Match Report UCL&UEL

ချန်ပီယံလိဂ်ဖလားကို ၁၅ ကြိမ်မြောက်စံချိန်တင်ဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ စနေနေ့ညက ဝင်ဘလေမှာ ဒေါ့မွန်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ ၁၅ ကြိမ်အထိ စံချိန်တင်ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ၁၁ နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒေါ့မွန်ကလည်း အသင်းသမိုင်းတလျှောက် ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းတစ်ပိုင်းလုံးမှာ ဒေါ့မွန်က ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပုံပေါ်ခဲ့ပြီး မကြာခဏ ရီးရဲမက်ဒရစ်ကွင်းဘက်ခြမ်းမှာ ဘောလုံးကိုင်ကစားပြီး ဂိုးသွင်းခွင့် အများအပြားကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်း ပြီးဆုံးတဲ့အချိန်အထိ ရီးရဲလ်မက်ဒရစ်က ဂိုးမပေးရအောင် ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပြီး ဒုတိယပိုင်းအစောပိုင်းမှာတော့ လာလီဂါထိပ်သီးအသင်းကြီးက နည်းဗျူဟာအပြောင်းအလဲ လုပ်လာခဲ့ပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာဟာ ဂိုးပေါက်ဆီကို ပြေးသွားဖို့ ကြိုးပမ်းခဲ့ချိန်မှာ ဖျက်ထုတ်ခံခဲ့ရလို့ ရီးရဲလ်မက်ဒရစ်တို့ အလွတ်တည်ကန်ဘော ကန်ခွင့်ရခဲ့ပြီး တိုနီ ခရူးစ်ရဲ့ ဂိုးဘယ်ဖက်အပေါ်ထောင့်ထဲကို ကန်သွင်းမှုကို ဒေါ့မွန် ဂိုးသမား ကိုဘယ်က အလွန်ကောင်းမွန်တဲ့လက်စွမ်းနဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါက ရီးရဲလ်မက်ဒရစ်အသင်းက ပွဲကို ပိုမိုထိန်းချုပ်လာပြီး ပိုကြမ်းကြမ်းကစားလာဖို့ရဲ့ အစဖြစ်ခဲ့ပြီး ပွဲကစားချိန် ၇၄ မိနစ်မှာ ကာဗာဂျယ်က နောက်ဆုံးမှာတော့ မာကျောတဲ့ ဒေါ့မွန်ခံစစ်ကို လဲပြိုစေခဲ့တာဖြစ်ပါတယ်။

ထောင့်ကန်ဘောကနေ တိုနီ ခရူးစ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရီးရဲလ်မက်ဒရစ် ဝါရင့်နောက်ခံလူ ကာဗာဂျယ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး တစ်ပွဲလုံး လက်စွမ်းပြလာတဲ့ ကိုဘယ်လည်း ဘယ်လိုမှ မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ ကာဗာဂျယ်ရဲ့ ဒီရာသီ ၆ ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အတွက်လည်း အကောင်းဆုံးအချိန်မှာ ရရှိခဲ့တဲ့ အရေးပါတဲ့ဂိုးဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပွဲပြီးဆုံးခါနီး ၈ မိနစ်အလိုမှာ ဗင်နီးရှပ်စ် ဂျူနီယာက ဂျုဒ် ဘယ်လင်ဟမ်ရဲ့ ပေးပို့မှုကို လက်ခံရယူပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်က အီယန် မတ်ဆန်ရဲ့ ဘောလုံးပေးပို့မှုကို အလွယ်တကူပဲ ကြားဝင်ရယူနိုင်ခဲ့ပြီးနောက် ဗင်နီးရှပ်စ် ဂျူနီယာဆီ ပေးပို့ခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်က လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်ဟာ ပထမပိုင်းတစ်ပိုင်းမှာလုံး အခွင့်အရေးတွေ အများကြီး ရရှိခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့တာဖြစ်ပြီး အကောင်းဆုံးအခွင့်အရေးကတော့ တိုင်ထိထွက်သွားခဲ့တဲ့ ဖားခရုဂျ်ရဲ့ ကန်ချက် ဖြစ်ခဲ့ပါတယ်။ ကာရင် အဒီယေမီနဲ့ ဂျူလီယန် ဘရန့်တ်တို့လည်း ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့အတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတွေရခဲ့ပေမယ့်လည်း ၂ ယောက်စလုံးရဲ့ ကန်ချက်က တိကျသေချာခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပွဲကစားချိန်အများစုကို ရီးရဲလ်မက်ဒရစ် ကွင်းဘက်ခြမ်းမှာ ဒေါ့မွန်အသင်းက ကစားနိုင်ခဲ့ပေမယ့်လည်း ကျစ်လစ်တဲ့ လာလီဂါချန်ပီယံတွေရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ရီးရဲလ္မက္ဒရစ္အသင္းဟာ စေနေန႔ညက ဝင္ဘေလမွာ ေဒါ့မြန္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္သမိုင္းမွာ ၁၅ ႀကိမ္အထိ စံခ်ိန္တင္ဆြတ္ခူးႏိုင္ခဲ့တဲ့ အသင္းျဖစ္လာခဲ့ၿပီ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ၿပီးခဲ့တဲ့ ၁၁ ႏွစ္အတြင္းမွာ ခ်န္ပီယံလိဂ္ဖလားကို ၆ ႀကိမ္အထိ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ၿပီး ေဒါ့မြန္ကလည္း အသင္းသမိုင္းတေလွ်ာက္ ဒုတိယအႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းတစ္ပိုင္းလုံးမွာ ေဒါ့မြန္က ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့ပုံေပၚခဲ့ၿပီး မၾကာခဏ ရီးရဲမက္ဒရစ္ကြင္းဘက္ျခမ္းမွာ ေဘာလုံးကိုင္ကစားၿပီး ဂိုးသြင္းခြင့္ အမ်ားအျပားကို ဖန္တီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္း ၿပီးဆုံးတဲ့အခ်ိန္အထိ ရီးရဲလ္မက္ဒရစ္က ဂိုးမေပးရေအာင္ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးသြားခဲ့ၿပီး ဒုတိယပိုင္းအေစာပိုင္းမွာေတာ့ လာလီဂါထိပ္သီးအသင္းႀကီးက နည္းဗ်ဴဟာအေျပာင္းအလဲ လုပ္လာခဲ့ပါတယ္။

ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ ဂိုးေပါက္ဆီကို ေျပးသြားဖို႔ ႀကိဳးပမ္းခဲ့ခ်ိန္မွာ ဖ်က္ထုတ္ခံခဲ့ရလို႔ ရီးရဲလ္မက္ဒရစ္တို႔ အလြတ္တည္ကန္ေဘာ ကန္ခြင့္ရခဲ့ၿပီး တိုနီ ခ႐ူးစ္ရဲ႕ ဂိုးဘယ္ဖက္အေပၚေထာင့္ထဲကို ကန္သြင္းမႈကို ေဒါ့မြန္ ဂိုးသမား ကိုဘယ္က အလြန္ေကာင္းမြန္တဲ့လက္စြမ္းနဲ႔ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါက ရီးရဲလ္မက္ဒရစ္အသင္းက ပြဲကို ပိုမိုထိန္းခ်ဳပ္လာၿပီး ပိုၾကမ္းၾကမ္းကစားလာဖို႔ရဲ႕ အစျဖစ္ခဲ့ၿပီး ပြဲကစားခ်ိန္ ၇၄ မိနစ္မွာ ကာဗာဂ်ယ္က ေနာက္ဆုံးမွာေတာ့ မာေက်ာတဲ့ ေဒါ့မြန္ခံစစ္ကို လဲၿပိဳေစခဲ့တာျဖစ္ပါတယ္။

ေထာင့္ကန္ေဘာကေန တိုနီ ခ႐ူးစ္ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ရီးရဲလ္မက္ဒရစ္ ဝါရင့္ေနာက္ခံလူ ကာဗာဂ်ယ္က ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ၿပီး တစ္ပြဲလုံး လက္စြမ္းျပလာတဲ့ ကိုဘယ္လည္း ဘယ္လိုမွ မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ ကာဗာဂ်ယ္ရဲ႕ ဒီရာသီ ၆ ဂိုးေျမာက္သြင္းဂိုးျဖစ္ခဲ့သလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပထမဆုံး သြင္းယူႏိုင္ခဲ့တဲ့ သြင္းဂိုးလည္း ျဖစ္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္အတြက္လည္း အေကာင္းဆုံးအခ်ိန္မွာ ရရွိခဲ့တဲ့ အေရးပါတဲ့ဂိုးျဖစ္ခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ ပြဲၿပီးဆုံးခါနီး ၈ မိနစ္အလိုမွာ ဗင္နီးရွပ္စ္ ဂ်ဴနီယာက ဂ်ဳဒ္ ဘယ္လင္ဟမ္ရဲ႕ ေပးပို႔မႈကို လက္ခံရယူၿပီး ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဘယ္လင္ဟမ္က အီယန္ မတ္ဆန္ရဲ႕ ေဘာလုံးေပးပို႔မႈကို အလြယ္တကူပဲ ၾကားဝင္ရယူႏိုင္ခဲ့ၿပီးေနာက္ ဗင္နီးရွပ္စ္ ဂ်ဴနီယာဆီ ေပးပို႔ခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္က လြတ္လြတ္ကြၽတ္ကြၽတ္ ကန္ခြင့္ရခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္ဟာ ပထမပိုင္းတစ္ပိုင္းမွာလုံး အခြင့္အေရးေတြ အမ်ားႀကီး ရရွိခဲ့ေပမယ့္လည္း အသုံးမခ်ႏိုင္ခဲ့တာျဖစ္ၿပီး အေကာင္းဆုံးအခြင့္အေရးကေတာ့ တိုင္ထိထြက္သြားခဲ့တဲ့ ဖားခ႐ုဂ်္ရဲ႕ ကန္ခ်က္ ျဖစ္ခဲ့ပါတယ္။ ကာရင္ အဒီေယမီနဲ႔ ဂ်ဴလီယန္ ဘရန႔္တ္တို႔လည္း ဦးေဆာင္ဂိုး သြင္းယူႏိုင္ဖို႔အတြက္ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးေတြရခဲ့ေပမယ့္လည္း ၂ ေယာက္စလုံးရဲ႕ ကန္ခ်က္က တိက်ေသခ်ာခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းပြဲကစားခ်ိန္အမ်ားစုကို ရီးရဲလ္မက္ဒရစ္ ကြင္းဘက္ျခမ္းမွာ ေဒါ့မြန္အသင္းက ကစားႏိုင္ခဲ့ေပမယ့္လည္း က်စ္လစ္တဲ့ လာလီဂါခ်န္ပီယံေတြရဲ႕ ခံစစ္ကို မထိုးေဖာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.