UCL&UEL

လေဗာကူဆင်ရဲ့ ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးသွားဖို့ ပြင်ထားတယ်ဆိုတဲ့ အတ္တလန္တာ

ဂျန်ပီယဲရို ဂက်စ်ပါရီနီက သူ့ရဲ့ အတ္တလန္တာအသင်းဟာ ဗုဒ္ဓဟူးနေ့ညနေ(မြန်မာစံတော်ချိန် ကြာသပတေးနေ့နံနက် ၁ နာရီ ၃၀ မိနစ်) ဘွန်ဒက်စ်လီဂါချန်ပီယံ လေဗာကူဆင်နဲ့ ကစားရမယ့်ပွဲစဥင်္အတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

အတ္တလန္တာဟာ မာဆေးလ်၊ လီဗာပူးလ်၊ စပို့တင်း လစ္စဘွန်းတို့ကို ဖြုတ်ပစ်ပြီး ပထမဆုံး ဥရောပဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း ဒီရာသီမှာ ရှုံးပွဲမရှိသေးဘဲ ဖလား ၃ လုံး တပြိုင်နက် ရယူဖို့ ရည်မှန်းထားတဲ့ လေဗာကူဆင်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

အတ္တလန္တာအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတာကြောင့် စိတ်ဓာတ်ပိုင်း အမြင့်မားဆုံးပုံစံနဲ့ ဒပ်ဘလင်က ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဂက်စ်ပါရီနီက အေဗီဗာကွင်းမှာ စောင့်ဆိုင်းနေတဲ့ စိန်ခေါ်မှုအတွက် အပြည့်အဝ အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“တနင်္ဂနွေနေ့မှာ ချန်ပီယံလိဂ်ကို ရောက်ရှိခဲ့တာက ကြီးမားတဲ့ ခြေလှမ်းပါ။ ဒါက ကျွန်တော်တို့ကို အခု ဗိုလ်လုပွဲအတွက် အပြည့်အဝ အာရုံစိုက်နိုင်စေခဲ့ပါတယ်။ အဲဒါက အရမ်းအပြုသဘောဆောင်တာတော့ သေချာတယ်။ ဒါပေမယ့် ခံစားချက်တွေက မျှော်မှန်းချက်တွေထဲက တစ်ခုပါပဲ။

ကျွန်တော်တို့ ပြင်ဆင်ဖို့ လိုအပ်တာတွေအားလုံးကို ပြင်ဆင်ပြီးသားလို့ ယုံကြည်ပါတယ်။ အခု ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ စောင့်နေပါတယ်။ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေကြည့်မယ်ဆိုရင် ဟုတ်ပါတယ်။ ကျွန်တော်တို့ အဆင်သင့်ပါပဲ။ တနင်္ဂနွေနေ့မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရလိုက်တော့ ပိုတောင်မှ သေချာသွားပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

ဂက်စ်ပါရီနီက အသင်းခေါင်းဆောင် ဒီရွန်းအနေနဲ့ ဗိုလ်လုပွဲမှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိတာကိုတော့ တကယ် စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့ပြီး ဒတ်ချ်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဂျူဗင်တပ်ကို ရှုံးနိမ့်ခဲ့တဲ့ ကိုပါအီတာလီယာဗိုလ်လုပွဲမှာ ဒဏ်ရာကြောင့် ကွင်းထဲကနေ မျက်ရည်တွေနဲ့ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်န္ပီယဲ႐ို ဂက္စ္ပါရီနီက သူ႔ရဲ႕ အတၱလႏၲာအသင္းဟာ ဗုဒၶဟူးေန႔ညေန(ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတးေန႔နံနက္ ၁ နာရီ ၃၀ မိနစ္) ဘြန္ဒက္စ္လီဂါခ်န္ပီယံ ေလဗာကူဆင္နဲ႔ ကစားရမယ့္ပြဲစဥအၤတြက္ အရာအားလုံးကို ႀကိဳတင္ျပင္ဆင္ထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အတၱလႏၲာဟာ မာေဆးလ္၊ လီဗာပူးလ္၊ စပို႔တင္း လစၥဘြန္းတို႔ကို ျဖဳတ္ပစ္ၿပီး ပထမဆုံး ဥေရာပဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ဒီရာသီမွာ ရႈံးပြဲမရွိေသးဘဲ ဖလား ၃ လုံး တၿပိဳင္နက္ ရယူဖို႔ ရည္မွန္းထားတဲ့ ေလဗာကူဆင္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

အတၱလႏၲာအသင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိထားတာေၾကာင့္ စိတ္ဓာတ္ပိုင္း အျမင့္မားဆုံးပုံစံနဲ႔ ဒပ္ဘလင္က ဗိုလ္လုပြဲကို ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ဂက္စ္ပါရီနီက ေအဗီဗာကြင္းမွာ ေစာင့္ဆိုင္းေနတဲ့ စိန္ေခၚမႈအတြက္ အျပည့္အဝ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“တနဂၤေႏြေန႔မွာ ခ်န္ပီယံလိဂ္ကို ေရာက္ရွိခဲ့တာက ႀကီးမားတဲ့ ေျခလွမ္းပါ။ ဒါက ကြၽန္ေတာ္တို႔ကို အခု ဗိုလ္လုပြဲအတြက္ အျပည့္အဝ အာ႐ုံစိုက္ႏိုင္ေစခဲ့ပါတယ္။ အဲဒါက အရမ္းအျပဳသေဘာေဆာင္တာေတာ့ ေသခ်ာတယ္။ ဒါေပမယ့္ ခံစားခ်က္ေတြက ေမွ်ာ္မွန္းခ်က္ေတြထဲက တစ္ခုပါပဲ။

ကြၽန္ေတာ္တို႔ ျပင္ဆင္ဖို႔ လိုအပ္တာေတြအားလုံးကို ျပင္ဆင္ၿပီးသားလို႔ ယုံၾကည္ပါတယ္။ အခု ကြၽန္ေတာ္တို႔ တိုက္ပြဲဝင္ဖို႔ ေစာင့္ေနပါတယ္။ စိတ္ပိုင္းနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ရႈေထာင့္ကေနၾကည့္မယ္ဆိုရင္ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ အဆင္သင့္ပါပဲ။ တနဂၤေႏြေန႔မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရလိုက္ေတာ့ ပိုေတာင္မွ ေသခ်ာသြားပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

ဂက္စ္ပါရီနီက အသင္းေခါင္းေဆာင္ ဒီ႐ြန္းအေနနဲ႔ ဗိုလ္လုပြဲမွာ ပါဝင္ကစားေပးႏိုင္ျခင္းမရွိတာကိုေတာ့ တကယ္ စိတ္ပ်က္မိတယ္လို႔ ေျပာဆိုခဲ့ၿပီး ဒတ္ခ်္ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ဂ်ဴဗင္တပ္ကို ရႈံးနိမ့္ခဲ့တဲ့ ကိုပါအီတာလီယာဗိုလ္လုပြဲမွာ ဒဏ္ရာေၾကာင့္ ကြင္းထဲကေန မ်က္ရည္ေတြနဲ႔ ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.