Match Report UCL&UEL

ရိုးမားကို မျှော်လင့်ချက်ပေးပြီးမှ အသည်းခွဲပြီး ၄၉ ပွဲရှုံးပွဲမရှိစံချိန်တင်ခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်အသင်းဟာ ကြာသပတေးနေ့ညက ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ရိုးမားကို နောက်ကျ ချေပဂိုးတွေ လိုက်သွင်းပြီး ၄၉ ပွဲ ရှုံးပွဲမရှိ စံချိန်သစ် တင်ပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ပထမအကျော့က ၂-၀ နဲ့ အနိုင်ရထားတာကြောင့် ပက်ထရစ် ရှစ်ခ်၊ ဖလိုရီယန် ဗာ့ဇ်တို့လို အဓိကကစားသမားတွေကို အရန်ခုံထိုင်ခိုင်းထားခဲ့ပြီး တိုက်စစ်မှာ ဟလိုဇက်၊ ဟော့ဖ်မန်း၊ အက်ဒ်လီတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ရိုးမားကတော့ လူကာကူနဲ့ အက်ဇ်မွန်တို့ကို အထောင်ထားပြီး အယ်ရှာရာဝီ၊ ခရစ္စတန်တီ၊ ပါရေးဒက်စ်၊ ပယ်လီဂရီနီ၊ စပီနာဇိုလာတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ပထမပိုင်းစတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး နှစ်ဖက်ဂိုးသမားတွေ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့သာ စောစောစီးစီး သွင်းဂိုးတွေကို မမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

မိနစ် ၄၀မှာ တော့ အိန်ဂျလီနို ပင်နယ်တီဧရိယာထဲကို ပေးပို့လိုက်တဲ့ ဘောလုံးကို လူကာကူက ခေါင်းတိုက်ခဲ့ရာမှာ ဘေးကို ဝိုက်ထိသွားခဲ့ပြီး အက်ဇ်မွန်က ဘောလုံးကို ရယူဖို့ ကြိုးပမ်းခဲ့ရာမှာ တာက ဆွဲထားခဲ့တာကြောင့် ဒိုင်လူကြီးက ရိုးမားကို ပင်နယ်တီကန်ခွင့် ပေးခဲ့ပါတယ်။

ပါရေးဒက်စ်က ပင်နယ်တီကို အမှားအယွင်းမရှိ ဂိုးပေါက်အလယ်ကို ကန်သွင်းယူသွားခဲ့ပြီး လေဗာကူဆင်ဂိုးသမား ကိုဗာကတော့ ညာဘက်ကို ဒိုင်ဗင်ထိုးခဲ့တာကြောင့် ရိုးမားတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး မိနစ် ၂၀ မပြည့်ခင်မှာ လေဗာကူဆင်က နောက်ထပ်တစ်ကြိမ် ပင်နယ်တီ ပေးခဲ့ရပြီး ကွင်းလယ်ဒိုင်က VAR လာကြည့်ဖို့ အကြံပြုခံခဲ့ရပါတယ်။ ဟလိုဗက်က ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့တာကြောင့် VAR က ပင်နယ်တီ သတ်မှတ်ခဲ့ပြီး ရိုးမားတို့ နောက်ထပ်တစ်ကြိမ် ပင်နယ်တီရခဲ့ပါတယ်။

ပင်နယ်တီကို ပါရေးဒက်စ်ကပဲ အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းယူပြီး ကိုဗာကတော့ သူ့ရဲ့ဘယ်ဖက်ကို ဒိုင်ဗင်မှားပစ်ခဲ့ပါတယ်။

၈၂ မိနစ်မှာ လေဗာကူဆင်အသင်းအတွက် အရေးပါတဲ့ ချေပဂိုး ရရှိသွားခဲ့ပြီး ထောင့်ကန်ဘောကနေ ကန်တင်ပေးလိုက်တဲ့ဘောလုံးကို ဂိုးသမား ဆဗီလာက ထွက်ဆွဲခဲ့ရာမှာ ဘောလုံးဆီ မရောက်ဘဲ ဘောလုံးက မန်ဆီနီနဲ့ ထိမှန်ပြီး ဂိုးထဲဝင်သွားခဲ့တာကြောင့် အုန်းဂိုးဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ ပြန်လာတတ်တဲ့အသင်းအဖြစ် နာမည်ကြီးတဲ့ လေဗာကူဆင်ဟာ ပွဲကစားချိန် လက်ကျန်အချိန်တွေမှာ ရိုးမားကို တရစပ်ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ၉၀+၇ မိနစ်မှာတော့ ချာကာရဲ့ အကွက်မြင်မြင် ထိုးပေးလိုက်တဲ့ဘောလုံးကို စတာနီဆစ်က ရယူပြီး ဘယ်ခြေနဲ့ အတွင်းကို ချိုးဝင်ပြီး ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ရိုးမားကို နောက်ကနေ ၂ ဂိုးအထိ ပြန်လိုက်သွင်းပြီး သရေရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ၁၉၅၅ ခုနှစ်မှာ ယူအီးအက်အေကလပ်အသင်းပြိုင်ပွဲ စတင်ခဲ့ချိန်နောက်ပိုင်း အရှည်လျားဆုံး ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်ပြီး ၄၉ ပွဲနဲ့ စံချိန်သစ် တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လေဗာကူဆင်ရဲ့ ၄၉ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၁၂ ရက်နေ့ ဂျာမန်ဖလားပြိုင်ပွဲမှာ အော့တန်ဆန်ကို ၈-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် အလွန်ဆိုရဲ့ အသင်းဟာ ဘွန်ဒက်စ်လီဂါမှာ ၃၂ ပွဲ၊ ဂျာမန်ဖလားမှာ ၅ ပွဲ၊ ယူရိုပါလိဂ်မှာ ၁၂ ပွဲအထိ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အလွန်ဆိုရဲ့အသင်းဟာ ဖလား ၃ လုံးလမ်းကြောင်းပေါ်မှာလည်း ရှိနေပြီး ဘွန်ဒက်စ်လီဂါဖလား ရရှိခဲ့ပြီးနောက် မေလ ၂၅ ရက်နေ့ ဂျာမန်ဖလားဗိုလ်လုပွဲမှာ ဒုတိယတန်းကလပ် ကိုင်ဆာလောက်တန်၊ မေလ ၂၂ ရက်နေ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အတ္တလန္တာနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

လေဗာကူဆင်သာ အဲဒီဗိုလ်လုပွဲ ၂ ပွဲစလုံးကို မရှုံးနိမ့်အောင် ကစားနိုင်ခဲ့ပြီး လက်ကျန် လိဂ် ၂ ပွဲကိုပါ မရှုံးအောင် ကစားနိုင်ခဲ့မယ်ဆိုရင် ဘွန်ဒက်စ်လီဂါသမိုင်းတလျှောက်မှာ တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ရာသီပြီးဆုံးနိုင်တဲ့ ပထမဆုံးသောအသင်းဖြစ်လာတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေလဗာကူဆင္အသင္းဟာ ၾကာသပေတးေန႔ညက ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ႐ိုးမားကို ေနာက္က် ေခ်ပဂိုးေတြ လိုက္သြင္းၿပီး ၄၉ ပြဲ ရႈံးပြဲမရွိ စံခ်ိန္သစ္ တင္ၿပီး ဗိုလ္လုပြဲကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေလဗာကူဆင္ဟာ ပထမအေက်ာ့က ၂-၀ နဲ႔ အႏိုင္ရထားတာေၾကာင့္ ပက္ထရစ္ ရွစ္ခ္၊ ဖလိုရီယန္ ဗာ့ဇ္တို႔လို အဓိကကစားသမားေတြကို အရန္ခုံထိုင္ခိုင္းထားခဲ့ၿပီး တိုက္စစ္မွာ ဟလိုဇက္၊ ေဟာ့ဖ္မန္း၊ အက္ဒ္လီတို႔နဲ႔ ပြဲထြက္လာခဲ့ပါတယ္။ ႐ိုးမားကေတာ့ လူကာကူနဲ႔ အက္ဇ္မြန္တို႔ကို အေထာင္ထားၿပီး အယ္ရွာရာဝီ၊ ခရစၥတန္တီ၊ ပါေရးဒက္စ္၊ ပယ္လီဂရီနီ၊ စပီနာဇိုလာတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ပထမပိုင္းစတင္ခ်ိန္ကတည္းက တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ ထိုးေဖာက္တိုက္စစ္ဆင္မႈေတြနဲ႔ ၿမိဳင္ဆိုင္ခဲ့ၿပီး ႏွစ္ဖက္ဂိုးသမားေတြ လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့လို႔သာ ေစာေစာစီးစီး သြင္းဂိုးေတြကို မျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

မိနစ္ ၄၀မွာ ေတာ့ အိန္ဂ်လီႏို ပင္နယ္တီဧရိယာထဲကို ေပးပို႔လိုက္တဲ့ ေဘာလုံးကို လူကာကူက ေခါင္းတိုက္ခဲ့ရာမွာ ေဘးကို ဝိုက္ထိသြားခဲ့ၿပီး အက္ဇ္မြန္က ေဘာလုံးကို ရယူဖို႔ ႀကိဳးပမ္းခဲ့ရာမွာ တာက ဆြဲထားခဲ့တာေၾကာင့္ ဒိုင္လူႀကီးက ႐ိုးမားကို ပင္နယ္တီကန္ခြင့္ ေပးခဲ့ပါတယ္။

ပါေရးဒက္စ္က ပင္နယ္တီကို အမွားအယြင္းမရွိ ဂိုးေပါက္အလယ္ကို ကန္သြင္းယူသြားခဲ့ၿပီး ေလဗာကူဆင္ဂိုးသမား ကိုဗာကေတာ့ ညာဘက္ကို ဒိုင္ဗင္ထိုးခဲ့တာေၾကာင့္ ႐ိုးမားတို႔ ဦးေဆာင္ဂိုး ရရွိသြားခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး မိနစ္ ၂၀ မျပည့္ခင္မွာ ေလဗာကူဆင္က ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီ ေပးခဲ့ရၿပီး ကြင္းလယ္ဒိုင္က VAR လာၾကည့္ဖို႔ အႀကံျပဳခံခဲ့ရပါတယ္။ ဟလိုဗက္က ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို လက္နဲ႔ထိခဲ့တာေၾကာင့္ VAR က ပင္နယ္တီ သတ္မွတ္ခဲ့ၿပီး ႐ိုးမားတို႔ ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီရခဲ့ပါတယ္။

ပင္နယ္တီကို ပါေရးဒက္စ္ကပဲ အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူၿပီး ကိုဗာကေတာ့ သူ႔ရဲ႕ဘယ္ဖက္ကို ဒိုင္ဗင္မွားပစ္ခဲ့ပါတယ္။

၈၂ မိနစ္မွာ ေလဗာကူဆင္အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုး ရရွိသြားခဲ့ၿပီး ေထာင့္ကန္ေဘာကေန ကန္တင္ေပးလိုက္တဲ့ေဘာလုံးကို ဂိုးသမား ဆဗီလာက ထြက္ဆြဲခဲ့ရာမွာ ေဘာလုံးဆီ မေရာက္ဘဲ ေဘာလုံးက မန္ဆီနီနဲ႔ ထိမွန္ၿပီး ဂိုးထဲဝင္သြားခဲ့တာေၾကာင့္ အုန္းဂိုးျဖစ္သြားခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးခါနီးမွာ ျပန္လာတတ္တဲ့အသင္းအျဖစ္ နာမည္ႀကီးတဲ့ ေလဗာကူဆင္ဟာ ပြဲကစားခ်ိန္ လက္က်န္အခ်ိန္ေတြမွာ ႐ိုးမားကို တရစပ္ဖိအားေပးတိုက္စစ္ဆင္ခဲ့ၿပီး ၉၀+၇ မိနစ္မွာေတာ့ ခ်ာကာရဲ႕ အကြက္ျမင္ျမင္ ထိုးေပးလိုက္တဲ့ေဘာလုံးကို စတာနီဆစ္က ရယူၿပီး ဘယ္ေျခနဲ႔ အတြင္းကို ခ်ိဳးဝင္ၿပီး ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေလဗာကူဆင္ဟာ ႐ိုးမားကို ေနာက္ကေန ၂ ဂိုးအထိ ျပန္လိုက္သြင္းၿပီး သေရရလဒ္ ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ ၁၉၅၅ ခုႏွစ္မွာ ယူအီးအက္ေအကလပ္အသင္းၿပိဳင္ပြဲ စတင္ခဲ့ခ်ိန္ေနာက္ပိုင္း အရွည္လ်ားဆုံး ရႈံးပြဲမရွိစံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး ၄၉ ပြဲနဲ႔ စံခ်ိန္သစ္ တင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေလဗာကူဆင္ရဲ႕ ၄၉ ပြဲဆက္တိုက္ရႈံးပြဲမရွိစံခ်ိန္ဟာ ၿပီးခဲ့တဲ့ဩဂုတ္လ ၁၂ ရက္ေန႔ ဂ်ာမန္ဖလားၿပိဳင္ပြဲမွာ ေအာ့တန္ဆန္ကို ၈-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ စတင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ အလြန္ဆိုရဲ႕ အသင္းဟာ ဘြန္ဒက္စ္လီဂါမွာ ၃၂ ပြဲ၊ ဂ်ာမန္ဖလားမွာ ၅ ပြဲ၊ ယူ႐ိုပါလိဂ္မွာ ၁၂ ပြဲအထိ ရႈံးပြဲမရွိေအာင္ ကစားထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အလြန္ဆိုရဲ႕အသင္းဟာ ဖလား ၃ လုံးလမ္းေၾကာင္းေပၚမွာလည္း ရွိေနၿပီး ဘြန္ဒက္စ္လီဂါဖလား ရရွိခဲ့ၿပီးေနာက္ ေမလ ၂၅ ရက္ေန႔ ဂ်ာမန္ဖလားဗိုလ္လုပြဲမွာ ဒုတိယတန္းကလပ္ ကိုင္ဆာေလာက္တန္၊ ေမလ ၂၂ ရက္ေန႔ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲမွာ အတၱလႏၲာနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

ေလဗာကူဆင္သာ အဲဒီဗိုလ္လုပြဲ ၂ ပြဲစလုံးကို မရႈံးနိမ့္ေအာင္ ကစားႏိုင္ခဲ့ၿပီး လက္က်န္ လိဂ္ ၂ ပြဲကိုပါ မရႈံးေအာင္ ကစားႏိုင္ခဲ့မယ္ဆိုရင္ ဘြန္ဒက္စ္လီဂါသမိုင္းတေလွ်ာက္မွာ တစ္ရာသီလုံး ရႈံးပြဲမရွိဘဲ ရာသီၿပီးဆုံးႏိုင္တဲ့ ပထမဆုံးေသာအသင္းျဖစ္လာေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.