Match Report UCL&UEL

လေဗာကူဆင်ကို အံ့အားသင့်ဖွယ်အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားကို စံချိန်သစ်တွေနဲ့ ဆွတ်ခူးခဲ့တဲ့ အတ္တလန္တာ

လေဗာကူဆင်ရဲ့ ၅၁ ပွဲရှုံးပွဲမရှိစံချိန်ဟာ ဗုဒ္ဓဟူးနေ့ညက ဒပ်ဘလင်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အတ္တလန္တာကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အဆုံးသတ်သွားခဲ့ရပြီဖြစ်ပါတယ်။

ဇာဘီ အလွန်ဆိုရဲ့အသင်းဟာ အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့တဲ့ အဒီမိုနာ လွတ်ခ်မန်းရဲ့ ၁၂ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး နောက်ထပ် ၁၄ မိနစ်အကြာမှာ အံ့အားသင့်ဖွယ် ဝိုက်ကန်ချက်နဲ့ နိုင်ဂျီးရီးယားတောင်ပံကစားသမားက နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့တာဖြစ်ပါတယ်။

လွတ်ခ်မန်းဟာ သူ့ရဲ့ ဟက်ထရစ်သွင်းဂိုးကို တန်ပြန်တိုက်စစ်ကနေတဆင့် စက္ကာမက္ကာ ကွင်းလယ်ကနေ ဆွဲပြေးလာပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို ရယူပြီး တက်ဘ်ဆိုဘာ ပိတ်ဆို့ထားတာကို ရှောင်ထွက်ပြီးနောက် ဘယ်ခြေနဲ့ ဂိုးအပေါ်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ဘွန်ဒက်စ်လီဂါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် လေဗာကူဆင်ဟာ ဒီရာသီမှာ ရှုံးပွဲလုံးဝမရှိဘဲ ဖလား ၃ လုံး တပြိုင်နက် ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပေမယ့်လည်း ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အတ္တလန္တာကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး စံချိန်လည်း ကျိုးပျက်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့် စနေနေ့ ကိုင်ဆာလောက်တန်နဲ့ ကစားသွားမယ့် ပိုကယ်ဖလားပွဲစဉ်မှာတော့ နောက်ထပ် ဖလားတစ်လုံး ရရှိနိုင်မယ့် အခွင့်အရေးတော့ ရှိနေသေးပြီး အတ္တလန္တာနည်းပြ ဂျန်ပီယဲရို ဂက်စ်ပါရီနီဟာ ရှည်လျားတဲ့ နည်းပြဘဝသက်တမ်းတလျှောက် ပထမဆုံးဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အတ္တလန္တာအသင်းဟာ အသင်းသက်တမ်း ၁၁၆ နှစ်အတွင်း ဒုတိယမြောက် ဖလားကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆ ခုကျော်တုန်းက ကိုပါအီတာလီယာဖလားကို နောက်ဆုံး ရရှိခဲ့တာဖြစ်ပါတယ်။

ဟက်ထရစ်သွင်းဂိုးရှင်ဖြစ်တဲ့ အဒီမိုနာ လွတ်ခ်မန်းကလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲ တစ်ပွဲတည်းမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမားဖြစ်လာခဲ့​ပြီဖြစ်ပြီး ဥရောပအဓိကပြိုင်ပွဲဗိုလ်လုပွဲမှာ ၂ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော အာဖရိကကစားသမားလည်း ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေလဗာကူဆင္ရဲ႕ ၅၁ ပြဲရႈံးပြဲမရွိစံခ်ိန္ဟာ ဗုဒၶဟူးေန႔ညက ဒပ္ဘလင္မွာ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ အတၱလႏၲာကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အဆုံးသတ္သြားခဲ့ရၿပီျဖစ္ပါတယ္။

ဇာဘီ အလြန္ဆိုရဲ႕အသင္းဟာ အလြန္ေကာင္းမြန္တဲ့ ရာသီကို ပိုင္ဆိုင္ခဲ့တဲ့ အဒီမိုနာ လြတ္ခ္မန္းရဲ႕ ၁၂ မိနစ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး ေနာက္ထပ္ ၁၄ မိနစ္အၾကာမွာ အံ့အားသင့္ဖြယ္ ဝိုက္ကန္ခ်က္နဲ႔ ႏိုင္ဂ်ီးရီးယားေတာင္ပံကစားသမားက ေနာက္ထပ္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူခဲ့တာျဖစ္ပါတယ္။

လြတ္ခ္မန္းဟာ သူ႔ရဲ႕ ဟက္ထရစ္သြင္းဂိုးကို တန္ျပန္တိုက္စစ္ကေနတဆင့္ စကၠာမကၠာ ကြင္းလယ္ကေန ဆြဲေျပးလာၿပီး ေပးပို႔လိုက္တဲ့ ေဘာလုံးကို ရယူၿပီး တက္ဘ္ဆိုဘာ ပိတ္ဆို႔ထားတာကို ေရွာင္ထြက္ၿပီးေနာက္ ဘယ္ေျခနဲ႔ ဂိုးအေပၚေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပထမဆုံး ဘြန္ဒက္စ္လီဂါဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ ေလဗာကူဆင္ဟာ ဒီရာသီမွာ ရႈံးပြဲလုံးဝမရွိဘဲ ဖလား ၃ လုံး တၿပိဳင္နက္ ဆြတ္ခူးႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ေပမယ့္လည္း ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ အတၱလႏၲာကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ၿပီး စံခ်ိန္လည္း က်ိဳးပ်က္ခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လာမယ့္ စေနေန႔ ကိုင္ဆာေလာက္တန္နဲ႔ ကစားသြားမယ့္ ပိုကယ္ဖလားပြဲစဥ္မွာေတာ့ ေနာက္ထပ္ ဖလားတစ္လုံး ရရွိႏိုင္မယ့္ အခြင့္အေရးေတာ့ ရွိေနေသးၿပီး အတၱလႏၲာနည္းျပ ဂ်န္ပီယဲ႐ို ဂက္စ္ပါရီနီဟာ ရွည္လ်ားတဲ့ နည္းျပဘဝသက္တမ္းတေလွ်ာက္ ပထမဆုံးဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ အတၱလႏၲာအသင္းဟာ အသင္းသက္တမ္း ၁၁၆ ႏွစ္အတြင္း ဒုတိယေျမာက္ ဖလားကို ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ၿပီး လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ၆ ခုေက်ာ္တုန္းက ကိုပါအီတာလီယာဖလားကို ေနာက္ဆုံး ရရွိခဲ့တာျဖစ္ပါတယ္။

ဟက္ထရစ္သြင္းဂိုးရွင္ျဖစ္တဲ့ အဒီမိုနာ လြတ္ခ္မန္းကလည္း ယူ႐ိုပါလိဂ္ဗိုလ္လုပြဲ တစ္ပြဲတည္းမွာ ၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးေသာ ကစားသမားျဖစ္လာခဲ့​ၿပီျဖစ္ၿပီး ဥေရာပအဓိကၿပိဳင္ပြဲဗိုလ္လုပြဲမွာ ၂ ဂိုးနဲ႔အထက္ သြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးေသာ အာဖရိကကစားသမားလည္း ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.