Ligue1 UCL&UEL

မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ကို ဘယ်နည်းပြမှ တွဲမပေးတတ်ဘူးလို့ ဝေဖန်ခံခဲ့ရ

ပီအက်စ်ဂျီအသင်းအနေနဲ့ နည်းစနစ်ပိုင်းအတွက် တိကျသေချာတဲ့ ပလန်မရှိဘဲ အကောင်းတကာ့ အကောင်းဆုံးတွေကို ရွေးချယ်ခေါ်ယူခြင်းရဲ့ ဒဏ်ကို ရင်ဆိုင်နေရပြီဖြစ်ပြီး တိုက်စစ်ပိုင်းမှာ လီယွန်နယ် မက်ဆီ၊ နေမာနဲ့ ခီလီယန် အမ်ဘာပေတို့ သုံးဦးကို အံဝင်ခွင်ကျဖြစ်အောင် တွဲစပ်မပေးနိုင်ဘဲ ဖြစ်နေခဲ့ရသလို လိုအပ်တဲ့ ရလဒ်ကောင်းတွေကိုလည်း ဆုံးရှုံးနေခဲ့ရတာဖြစ်ပါတယ်။

အာဂျင်တီးနားသား၊ ဘရာဇီးလ်သားနဲ့ ပြင်သစ်သားတို့ သုံးဦးအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ရလဒ်ကောင်းတွေနဲ့ လွဲချော်ခဲ့ချိန်တိုင်း တစ်ဦးမဟုတ် တစ်ဦးကတော့ အလှည့်ကျ အပြစ်တင်ခံခဲ့ကြရပြီး တကယ်တမ်းမှာတော့ သူတို့ကို ဘယ်နည်းပြမှ တွဲဖက်ပေးနိုင်ခြင်းနဲ့ အကောင်းဆုံး ပုံစံကို ရှာဖွေနိုင်ခြင်း မရှိဘူးလို့ ဝေဖန်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

နည်းပြ ခရစ္စတို့ဖ် ဂယ်လ်တီယေးအနေနဲ့ ပြင်သစ်လိဂန်မှာ ဝါရင့်တစ်ဦးအဖြစ် ကျော်ဖြတ်ခဲ့ပေမယ့် ဥရောပနဲ့ ကမ္ဘာ့အဆင့်မှာ သာမန်အဆင့် နည်းပြတစ်ဦးသာဖြစ်ချိန်မှာ သူတို့သုံးဦးကို ပေါင်းစပ်ပေးနိုင်ဖို့ကတော့ MNM ဆိုတဲ့ စကားလုံးသုံးလုံးကလွဲလို့ အဆင်မပြေခဲ့ဘဲ ရလဒ်ကောင်းတွေနဲ့ သွင်းဂိုးတွေကို မြင်ခဲ့ရပေမယ့် အစေးကပ်မှုတော့ နည်းခဲ့တာပါ။

မက်ဆီအနေနဲ့ တိုက်စစ်ပိုင်းမှာ နံပါတ် ၉ တစ်ယောက်လို ကစားဖို့ကလွဲလို့ တွဲဖက်တိုက်စစ်မှူးအဖြစ် ကစားကစား၊ နောက်ချန်တိုက်စစ်မှူးနေရာက ကစားကစား အလုပ်ဖြစ်နိုင်ပေမယ့် အမ်ဘာပေရော နေမာကပါ နံပါတ် ၉ အဖြစ် မကစားနိုင်သလို နေမာကမှ နံပါတ် ၁၀ နေရာကို ဝင်နိုင်သေးချိန်မှာ အမ်ဘာပေက ဘယ်ခြမ်းအားသန်တဲ့ မြန်နှုန်းမြင့် စတိုင်နဲ့ တိုက်စစ်မှူးဖြစ်နေခဲ့ပါတယ်။

အဓိကအားဖြင့်တော့ နေမာနဲ့ အမ်ဘာပေတို့နှစ်ဦးမှာ တစ်ဦးကိုပဲ ပွဲထွက်စာရင်းမှာ ထိန်းသိမ်းထားမှ အလုပ်ဖြစ်ဖွယ်ရှိနေပြီး လက်ရှိ ပီအက်စ်ဂျီတို့ရဲ့ အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး ရွေးချယ်မှုက အရပ်အမောင်းမြင့်မားတဲ့ လူငယ်တိုက်စစ်မှူး အီကီတီကီကို အထောင်ထားပြီး အမ်ဘာပေနဲ့ မက်ဆီတို့က ဘယ်ညာကနေ လိုက်ကစားဖို့ပဲ ဖြစ်နေတာပါ။

မူလအတိုင်း ကစားပုံဖြစ်တဲ့ အမ်ဘာပေနဲ့ နေမာတို့ကို တွဲပြီး မက်ဆီက နောက်က လိုက်ကစားတဲ့ ပုံစံ၊ ဒါမှ မဟုတ် အမ်ဘာပေကို အထောင်မှာ ထားပြီး နေမာနဲ့ မက်ဆီက ဘယ်ညာရံ ကစားတဲ့ ပုံစံတွေက အလုပ်မဖြစ်ဘဲ နေမာနဲ့ အမ်ဘာပေတို့ ဘယ်ခြမ်းမှာ တစ်ယောက်ကို တစ်ယောက် ရှောင်နေရသလို ညာခြမ်းက မက်ဆီအနေနဲ့ အတွင်းကိုပါ ဝင်ရောက်ချိတ်ဆက်နေခဲ့ရလို့ ပိတ်ဆို့ခံရမှုတွေ များလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်မှာ အဝေးကွင်းလာကစားတဲ့ ဧည့်သည် ရင်းမ်စ်အသင်းအနေနဲ့ ကွင်းလယ်မှာ ၆ ယောက်အထိကစားပြီး ၃-၆-၁ ပုံစံနဲ့ ပါရီသားတွေကို ပိတ်ဆို့သွားခဲ့ချိန်မှာ ပထမပိုင်းမှာဆိုရင် MNM တိုက်စစ်အနေနဲ့ ဂိုးသွင်းခွင့်တောင် သိပ်မရဘဲ ရုန်းကန်ခဲ့ကြရပြီး ဒုတိယပိုင်းရောက်မှ မက်ဆီရဲ့ ကန်ချက် လူထိထွက်တာကနေ နေမာက သွင်းယူနိုင်ခဲ့တာပါ။

ပြင်သစ်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဒါနီယယ်လ် ရီယိုလိုကတော့ ပီအက်စ်ဂျီတို့ရဲ့ လူခေါ်ပုံနဲ့ နည်းစနစ်ပိုင်း အတွေးအခေါ် ကင်းမဲ့ပုံကို ရင်မ်းစ်နဲ့ သရေပွဲအပြီးမှာ ဝေဖန်လိုက်ပြီး မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ကို တိုက်စစ်သုံးယောက်အဖြစ် တွဲပေးဖို့ ဒီကမ္ဘာမှာ ဘယ်နည်းပြမှ တတ်နိုင်မှာ မဟုတ်ဘူးလို့လည်း မှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။

လိဂန်ပြိုင်ပွဲရဲ့ ထိပ်ဆုံးမှာ သက်တောင့်သက်သာ ရပ်တည်နေခဲ့တဲ့ ပီအက်စ်ဂျီတို့အတွက် ဒီရာသီမှာ ဂိုးသွင်းဘုရင် အမ်ဘာပေက ၂၅ ဂိုးသွင်း ၆ ဂိုးဖန်တီး၊ နေမာက ၁၇ ဂိုးသွင်း ၁၅ ဂိုးဖန်တီးနိုင်ခဲ့ပြီး မက်ဆီက ၁၃ ဂိုးသွင်း ၁၄ ဂိုး ဖန်တီးထားခဲ့ပေမယ့် ပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေရဲ့ သံသယတွေနဲ့တော့ ရင်ဆိုင်နေခဲ့ရပြီး လက်ရှိပုံစံနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဘိုင်ယန်မြူးနစ်တို့ကို ကျော်ဖြတ်နိုင်ပါ့မလားလို့လည်း မေးခွန်းထုတ်ခံထားရကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ နည္းစနစ္ပိုင္းအတြက္ တိက်ေသခ်ာတဲ့ ပလန္မရွိဘဲ အေကာင္းတကာ့ အေကာင္းဆုံးေတြကို ေ႐ြးခ်ယ္ေခၚယူျခင္းရဲ႕ ဒဏ္ကို ရင္ဆိုင္ေနရၿပီျဖစ္ၿပီး တိုက္စစ္ပိုင္းမွာ လီယြန္နယ္ မက္ဆီ၊ ေနမာနဲ႔ ခီလီယန္ အမ္ဘာေပတို႔ သုံးဦးကို အံဝင္ခြင္က်ျဖစ္ေအာင္ တြဲစပ္မေပးႏိုင္ဘဲ ျဖစ္ေနခဲ့ရသလို လိုအပ္တဲ့ ရလဒ္ေကာင္းေတြကိုလည္း ဆုံးရႈံးေနခဲ့ရတာျဖစ္ပါတယ္။

အာဂ်င္တီးနားသား၊ ဘရာဇီးလ္သားနဲ႔ ျပင္သစ္သားတို႔ သုံးဦးအေနနဲ႔ ပီအက္စ္ဂ်ီအသင္းရဲ႕ ရလဒ္ေကာင္းေတြနဲ႔ လြဲေခ်ာ္ခဲ့ခ်ိန္တိုင္း တစ္ဦးမဟုတ္ တစ္ဦးကေတာ့ အလွည့္က် အျပစ္တင္ခံခဲ့ၾကရၿပီး တကယ္တမ္းမွာေတာ့ သူတို႔ကို ဘယ္နည္းျပမွ တြဲဖက္ေပးႏိုင္ျခင္းနဲ႔ အေကာင္းဆုံး ပုံစံကို ရွာေဖြႏိုင္ျခင္း မရွိဘူးလို႔ ေဝဖန္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

နည္းျပ ခရစၥတို႔ဖ္ ဂယ္လ္တီေယးအေနနဲ႔ ျပင္သစ္လိဂန္မွာ ဝါရင့္တစ္ဦးအျဖစ္ ေက်ာ္ျဖတ္ခဲ့ေပမယ့္ ဥေရာပနဲ႔ ကမာၻ႔အဆင့္မွာ သာမန္အဆင့္ နည္းျပတစ္ဦးသာျဖစ္ခ်ိန္မွာ သူတို႔သုံးဦးကို ေပါင္းစပ္ေပးႏိုင္ဖို႔ကေတာ့ MNM ဆိုတဲ့ စကားလုံးသုံးလုံးကလြဲလို႔ အဆင္မေျပခဲ့ဘဲ ရလဒ္ေကာင္းေတြနဲ႔ သြင္းဂိုးေတြကို ျမင္ခဲ့ရေပမယ့္ အေစးကပ္မႈေတာ့ နည္းခဲ့တာပါ။

မက္ဆီအေနနဲ႔ တိုက္စစ္ပိုင္းမွာ နံပါတ္ ၉ တစ္ေယာက္လို ကစားဖို႔ကလြဲလို႔ တြဲဖက္တိုက္စစ္မႉးအျဖစ္ ကစားကစား၊ ေနာက္ခ်န္တိုက္စစ္မႉးေနရာက ကစားကစား အလုပ္ျဖစ္ႏိုင္ေပမယ့္ အမ္ဘာေပေရာ ေနမာကပါ နံပါတ္ ၉ အျဖစ္ မကစားႏိုင္သလို ေနမာကမွ နံပါတ္ ၁၀ ေနရာကို ဝင္ႏိုင္ေသးခ်ိန္မွာ အမ္ဘာေပက ဘယ္ျခမ္းအားသန္တဲ့ ျမန္ႏႈန္းျမင့္ စတိုင္နဲ႔ တိုက္စစ္မႉးျဖစ္ေနခဲ့ပါတယ္။

အဓိကအားျဖင့္ေတာ့ ေနမာနဲ႔ အမ္ဘာေပတို႔ႏွစ္ဦးမွာ တစ္ဦးကိုပဲ ပြဲထြက္စာရင္းမွာ ထိန္းသိမ္းထားမွ အလုပ္ျဖစ္ဖြယ္ရွိေနၿပီး လက္ရွိ ပီအက္စ္ဂ်ီတို႔ရဲ႕ အျဖစ္ႏိုင္ဆုံးနဲ႔ အေကာင္းဆုံး ေ႐ြးခ်ယ္မႈက အရပ္အေမာင္းျမင့္မားတဲ့ လူငယ္တိုက္စစ္မႉး အီကီတီကီကို အေထာင္ထားၿပီး အမ္ဘာေပနဲ႔ မက္ဆီတို႔က ဘယ္ညာကေန လိုက္ကစားဖို႔ပဲ ျဖစ္ေနတာပါ။

မူလအတိုင္း ကစားပုံျဖစ္တဲ့ အမ္ဘာေပနဲ႔ ေနမာတို႔ကို တြဲၿပီး မက္ဆီက ေနာက္က လိုက္ကစားတဲ့ ပုံစံ၊ ဒါမွ မဟုတ္ အမ္ဘာေပကို အေထာင္မွာ ထားၿပီး ေနမာနဲ႔ မက္ဆီက ဘယ္ညာရံ ကစားတဲ့ ပုံစံေတြက အလုပ္မျဖစ္ဘဲ ေနမာနဲ႔ အမ္ဘာေပတို႔ ဘယ္ျခမ္းမွာ တစ္ေယာက္ကို တစ္ေယာက္ ေရွာင္ေနရသလို ညာျခမ္းက မက္ဆီအေနနဲ႔ အတြင္းကိုပါ ဝင္ေရာက္ခ်ိတ္ဆက္ေနခဲ့ရလို႔ ပိတ္ဆို႔ခံရမႈေတြ မ်ားလာခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ပြဲစဥ္မွာ အေဝးကြင္းလာကစားတဲ့ ဧည့္သည္ ရင္းမ္စ္အသင္းအေနနဲ႔ ကြင္းလယ္မွာ ၆ ေယာက္အထိကစားၿပီး ၃-၆-၁ ပုံစံနဲ႔ ပါရီသားေတြကို ပိတ္ဆို႔သြားခဲ့ခ်ိန္မွာ ပထမပိုင္းမွာဆိုရင္ MNM တိုက္စစ္အေနနဲ႔ ဂိုးသြင္းခြင့္ေတာင္ သိပ္မရဘဲ ႐ုန္းကန္ခဲ့ၾကရၿပီး ဒုတိယပိုင္းေရာက္မွ မက္ဆီရဲ႕ ကန္ခ်က္ လူထိထြက္တာကေန ေနမာက သြင္းယူႏိုင္ခဲ့တာပါ။

ျပင္သစ္ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဒါနီယယ္လ္ ရီယိုလိုကေတာ့ ပီအက္စ္ဂ်ီတို႔ရဲ႕ လူေခၚပုံနဲ႔ နည္းစနစ္ပိုင္း အေတြးအေခၚ ကင္းမဲ့ပုံကို ရင္မ္းစ္နဲ႔ သေရပြဲအၿပီးမွာ ေဝဖန္လိုက္ၿပီး မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ကို တိုက္စစ္သုံးေယာက္အျဖစ္ တြဲေပးဖို႔ ဒီကမာၻမွာ ဘယ္နည္းျပမွ တတ္ႏိုင္မွာ မဟုတ္ဘူးလို႔လည္း မွတ္ခ်က္ေပးလိုက္တာျဖစ္ပါတယ္။

လိဂန္ၿပိဳင္ပြဲရဲ႕ ထိပ္ဆုံးမွာ သက္ေတာင့္သက္သာ ရပ္တည္ေနခဲ့တဲ့ ပီအက္စ္ဂ်ီတို႔အတြက္ ဒီရာသီမွာ ဂိုးသြင္းဘုရင္ အမ္ဘာေပက ၂၅ ဂိုးသြင္း ၆ ဂိုးဖန္တီး၊ ေနမာက ၁၇ ဂိုးသြင္း ၁၅ ဂိုးဖန္တီးႏိုင္ခဲ့ၿပီး မက္ဆီက ၁၃ ဂိုးသြင္း ၁၄ ဂိုး ဖန္တီးထားခဲ့ေပမယ့္ ပရိသတ္ေတြနဲ႔ ကြၽမ္းက်င္သူေတြရဲ႕ သံသယေတြနဲ႔ေတာ့ ရင္ဆိုင္ေနခဲ့ရၿပီး လက္ရွိပုံစံနဲ႔ ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္မွာ ဘိုင္ယန္ျမဴးနစ္တို႔ကို ေက်ာ္ျဖတ္ႏိုင္ပါ့မလားလို႔လည္း ေမးခြန္းထုတ္ခံထားရေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.