Premier League

ဘောလုံးသမိုင်းမှာ တန်ဖိုးအကြီးဆုံးပထမအသင်းကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်လာတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ၎င်းတို့ရဲ့ လက်ရှိ ပထမအသင်းလူစာရင်းဟာ ပေါင် ၁ ဘီလီယံတန်ကြေးရှိတယ်လို့ အတည်ပြု ပြောကြားခဲ့ပြီးနောက် ဘောလုံးသမိုင်းမှာ တန်ဖိုးအကြီးမားဆုံး ပထမအသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လက်ရှိ အသင်းပိုင်ရှင်လက်ထက်မှာ လူစာရင်းကို ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိ ကိုင်မြှောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးဟာ ရာသီနောက်ဆုံးပွဲစဉ်မှာ အံ့အားသင့်ဖွယ် အလှည့်အပြောင်းနဲ့အတူ ဖလားလုဘက် လီဗာပူးလ်ကို ၁ မှတ်အသာနဲ့ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာဟာ ယခုရာသီမှာတော့ အဲဒီလို အဖြစ်မျိုး ထပ်မဖြစ်အောင် အာလင်း ဟာလန်း၊ ကယ်လ်ဗင် ဖိလစ်ပ်စ်၊ အကန်းဂျိ၊ ဆာဂျီယို ဂိုးမက်ဇ်တို့ကို ပေါင် ၁၂၅ သန်းအထိ သုံးစွဲပြီး ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် မန်ချက်စတာစီးတီးအသင်းရဲ့ လူစာရင်းတန်ဖိုးဟာ ယခုနှစ်အတွက် မကြာသေးမီက ၎င်းတို့ရဲ့ ဘဏ္ဍာရေးအစီရင်ခံစာအရ ပေါင် ၁ ဘီလီယံကျော်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့လူစာရင်းဟာ ကစားသမားတွေရဲ့ လစာပမာဏက တစ်နှစ်ကို ပေါင် ၃၅၄ သန်းအထိ ကုန်ကျနေတာကြောင့် စုစုပေါင်း ပေါင် ၁.၀၇၆ ဘီလီယံကုန်ကျနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ငွေကြေးသုံးစွဲမှု အများအပြား လုပ်ဆောင်ခဲ့ပေမယ့်လည်း မန်စီးတီးဟာ အပြောင်းအရွှေ့ကနေ ပေါင် ၆၈ သန်း အမြတ်အစွန်းနဲ့ ဘဏ္ဍာရေးနှစ်ကို ကုန်ဆုံးနိုင်ခဲ့တာဖြစ်ပြီး ရာဟင်း စတားလင်း၊ ဂါဘရီယဲလ် ဂျေဆူးစ်၊ ဇင်ချန်ကိုတို့ကို ရောင်းထုတ်နိုင်ခဲ့သလို အကယ်ဒမီထွက် ဘဇာနူ၊ ဟွမ် လာရီယို့စ်၊ ရိုမီယို လာဗီယာ၊ ဆမ်မြူရယ် အီဒိုဇီတို့က ဆောက်သမ်တန်ကို ပြောင်းရွှေ့သွားခဲ့ကြတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ စုစုပေါင်း ဝင်ငွေ ပေါင် ၆၁၃ သန်းအထိ ရရှိခဲ့ပြီး စံချိန်တင် အမြတ်အစွန်း ပေါင် ၄၁. ၇ သန်း ရရှိခဲ့တာဖြစ်တာကြောင့် အရင်တုန်းက အသင်းရဲ့ စံချိန်တင်အမြတ်အစွန်းထက် ၂ ဆကျော် ပိုမို ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ စနေနေ့က ဖူလ်ဟမ်ကို ၂-၁ နဲ့ အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း တနင်္ဂနွေနေ့မှာ အာဆင်နယ်က ချဲလ်ဆီးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒုတိယနေရာကို ပြန်ဆင်းပေးခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းဟာ ၎တို႔ရဲ႕ လက္ရွိ ပထမအသင္းလူစာရင္းဟာ ေပါင္ ၁ ဘီလီယံတန္ေၾကးရွိတယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ၿပီးေနာက္ ေဘာလုံးသမိုင္းမွာ တန္ဖိုးအႀကီးမားဆုံး ပထမအသင္းျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ လက္ရွိ အသင္းပိုင္ရွင္လက္ထက္မွာ လူစာရင္းကို ႀကီးႀကီးမားမား ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္အထိ ကိုင္ေျမႇာက္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ မန္ခ်က္စတာစီးတီးဟာ ရာသီေနာက္ဆုံးပြဲစဥ္မွာ အံ့အားသင့္ဖြယ္ အလွည့္အေျပာင္းနဲ႔အတူ ဖလားလုဘက္ လီဗာပူးလ္ကို ၁ မွတ္အသာနဲ႔ ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာဟာ ယခုရာသီမွာေတာ့ အဲဒီလို အျဖစ္မ်ိဳး ထပ္မျဖစ္ေအာင္ အာလင္း ဟာလန္း၊ ကယ္လ္ဗင္ ဖိလစ္ပ္စ္၊ အကန္းဂ်ိ၊ ဆာဂ်ီယို ဂိုးမက္ဇ္တို႔ကို ေပါင္ ၁၂၅ သန္းအထိ သုံးစြဲၿပီး ေခၚယူထားခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူစာရင္းတန္ဖိုးဟာ ယခုႏွစ္အတြက္ မၾကာေသးမီက ၎တို႔ရဲ႕ ဘ႑ာေရးအစီရင္ခံစာအရ ေပါင္ ၁ ဘီလီယံေက်ာ္လြန္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ မန္ခ်က္စတာစီးတီးအသင္းရဲ႕လူစာရင္းဟာ ကစားသမားေတြရဲ႕ လစာပမာဏက တစ္ႏွစ္ကို ေပါင္ ၃၅၄ သန္းအထိ ကုန္က်ေနတာေၾကာင့္ စုစုေပါင္း ေပါင္ ၁.၀၇၆ ဘီလီယံကုန္က်ေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ေငြေၾကးသုံးစြဲမႈ အမ်ားအျပား လုပ္ေဆာင္ခဲ့ေပမယ့္လည္း မန္စီးတီးဟာ အေျပာင္းအေ႐ႊ႕ကေန ေပါင္ ၆၈ သန္း အျမတ္အစြန္းနဲ႔ ဘ႑ာေရးႏွစ္ကို ကုန္ဆုံးႏိုင္ခဲ့တာျဖစ္ၿပီး ရာဟင္း စတားလင္း၊ ဂါဘရီယဲလ္ ေဂ်ဆူးစ္၊ ဇင္ခ်န္ကိုတို႔ကို ေရာင္းထုတ္ႏိုင္ခဲ့သလို အကယ္ဒမီထြက္ ဘဇာႏူ၊ ဟြမ္ လာရီယို႔စ္၊ ႐ိုမီယို လာဗီယာ၊ ဆမ္ျမဴရယ္ အီဒိုဇီတို႔က ေဆာက္သမ္တန္ကို ေျပာင္းေ႐ႊ႕သြားခဲ့ၾကတာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ စုစုေပါင္း ဝင္ေငြ ေပါင္ ၆၁၃ သန္းအထိ ရရွိခဲ့ၿပီး စံခ်ိန္တင္ အျမတ္အစြန္း ေပါင္ ၄၁. ၇ သန္း ရရွိခဲ့တာျဖစ္တာေၾကာင့္ အရင္တုန္းက အသင္းရဲ႕ စံခ်ိန္တင္အျမတ္အစြန္းထက္ ၂ ဆေက်ာ္ ပိုမို ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ စေနေန႔က ဖူလ္ဟမ္ကို ၂-၁ နဲ႔ အႏိုင္ရရွိၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္လွမ္းႏိုင္ခဲ့ေပမယ့္လည္း တနဂၤေႏြေန႔မွာ အာဆင္နယ္က ခ်ဲလ္ဆီးကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ဒုတိယေနရာကို ျပန္ဆင္းေပးခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.