Premier League Transfer News

အာဆင်နယ်ရဲ့ယူရိုသန်း ၆၀ တန်ပစ်မှတ်ကို ခေါ်ယူဖို့အပြင်းအထန်ကြိုးပမ်းနေတဲ့ ချဲလ်ဆီး

ဘရာဇီးလ်ဆယ်ကျော်သက်ကြယ်ပွင့် အမ်းဒရစ်ခ်ရဲ့ ဖခင်က သားဖြစ်သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လာမယ့်လပိုင်းအတွင်း ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ ဘရာဇီးလ်လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ တိုက်ပွဲဝင်နေတဲ့ ဥရောပ ၃ သင်းထဲက တစ်သင်းဖြစ်ပါတယ်။

အသက် ၁၆ နှစ်အရွယ် ပါးမီးရပ်စ်ကြယ်ပွင့်ဟာ ယခုရာသီမှာ ဘရာဇီးလ်ထိပ်တန်းလိဂ်မှာ မိနစ် ၁၈၀ သာ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ၄၅ မိနစ်တိုင်းမှာ အဓိကကျတဲ့ အကူအညီတွေ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အမ်းဒရစ်ခ်ဟာ ဘရာဇီးလ်နိုင်ငံမှာ နေမာလက်သစ်လို့ ချီးကျူးခြင်းခံခဲ့ရပြီးဖြစ်ပြီး ရှေ့က ဘရာဇီးလ်ကြယ်ပွင့်တွေအတိုင်းပဲ ဥရောပကို စောစောစီးစီး ပြောင်းရွှေ့မှုပြုလုပ်သွားလိမ့်မယ်လို့ တစ်ကြိုပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပါးမီးရပ်စ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ထိပ်ဆုံးက ဦးဆောင်နေသူတွေအဖြစ် ကာလရှည် မှတ်ယူခြင်းခံခဲ့ရပြီး တောင်အမေရိကမှာ အလွန်ကောင်းမွန်တဲ့ ကစားသမားသစ်စုဆောင်းရေး ကွန်ရက်တစ်ခု ဖွဲ့စည်းထားတာကြောင့် ဗယ်လ်ဗာဒီ၊ ဗင်နီးရှပ်စ် ဂျူနီယာ၊ ရိုဒရီဂိုတို့လိုမျိုး ကစားသမားတွေကို ဆယ်ကျော်သက်အရွယ်မှာပဲ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက ချဲလ်ဆီးအသင်းဟာ အမ်းဒရစ်ခ်ကို ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် တွန်းအားပေးလုပ်ဆောင်နေပြီး ရီးရဲလ်မက်ဒရစ်ကိုပါ လက်ဦးမှုရယူပြီး ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အမ်းဒရစ်ခ်ဟာ ကြီးမားတဲ့ ကာလရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာမှာဖြစ်တာကြောင့် ပါးမီးရပ်စ်အသင်းဟာ အသက် ၁၆ နှစ်အရွယ် ကစားသမားရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၆၀ အတိုင်း ပြောင်းရွှေ့ကြေးကို တောင်းဆိုသွားဖို့ များနေတာဖြစ်ပါတယ်။

ဒီပမာဏဟာ ငယ်ရွယ်သေးတဲ့ ကစားသမားတစ်ဦးအတွက်တော့ တော်တော်လေး ကြီးမားတဲ့ပမာဏဖြစ်လာမှာဖြစ်ပြီး ပြီးခဲ့တဲ့လကမှ စီနီယာကစားသမားဘဝ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ အမ်းဒရစ်ခ်ဟာ အသက် ၁၈ နှစ်ပြည့်မယ့် ၂၀၂၄ ခုနှစ်မတိုင်ခင်အထိ ဥရောပကို ပြောင်းရွှေ့နိုင်မှာတော့ မဟုတ်သေးတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ဆယ္ေက်ာ္သက္ၾကယ္ပြင့္ အမ္းဒရစ္ခ္ရဲ႕ ဖခင္က သားျဖစ္သူရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး လာမယ့္လပိုင္းအတြင္း ဆုံးျဖတ္သြားမွာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ကို ေခၚယူဖို႔ တိုက္ပြဲဝင္ေနတဲ့ ဥေရာပ ၃ သင္းထဲက တစ္သင္းျဖစ္ပါတယ္။

အသက္ ၁၆ ႏွစ္အ႐ြယ္ ပါးမီးရပ္စ္ၾကယ္ပြင့္ဟာ ယခုရာသီမွာ ဘရာဇီးလ္ထိပ္တန္းလိဂ္မွာ မိနစ္ ၁၈၀ သာ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ၄၅ မိနစ္တိုင္းမွာ အဓိကက်တဲ့ အကူအညီေတြ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အမ္းဒရစ္ခ္ဟာ ဘရာဇီးလ္ႏိုင္ငံမွာ ေနမာလက္သစ္လို႔ ခ်ီးက်ဴးျခင္းခံခဲ့ရၿပီးျဖစ္ၿပီး ေရွ႕က ဘရာဇီးလ္ၾကယ္ပြင့္ေတြအတိုင္းပဲ ဥေရာပကို ေစာေစာစီးစီး ေျပာင္းေ႐ႊ႕မႈျပဳလုပ္သြားလိမ့္မယ္လို႔ တစ္ႀကိဳေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ပါးမီးရပ္စ္ၾကယ္ပြင့္ကို ေခၚယူဖို႔ ထိပ္ဆုံးက ဦးေဆာင္ေနသူေတြအျဖစ္ ကာလရွည္ မွတ္ယူျခင္းခံခဲ့ရၿပီး ေတာင္အေမရိကမွာ အလြန္ေကာင္းမြန္တဲ့ ကစားသမားသစ္စုေဆာင္းေရး ကြန္ရက္တစ္ခု ဖြဲ႕စည္းထားတာေၾကာင့္ ဗယ္လ္ဗာဒီ၊ ဗင္နီးရွပ္စ္ ဂ်ဴနီယာ၊ ႐ိုဒရီဂိုတို႔လိုမ်ိဳး ကစားသမားေတြကို ဆယ္ေက်ာ္သက္အ႐ြယ္မွာပဲ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုက ခ်ဲလ္ဆီးအသင္းဟာ အမ္းဒရစ္ခ္ကို ေခၚယူဖို႔ ျပင္းျပင္းထန္ထန္ တြန္းအားေပးလုပ္ေဆာင္ေနၿပီး ရီးရဲလ္မက္ဒရစ္ကိုပါ လက္ဦးမႈရယူၿပီး ေခၚယူဖို႔ ႀကိဳးပမ္းေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အမ္းဒရစ္ခ္ဟာ ႀကီးမားတဲ့ ကာလရွည္ ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခု ျဖစ္လာမွာျဖစ္တာေၾကာင့္ ပါးမီးရပ္စ္အသင္းဟာ အသက္ ၁၆ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၆၀ အတိုင္း ေျပာင္းေ႐ႊ႕ေၾကးကို ေတာင္းဆိုသြားဖို႔ မ်ားေနတာျဖစ္ပါတယ္။

ဒီပမာဏဟာ ငယ္႐ြယ္ေသးတဲ့ ကစားသမားတစ္ဦးအတြက္ေတာ့ ေတာ္ေတာ္ေလး ႀကီးမားတဲ့ပမာဏျဖစ္လာမွာျဖစ္ၿပီး ၿပီးခဲ့တဲ့လကမွ စီနီယာကစားသမားဘဝ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တဲ့ အမ္းဒရစ္ခ္ဟာ အသက္ ၁၈ ႏွစ္ျပည့္မယ့္ ၂၀၂၄ ခုႏွစ္မတိုင္ခင္အထိ ဥေရာပကို ေျပာင္းေ႐ႊ႕ႏိုင္မွာေတာ့ မဟုတ္ေသးတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.