Premier League

၁၆.၂.၂၀၂၀ အတြက္ အာဆင္နယ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– အာဆင္နယ္နည္းျပ မိုက္ကယ္ အာတီတာက အခုရာသီမွာ ေျခစြမ္းသိသိသာသာ တိုးတက္လာတဲ့ လူယ္တိုက္္စစ္မွဴး ဂါဘရီယယ္လ္ မာတင္နယ္လီအေနနဲ႔ ၿပိဳင္ဘက္အသင္းေတြက အဓိကပစ္မွတ္ထားၿပီး လူကပ္ကစားတာခံလာရတဲ့ အေျခအေနမ်ိဳးကို ရင္ဆိုင္ရႏိုင္တယ္လို႔ သတိေပးလိုက္ပါတယ္။

– အသင္းႀကီးေတြ ေခၚယူဖို႔ စိတ္၀င္စားေနတဲ့ ဘန္ ေခ်းလ္၀ဲလ္ကို လက္လႊတ္ခဲ့ရရင္ အာဆင္နယ္အသင္းမွာ ဒဏ္ရာေတြနဲ႔ ရုန္းကန္ေနရတဲ့ ကီရန္ တီယာနီကို လက္စတာစီးတီးက ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။

– အာဆင္နယ္တိုက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္က နည္းျပ မိုက္ကယ္ အာတီတာရဲ႕လက္ေအာက္မွာ သူတို႔အသင္းရဲ႕ ပံုစံေကာင္းကို ျပန္ရဖို႔နီးစပ္ေနၿပီး လာမယ့္ပြဲေတြမွာ တိုးတက္မႈႀကီးႀကီးမားမားကို ျမင္ေတြ႔ရမယ္လိမ့္လို႔ ေျပာၾကားလိုက္ပါတယ္။

– အာဆင္နယ္အသင္းမွာ ေတာင္ပံတုိက္စစ္မွဴး နီကုိလတ္စ္ ေပေပအေနနဲ႔ ေအာင္ျမင္မယ္လို႔ ယံုၾကည္ထားေပမယ့္ ေျခစြမ္းတစ္သတ္မတ္တည္းျဖစ္ေအာင္ ႀကိဳးစားရလိမ့္မယ္လို႔ နည္းျပ အာတီတာက သတိေပးေျပာၾကားထားပါတယ္။

– လက္ရွိေစ်းကြက္ေပါက္ေစ်း ေပါင္သန္း(၆၀)ေလာက္ တန္ေၾကးရွိေနတဲ့ ဗီလာရီးရဲလ္ေတာင္ပံကစားသမား ခ်ဳ၀ူဇီကို ၂၀၁၇ ခုႏွစ္ေလာက္တုန္းက ေပါင္ ၄ သန္းေလာက္နဲ႔ပဲ ေခၚႏိုင္မယ့္ အခြင့္အေရးတစ္ရပ္ကို အာဆင္နယ္ရခဲ့ေပမယ့္ သေဘာမတူညီႏုိင္ခဲ့ဘူးလို႔ သိရပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာက အခုရာသီမှာ ခြေစွမ်းသိသိသာသာ တိုးတက်လာတဲ့ လူယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတင်နယ်လီအနေနဲ့ ပြိုင်ဘက်အသင်းတွေက အဓိကပစ်မှတ်ထားပြီး လူကပ်ကစားတာခံလာရတဲ့ အခြေအနေမျိုးကို ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

– အသင်းကြီးတွေ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘန် ချေးလ်ဝဲလ်ကို လက်လွှတ်ခဲ့ရရင် အာဆင်နယ်အသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ကီရန် တီယာနီကို လက်စတာစီးတီးက ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

– အာဆင်နယ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်က နည်းပြ မိုက်ကယ် အာတီတာရဲ့လက်အောက်မှာ သူတို့အသင်းရဲ့ ပုံစံကောင်းကို ပြန်ရဖို့နီးစပ်နေပြီး လာမယ့်ပွဲတွေမှာ တိုးတက်မှုကြီးကြီးမားမားကို မြင်တွေ့ရမယ်လိမ့်လို့ ပြောကြားလိုက်ပါတယ်။

– အာဆင်နယ်အသင်းမှာ တောင်ပံတိုက်စစ်မှူး နီကိုလတ်စ် ပေပေအနေနဲ့ အောင်မြင်မယ်လို့ ယုံကြည်ထားပေမယ့် ခြေစွမ်းတစ်သတ်မတ်တည်းဖြစ်အောင် ကြိုးစားရလိမ့်မယ်လို့ နည်းပြ အာတီတာက သတိပေးပြောကြားထားပါတယ်။

– လက်ရှိဈေးကွက်ပေါက်ဈေး ပေါင်သန်း(၆၀)လောက် တန်ကြေးရှိနေတဲ့ ဗီလာရီးရဲလ်တောင်ပံကစားသမား ချုဝူဇီကို ၂၀၁၇ ခုနှစ်လောက်တုန်းက ပေါင် ၄ သန်းလောက်နဲ့ပဲ ခေါ်နိုင်မယ့် အခွင့်အရေးတစ်ရပ်ကို အာဆင်နယ်ရခဲ့ပေမယ့် သဘောမတူညီနိုင်ခဲ့ဘူးလို့ သိရပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.