UCL&UEL

တကယ့်ခေါင်နဲ့မှ တည့်တည့်တိုးတဲ့ မန်ယူနဲ့ ယူရိုပါလိဂ် ရှုံးထွက်မဲခွဲရလဒ်များ

ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲမှုတွေ အပြီးမှာ ယူရိုပါလိဂ် ရှုံးထွက်အဆင့်အတွက် မဲခွဲရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အားလုံးမျှော်လင့်ထားတဲ့အတိုင်း ပွဲကြီးပွဲကောင်းတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ play-off ရှုံးထွက်အဆင့်မှာ ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ အုပ်စု E ရဲ့ ဒုတိယအဖြစ် နောက်တဆင့်တက်ခဲ့တာကြောင့် ချန်ပီယံလိဂ်က ပြုတ်လာတဲ့ ၈ သင်းထဲက တစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ မတက်နိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ကတ်တလန် ထိပ်သီးအသင်းကြီးဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲမှာ ပြန်လည်တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီပွဲစဉ်ဟာ ဘာစီလိုနာအသင်း အနိုင်ရရှိခဲ့တဲ့ ၂၀၀၉ နဲ့ ၂၀၁၁ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တကျော့ပြန် မြင်ယောင်စေမှာဖြစ်ပြီး ဥရောပပြိုင်ပွဲတွေမှာ ရုန်းကန်နေရတဲ့ ဇာဗီအတွက်ရော ခြေစွမ်းပိုင်းတည်ငြိမ်မှုရဖို့ ရုန်းကန်နေရတဲ့ တန်ဟက်အတွက်ပါ စိတ်ပျက်ဖွယ် မဲခွဲရလဒ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ချန်ပီယံလိဂ်အုပ်စုပြုတ်အသင်းကြီးတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်ကတော့ လိဂန်းအသင်းဖြစ်တဲ့ နွန့်စ်နဲ့ တွေ့ဆုံနေပြီး အိုင်းယက်စ်နဲ့ ယူနီယံ ဘာလင်၊ လေဗာကူဆင်နဲ့ မိုနာကို၊ ဆီဗီလာနဲ့ ပီအက်စ်ဗွီ၊ ဆာ့လ်ဇ်ဘတ်နဲ့ ရိုးမား၊ စပို့တင်း လစ္စဘွန်းနဲ့ မစ်ဂျေးလန်း၊ ရှက်တာဒိုးနတ်နဲ့ ရင်းနေးတို့ အတူတူ ကျရောက်နေတာဖြစ်ပါတယ်။ ယူရိုပါလိဂ်ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ရှုံးထွက်အဆင့် မဲခွဲရလဒ်များ

ဘာစီလိုနာ-မန်ချက်စတာယူနိုက်တက်

ဂျူဗင်တပ်-နွန့်စ်

စပို့တင်း လစ္စဘွန်း-မစ်ဂျေးလန်း

ရှက်တာဒိုးနတ်-ရင်းနေး

အိုင်းယက်စ်-ယူနီယံ ဘာလင်

လေဗာကူဆင်-မိုနာကို

ဆီဗီလာ-ပီအက်စ်ဗွီ

ဆာ့လ်ဇ်ဘတ်-ရိုးမား

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ မဲခြဲမႈေတြ အၿပီးမွာ ယူ႐ိုပါလိဂ္ ရႈံးထြက္အဆင့္အတြက္ မဲခြဲရလဒ္ေတြ ထြက္ေပၚလာခဲ့ၿပီျဖစ္ၿပီး အားလုံးေမွ်ာ္လင့္ထားတဲ့အတိုင္း ပြဲႀကီးပြဲေကာင္းေတြကို ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ play-off ရႈံးထြက္အဆင့္မွာ ဘာစီလိုနာအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းဟာ အုပ္စု E ရဲ႕ ဒုတိယအျဖစ္ ေနာက္တဆင့္တက္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္က ျပဳတ္လာတဲ့ ၈ သင္းထဲက တစ္သင္းနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ဒုတိယအႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန မတက္ႏိုင္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကတ္တလန္ ထိပ္သီးအသင္းႀကီးဟာ ၂၀၁၉ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဥေရာပၿပိဳင္ပြဲမွာ ျပန္လည္ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီပြဲစဥ္ဟာ ဘာစီလိုနာအသင္း အႏိုင္ရရွိခဲ့တဲ့ ၂၀၀၉ နဲ႔ ၂၀၁၁ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တေက်ာ့ျပန္ ျမင္ေယာင္ေစမွာျဖစ္ၿပီး ဥေရာပၿပိဳင္ပြဲေတြမွာ ႐ုန္းကန္ေနရတဲ့ ဇာဗီအတြက္ေရာ ေျခစြမ္းပိုင္းတည္ၿငိမ္မႈရဖို႔ ႐ုန္းကန္ေနရတဲ့ တန္ဟက္အတြက္ပါ စိတ္ပ်က္ဖြယ္ မဲခြဲရလဒ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ခ်န္ပီယံလိဂ္အုပ္စုျပဳတ္အသင္းႀကီးတစ္သင္းျဖစ္တဲ့ ဂ်ဴဗင္တပ္ကေတာ့ လိဂန္းအသင္းျဖစ္တဲ့ ႏြန႔္စ္နဲ႔ ေတြ႕ဆုံေနၿပီး အိုင္းယက္စ္နဲ႔ ယူနီယံ ဘာလင္၊ ေလဗာကူဆင္နဲ႔ မိုနာကို၊ ဆီဗီလာနဲ႔ ပီအက္စ္ဗြီ၊ ဆာ့လ္ဇ္ဘတ္နဲ႔ ႐ိုးမား၊ စပို႔တင္း လစၥဘြန္းနဲ႔ မစ္ေဂ်းလန္း၊ ရွက္တာဒိုးနတ္နဲ႔ ရင္းေနးတို႔ အတူတူ က်ေရာက္ေနတာျဖစ္ပါတယ္။ ယူ႐ိုပါလိဂ္ရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္ေတြကို ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ပြဲစဥ္ေတြကိုေတာ့ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔မွာ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ ရႈံးထြက္အဆင့္ မဲခြဲရလဒ္မ်ား

ဘာစီလိုနာ-မန္ခ်က္စတာယူႏိုက္တက္

ဂ်ဴဗင္တပ္-ႏြန႔္စ္

စပို႔တင္း လစၥဘြန္း-မစ္ေဂ်းလန္း

ရွက္တာဒိုးနတ္-ရင္းေနး

အိုင္းယက္စ္-ယူနီယံ ဘာလင္

ေလဗာကူဆင္-မိုနာကို

ဆီဗီလာ-ပီအက္စ္ဗြီ

ဆာ့လ္ဇ္ဘတ္-႐ိုးမား

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.