Match Report UCL&UEL

မာဆေးလ်ကို ဂိုးပြတ်အနိုင်ယူပြီး ပထမဆုံးသော ဥရောပဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ အတ္တလန္တာ

အတ္တလန္တာဟာ ကြာသပတေးနေ့ညက ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာ မာဆေးလ်ကို ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၄-၁ နဲ့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။

စီးရီးအေကလပ်အသင်းဟာ ချားလ်စ် ဒီ ကတ်တလီယာရဲ့ ကန်ချက် ဂိုးတိုင်ထိမှန်ခဲ့ပြီး မိနစ် ၃၀ မှာ လွတ်ခ်မန်းက ကတ်တလီယာရဲ့ ပေးပို့မှုကနေတဆင့် ဂိုးညာဘက်အောက်ထောင့်ထဲကို မာဆေးလ်နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားက ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မက်တီအို ရပ်ဂီရီက အတ္တလန္တာအတွက် နောက်ထပ် ဦးဆောင်ဂိုးကို ဒုတိယပိုင်း ပြန်အစမှာ ဂိုးအပေါ်ထောင့်ထဲကို ညာခြေနဲ့ အပြင်းကန်သွင်းယူပြီး သွင်းယူပေးသွားခဲ့တာပါ။

လူစားဝင်ကစားသမား အယ်လ်ဘိုင်လယ် တိုရေးက နာကျင်အချိန်ပိုမှာ အတ္တလန္တာရဲ့ နိုင်ပွဲကို ပိုမိုချိုမြိန်စေမယ့် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြီး ဂက်စ်ပါရီနီရဲ့အသင်းဟာ ဥရောပပြိုင်ပွဲမှာ ပထမဆုံးသော ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အတ္တလန္တာဟာ လာမယ့် မေလ ၂၂ ရက်နေ့ ဒပ်ဘလင်မြို့က အေဗီဗာကွင်းမှာ ဒီရာသီ ရှုံးပွဲမရှိ ရပ်တန့်လို့မရနိုင်ဖြစ်တဲ့ ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်နဲ့ ရင်ဆိုင်ကစားသွားရမှာဖြစ်ပြီး ဂက်စ်ပါရီနီရဲ့အသင်းကလည်း ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်အဆင့်မှာ လီဗာပူးလ်ကို ဖြုတ်ပစ်ခဲ့ပြီးကတည်းက ရပ်တန့်လို့မရတဲ့ ခြေစွမ်းကို ပြသနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အတၱလႏၲာဟာ ၾကာသပေတးေန႔ညက ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့အျဖစ္ ကစားခဲ့တဲ့ ပြဲစဥ္မွာ မာေဆးလ္ကို ၃-၀ နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီးေနာက္ ၂ ေက်ာ့ေပါင္း ၄-၁ နဲ႔ ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ခဲ့ပါတယ္။

စီးရီးေအကလပ္အသင္းဟာ ခ်ားလ္စ္ ဒီ ကတ္တလီယာရဲ႕ ကန္ခ်က္ ဂိုးတိုင္ထိမွန္ခဲ့ၿပီး မိနစ္ ၃၀ မွာ လြတ္ခ္မန္းက ကတ္တလီယာရဲ႕ ေပးပို႔မႈကေနတဆင့္ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို မာေဆးလ္ေနာက္ခံလူေတြ ပိတ္ဆို႔ထားတဲ့ၾကားက ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မက္တီအို ရပ္ဂီရီက အတၱလႏၲာအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ဒုတိယပိုင္း ျပန္အစမွာ ဂိုးအေပၚေထာင့္ထဲကို ညာေျခနဲ႔ အျပင္းကန္သြင္းယူၿပီး သြင္းယူေပးသြားခဲ့တာပါ။

လူစားဝင္ကစားသမား အယ္လ္ဘိုင္လယ္ တိုေရးက နာက်င္အခ်ိန္ပိုမွာ အတၱလႏၲာရဲ႕ ႏိုင္ပြဲကို ပိုမိုခ်ိဳၿမိန္ေစမယ့္ ဦးေဆာင္ဂိုးကို ထပ္မံ သြင္းယူေပးခဲ့ၿပီး ဂက္စ္ပါရီနီရဲ႕အသင္းဟာ ဥေရာပၿပိဳင္ပြဲမွာ ပထမဆုံးေသာ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အတၱလႏၲာဟာ လာမယ့္ ေမလ ၂၂ ရက္ေန႔ ဒပ္ဘလင္ၿမိဳ႕က ေအဗီဗာကြင္းမွာ ဒီရာသီ ရႈံးပြဲမရွိ ရပ္တန႔္လို႔မရႏိုင္ျဖစ္တဲ့ ဇာဘီ အလြန္ဆိုရဲ႕ ေလဗာကူဆင္နဲ႔ ရင္ဆိုင္ကစားသြားရမွာျဖစ္ၿပီး ဂက္စ္ပါရီနီရဲ႕အသင္းကလည္း ၿပီးခဲ့တဲ့ ကြာတားဖိုင္နယ္အဆင့္မွာ လီဗာပူးလ္ကို ျဖဳတ္ပစ္ခဲ့ၿပီးကတည္းက ရပ္တန႔္လို႔မရတဲ့ ေျခစြမ္းကို ျပသေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.