔ကို အႏိုင္ယူခဲ့ေပမယ့္ အဲဒီလို ထပ္ျဖစ္ေတာ့မွာမဟုတ္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၀)

ဘ႐ိုက္တန္-ဗီလာ

အက္စတန္ဗီလာက အဆင့္ ၄ ေနရာမွာရွိၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကလည္း သူတို႔လက္ထဲမွာပါ။ ဒါေပမယ့္ သူတို႔ေတြ အဆင့္ ၄ ေနရာမွာ အခိုင္အမာရပ္တည္ႏိုင္ဖို႔ လုပ္စရာရွိတာေတြ လုပ္ရဦးမွာပါ။ အမ္မရီရဲ႕အသင္းက ၾကာသပေတးေန႔က အိုလင္ပီယာကို႔စ္နဲ႔ ယူ႐ိုပါကြန္းဖရင့္လိဂ္ဆီမီးဖိုင္နယ္ပထမအေက်ာ့ အိမ္ကြင္းမွာ ရႈံးခဲ့တယ္။ ဘ႐ိုက္တန္သာ အင္တိုက္အားတိုက္ကစားႏိုင္ရင္ ဗီလာအတြက္ ျပႆနာျဖစ္လာႏိုင္ပါတယ္။ဒါေပမယ့္လည္း အဲဒီလိုျဖစ္လာဖို႔ မျမင္ပါဘူး။ စင္ေရာ္ေတြက ေျခစြမ္းေကာင္း ေပ်ာက္ဆုံးေနတာက ၾကာခဲ့ၿပီ။ မႏွစ္ကတုန္းနဲ႔ မတူေတာ့ဘူး။ ဗီလာပဲ အႏိုင္ရသြားမွာပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၃)

ခ်ဲလ္ဆီး-ဝက္စ္ဟမ္း

ေဒးဗစ္ မိုရက္စ္ရဲ႕ ဝက္စ္ဟမ္းက အေျခအေနနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ ျမင္ရေတြ႕ရတာမ်ားလာေလ ရာသီကုန္မွာ လမ္းခြဲေတာ့မယ္လို႔ ထင္ေနတာ ပိုၿပီးေသခ်ာလာေလပါ။ မိုရက္စ္က သူလုပ္ေပးခဲ့တာေတြအတြက္ လုံေလာက္တဲ့ ခ်ီးက်ဴးမႈ မရခဲ့ဘူးထင္တယ္။ ဒါေပမယ့္ ေနာက္ဆုံးလိဂ္ ၈ ပြဲမွာ ၁ ပြဲပဲအႏိုင္ရခဲ့တာက သူတို႔လက္ရွိေျခစြမ္းက မေကာင္းဘူးဆိုတာ ျပသေနတာပါ။ ခ်ဲလ္ဆီးအတြက္ေတာ့ ရက္သတၱပတ္တစ္ခုအတြင္းမွာ ဒုတိယေျမာက္လန္ဒန္ဒါဘီပြဲပါ။ အဆင့္ ၆ ေနရာအတြက္ တိုက္ပြဲဝင္ေနတဲ့ သူတို႔အတြက္ ပြဲႀကီးပြဲေကာင္းပါ။ ဒီပြဲက နည္းနည္းေတာ့ ၾကပ္မယ္ဆိုေပမယ့္ ခ်ဲလ္ဆီးက ကပ္ႏိုင္သြားမွာပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၁)

လီဗာပူးလ္-စပါး

လီဗာပူးလ္က ပုံစံေကာင္းမွာရွိမေနဘဲ ဆာလားနဲ႔ ကေလာ့ပ္တို႔ ရန္ျဖစ္ခဲ့ၾကလို႔ အေျခအေနက ပိုဆိုးခဲ့တယ္။ သူ ၿပီးခဲ့တဲ့အပတ္ ကြင္းေဘးစည္းမွာ ကေလာ့ပ္ကို ျပဳမူခဲ့တဲ့အျပဳအမူအတြက္ ေတာင္းပန္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဆာလားက အရမ္းေကာင္းတဲ့ကစားသမားပါ။ ဒါေပမယ့္ သူက လူစာရင္းထဲမွာ ရွိေနတဲ့ က်န္တဲ့ကစားသမားေတြနဲ႔ ဘာမွ မကြာျခားပါဘူး။ သူသာ ေကာင္းေကာင္း ေျခစြမ္းမျပႏိုင္ရင္ သူ ခ်န္လွပ္ခံရမွာ စိုးရိမ္မိပါတယ္။ စပါးရဲ႕ နည္းဗ်ဴဟာက ၿပီးခဲ့တဲ့အပတ္က အာဆင္နယ္နဲ႔ သင့္ေတာ္ခဲ့တယ္လို႔ ထင္ၿပီး သူတို႔ကို တန္ျပန္တိုက္စစ္မွာ ထိခိုက္ေအာင္ လုပ္ႏိုင္ခဲ့ၿပီး ဒီပြဲမွာလည္း အဲဒီဗ်ဴဟာပဲ သုံးမွာပါ။ လီဗာပူးလ္က ေဘာလုံးပ်က္သြားတာနဲ႔ ေတာ္ေတာ္ေလးကို ထိခိုက္လြယ္တယ္။ အဲဒီေတာ့ စပါးက လီဗာပူးလ္ကို ဒီတစ္ႀကိမ္မွာေတာ့ အေဝးကြင္းႏိုင္ပြဲရယူႏိုင္လိမ့္မယ္လို႔ ထင္တယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၃)

ပဲေလ့စ္-မန္ယူ

မန္ယူႏိုက္တက္ပရိသတ္ေတြက ကြၽန္ေတာ္က ဘယ္ေတာ့မွ သူတို႔အသင္းႏိုင္မယ္မေျပာလို႔ ျပႆနာရွာေနၾကတယ္။ ဒါေပမယ့္ ကြၽန္ေတာ္မွန္းတာက မမွားဘူးဆိုတာ ရလဒ္ေတြက သက္ေသျပခဲ့ပါတယ္။ အဲဒီေတာ့ သူတို႔ ႏိုင္ပြဲရမယ္လို႔ ကြၽန္ေတာ္ ေထာက္ခံဖို႔ ခဲယဥ္းေနဦးမွာပဲ။ ဒီပြဲမွာလည္း သူတို႔ေတြ သေရေလာက္ပဲ အျမင့္ဆုံးမွန္းလို႔ရႏိုင္လိမ့္မယ္။ စက္တင္ဘာတုန္းက အိုးထရက္ဖို႔ဒ္မွာေတာင္ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာေနာ္။ အဲဒီေတာ့ မန္ယူႏိုက္တက္ပရိသတ္ေတြ အရမ္းမခံစားရေအာင္ သေရလို႔ပဲ မွန္းလိုက္ပါတယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၁)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.