UCL&UEL

လီဗာပူးလ် ကံဆိုးပြီး ချဲလ်ဆီးမချောင်တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲရလဒ်

ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်အတွက် မဲခွဲပွဲကို ယနေ့ညနေမှာ ယူအီးအက်ဖ်အေဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိ ဥရောပချန်ပီယံတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာ တည့်တည့်တိုးခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဗိုလ်လုပွဲမှာ လာလီဂါထိပ်သီးအသင်းကြီးက မာဆေးဆိုဒ်အသင်းကို အနိုင်ယူပြီး ၁၄ ကြိမ်မြောက် ဥရောပဖလားကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အုပ်စုအဆင့်မှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး အုပ်စု F ရဲ့ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်နိုင်ခဲ့ပေမယ့် လီဗာပူးလ်ကတော့ Head to Head မှတ်တမ်းအရ နာပိုလီရဲ့နောက် အုပ်စုဒုတိယအဖြစ်သာ နောက်တစ်ဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ကြီးမားတဲ့ တွေ့ဆုံမှုကြီးကတော့ လိဂန်းချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံနေတာဖြစ်ပြီး ဒီ ၂ သင်းစလုံးဟာ အုပ်စုအဆင့်မှာ ရှုံးပွဲမရှိဘဲ နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့အသင်းတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ ဘင်ဖီကာအသင်းက မက္ကာဘီ ဟိုင်ဖာကို အဝေးကွင်းမှာ ၆ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စု H ရဲ့ အုပ်စု ဒုတိယအဖြစ်နဲ့သာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးနဲ့ အတူတူ ကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းက ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်နဲ့ တွေ့ဆုံခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းက အေစီမီလန်၊ ချဲလ်ဆီးက ဘွန်ဒက်စ်လီဂါ ထိပ်သီးအသင်းကြီးဖြစ်တဲ့ ဒေါ့မွန်နဲ့ တွေ့ဆုံသွားရမှာဖြစ်ပါတယ်။ ဖရန့်ဖွတ်နဲ့ နာပိုလီ၊ ကလပ် ဘရုဂျ်နဲ့ ဘင်ဖီကာ၊ အင်တာမီလန်နဲ့ ပေါ်တိုတို့ကလည်း ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံခဲ့ကြပြီး ၁၆ သင်းရှုံးထွက်ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၄-၁၅နဲ့ ၂၁-၂၂ ရက်နေ့တွေမှာ ပထမအကျော့ပွဲစဉ်အဖြစ် ကျင်းပသွားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ မတ်လ ၇-၈၊ ၁၄-၁၅ ရက်တွေမှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲရလဒ်များ

လိုက်ပ်ဇစ်-မန်ချက်စတာစီးတီး

ကလပ် ဘရုဂျ်-ဘင်ဖီကာ

လီဗာပူးလ်-ရီးရဲလ်မက်ဒရစ်

အေစီမီလန်-စပါးစ်

ဖရန့်ဖွတ်-နာပိုလီ

ဒေါ့မွန်-ချဲလ်ဆီး

အင်တာမီလန်-ပေါ်တို

ပီအက်စ်ဂျီ-ဘိုင်ယန်မြူးနစ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္အတြက္ မဲခြဲပြဲကို ယေန႔ညေနမွာ ယူအီးအက္ဖ္ေအဌာနခ်ဳပ္မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ လက္ရွိ ဥေရာပခ်န္ပီယံေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ၁၆ သင္းရႈံးထြက္အဆင့္မွာ တည့္တည့္တိုးခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက ဗိုလ္လုပြဲမွာ လာလီဂါထိပ္သီးအသင္းႀကီးက မာေဆးဆိုဒ္အသင္းကို အႏိုင္ယူၿပီး ၁၄ ႀကိမ္ေျမာက္ ဥေရာပဖလားကို ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အုပ္စုအဆင့္မွာ တစ္ပြဲသာ ရႈံးနိမ့္ခဲ့ၿပီး အုပ္စု F ရဲ႕ အုပ္စုဗိုလ္အျဖစ္ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ေပမယ့္ လီဗာပူးလ္ကေတာ့ Head to Head မွတ္တမ္းအရ နာပိုလီရဲ႕ေနာက္ အုပ္စုဒုတိယအျဖစ္သာ ေနာက္တစ္ဆင့္ တက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ႀကီးမားတဲ့ ေတြ႕ဆုံမႈႀကီးကေတာ့ လိဂန္းခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ေတြ႕ဆုံေနတာျဖစ္ၿပီး ဒီ ၂ သင္းစလုံးဟာ အုပ္စုအဆင့္မွာ ရႈံးပြဲမရွိဘဲ ေနာက္တစ္ဆင့္ တက္ႏိုင္ခဲ့တဲ့အသင္းေတြ ျဖစ္ပါတယ္။

ဒါေပမယ့္ ပီအက္စ္ဂ်ီအသင္းဟာ ဘင္ဖီကာအသင္းက မကၠာဘီ ဟိုင္ဖာကို အေဝးကြင္းမွာ ၆ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ အုပ္စု H ရဲ႕ အုပ္စု ဒုတိယအျဖစ္နဲ႔သာ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာေၾကာင့္ ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးနဲ႔ အတူတူ က်ေရာက္ခဲ့ရတာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းက ဘြန္ဒက္စ္လီဂါကလပ္ လိုက္ပ္ဇစ္နဲ႔ ေတြ႕ဆုံခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ေအစီမီလန္၊ ခ်ဲလ္ဆီးက ဘြန္ဒက္စ္လီဂါ ထိပ္သီးအသင္းႀကီးျဖစ္တဲ့ ေဒါ့မြန္နဲ႔ ေတြ႕ဆုံသြားရမွာျဖစ္ပါတယ္။ ဖရန႔္ဖြတ္နဲ႔ နာပိုလီ၊ ကလပ္ ဘ႐ုဂ်္နဲ႔ ဘင္ဖီကာ၊ အင္တာမီလန္နဲ႔ ေပၚတိုတို႔ကလည္း ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ေတြ႕ဆုံခဲ့ၾကၿပီး ၁၆ သင္းရႈံးထြက္ပြဲစဥ္ေတြကို ေဖေဖာ္ဝါရီ ၁၄-၁၅နဲ႔ ၂၁-၂၂ ရက္ေန႔ေတြမွာ ပထမအေက်ာ့ပြဲစဥ္အျဖစ္ က်င္းပသြားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ပြဲစဥ္ေတြကိုေတာ့ မတ္လ ၇-၈၊ ၁၄-၁၅ ရက္ေတြမွာ က်င္းပသြားဖို႔ စီစဥ္ထားပါတယ္။

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ မဲခြဲရလဒ္မ်ား

လိုက္ပ္ဇစ္-မန္ခ်က္စတာစီးတီး

ကလပ္ ဘ႐ုဂ်္-ဘင္ဖီကာ

လီဗာပူးလ္-ရီးရဲလ္မက္ဒရစ္

ေအစီမီလန္-စပါးစ္

ဖရန႔္ဖြတ္-နာပိုလီ

ေဒါ့မြန္-ခ်ဲလ္ဆီး

အင္တာမီလန္-ေပၚတို

ပီအက္စ္ဂ်ီ-ဘိုင္ယန္ျမဴးနစ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.