Match Report UCL&UEL

၄၂ နှစ်အကြာမှာ ပထမဆုံးဥရောပဗိုလ်လုပွဲတက်ချင်တဲ့ ဗီလာရဲ့အိပ်မက်ကို ဖျက်ဆီးခဲ့တဲ့ အိုလင်ပီကာကို့စ်

အိုလင်ပီယာကို့စ်ဟာ ကြာသပတေးနေ့ညက ကစားခဲ့တဲ့ ယူရိုပါကွန်းဖရင့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အက်စတန် ဗီလာကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၆-၂ နဲ့ ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဧည့်သည်တွေဟာ ပထမပိုင်း ၁၀ မိနစ်အတွင်းမှာပဲ ပထမအကျော့တုန်းက ဗီလာပါ့ခ်မှာ ဟက်ထရစ်သွင်းပြီး ပွဲကြမ်းခဲ့တဲ့ အယ်လ် ခါဘီရဲ့ သွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး ကွီနီရဲ့ ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

အက်စတန် ဗီလာက လီယွန် ဘေလီရဲ့ သွင်းဂိုးနဲ့ ပြန်လည်ချေပဖို့ ကြိုးစားခဲ့ပေမယ့်လည်း အိုလင်ပီယာကို့စ် ဂိုးသမား ဇိုလာကစ်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်းက ၁-၀ နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

အက်စတန် ဗီလာက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ အိုလင်ပီယာကို့စ်ကို ဖိအားပေးခဲ့ပေမယ့်လည်း ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ပွဲပြီးဆုံးခါနီး ၁၂ မိနစ်အလိုမှာ အယ်လ် ခါဘီကပဲ အက်စတန် ဗီလာရဲ့ လူကျွံထောင်ချောက်ကနေ လွတ်ထွက်ပြီး မာတီနက်ဇ်နဲ့ တစ်ဦးချင်း သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

VAR က လူကျွံဘောဖြစ်နိုင်ခြေရှိတယ်ဆိုပြီး ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အယ်လ် ခါဘီက လူကျွံနေခြင်းမရှိတာကြောင့် ဂိုးကို ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပိုမှာ အိုလီ ဝပ်ကင်စ်ရဲ့ အပိုင်ခေါင်းတိုက်ချက်ကို ဇိုလာကစ်က နောက်ထပ်တစ်ကြိမ် လှလှပပ ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာကြောင့် အက်စတန် ဗီလာတို့ စိတ်ပျက်ခဲ့ရပြန်တာဖြစ်ပါတယ်။

အက်စတန် ဗီလာဟာ အိုလင်ပီယာကို့စ်ကို ၂ ကျော့စလုံး ရှုံးနိမ့်ခဲ့ပြီး ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပြီး ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပဗိုလ်လုပွဲကို တက်ရောက်ချင်တဲ့ မျှော်လင့်ချက်လည်း အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အိုလင္ပီယာကို႔စ္ဟာ ၾကာသပေတးေန႔ညက ကစားခဲ့တဲ့ ယူ႐ိုပါကြန္းဖရင့္လိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္မွာ အက္စတန္ ဗီလာကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၂ ေက်ာ့ေပါင္း ၆-၂ နဲ႔ ဗိုလ္လုပြဲကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဧည့္သည္ေတြဟာ ပထမပိုင္း ၁၀ မိနစ္အတြင္းမွာပဲ ပထမအေက်ာ့တုန္းက ဗီလာပါ့ခ္မွာ ဟက္ထရစ္သြင္းၿပီး ပြဲၾကမ္းခဲ့တဲ့ အယ္လ္ ခါဘီရဲ႕ သြင္းဂိုးေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး ကြီနီရဲ႕ ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

အက္စတန္ ဗီလာက လီယြန္ ေဘလီရဲ႕ သြင္းဂိုးနဲ႔ ျပန္လည္ေခ်ပဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း အိုလင္ပီယာကို႔စ္ ဂိုးသမား ဇိုလာကစ္က ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းက ၁-၀ နဲ႔ ၿပီးဆုံးသြားခဲ့ပါတယ္။

အက္စတန္ ဗီလာက ေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ အိုလင္ပီယာကို႔စ္ကို ဖိအားေပးခဲ့ေပမယ့္လည္း ထိေရာက္တဲ့ ၿခိမ္းေျခာက္မႈေတြ မျပဳလုပ္ႏိုင္ခဲ့ဘဲ ပြဲၿပီးဆုံးခါနီး ၁၂ မိနစ္အလိုမွာ အယ္လ္ ခါဘီကပဲ အက္စတန္ ဗီလာရဲ႕ လူကြၽံေထာင္ေခ်ာက္ကေန လြတ္ထြက္ၿပီး မာတီနက္ဇ္နဲ႔ တစ္ဦးခ်င္း သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

VAR က လူကြၽံေဘာျဖစ္ႏိုင္ေျခရွိတယ္ဆိုၿပီး ျပန္လည္စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အယ္လ္ ခါဘီက လူကြၽံေနျခင္းမရွိတာေၾကာင့္ ဂိုးကို ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီး နာက်င္အခ်ိန္ပိုမွာ အိုလီ ဝပ္ကင္စ္ရဲ႕ အပိုင္ေခါင္းတိုက္ခ်က္ကို ဇိုလာကစ္က ေနာက္ထပ္တစ္ႀကိမ္ လွလွပပ ပုတ္ထုတ္ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ အက္စတန္ ဗီလာတို႔ စိတ္ပ်က္ခဲ့ရျပန္တာျဖစ္ပါတယ္။

အက္စတန္ ဗီလာဟာ အိုလင္ပီယာကို႔စ္ကို ၂ ေက်ာ့စလုံး ရႈံးနိမ့္ခဲ့ၿပီး ဥေရာပၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ၿပီး ၁၉၈၂ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဥေရာပဗိုလ္လုပြဲကို တက္ေရာက္ခ်င္တဲ့ ေမွ်ာ္လင့္ခ်က္လည္း အဆုံးသတ္သြားခဲ့ၿပီျဖစ္ပါတယ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.