Premier League

ဆွန်ပြန်မလာနိုင်တော့ဘူးလို့ အတည်ပြုခဲ့တဲ့ ကွန်တီ

ဆွန်ဟောင်မင်ဟာ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဥရုဂွေးနဲ့ ယှဉ်ပြိုင်ကစားရမယ့် တောင်ကိုရီးယားအသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေအောင် တိုက်ပွဲဝင်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူးဟာ ဘယ်ဖက်မျက်လုံးတဝိုက်မှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ မကျင်းပမီ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာမဟုတ်ဘူးလို့ နည်းပြ ကွန်တီက ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယားတိုက်စစ်မှူးဟာ အင်္ဂါနေ့ညက မာဆေးလ်ကို အနိုင်ရရှိခဲ့တဲ့ စပါးစ်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အဲဒီဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ကာတာမှာ ကစားရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပါ မရေမရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ကူလူဆက်ဗ်စကီး၊ ရစ်ချာလီဆန်နဲ့ ခရစ်ရှန် ရိုမဲရိုးတို့ ဒဏ်ရာရရှိနေချိန်မှာ နောက်ထပ် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကွန်တီအတွက် ကမ္ဘာ့ဖလားမတိုင်ခင် ကစားဖို့ ကျန်ရှိနေတဲ့ ၃ ပွဲမှာ ရွေးချယ်စရာမရှိတဲ့အခြေအနေဖြစ်လာတော့မှာဖြစ်ပါတယ်။ စပါးစ်ဟာ တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားပြီးတာနဲ့ လာမယ့်ရက်သတ္တပတ်အလယ်မှာ နော်တင်ဟမ် ဖောရက်စ်နဲ့ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ကစားသွားရမှာဖြစ်ပြီး ပြီးရင်တော့ ကမ္ဘာ့ဖလားအားလပ်ရက်မတိုင်ခင် လိဒ်စ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားသွားရမှာဖြစ်ပါတယ်။

ကွန်တီက အဲဒီပွဲစဉ် ၃ ပွဲစလုံးမှာ တောင်ကိုရီးယားလက်ရွေးစင်တိုက်စစ်မှူး ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ အတည်ပြု ပြောကြားလိုက်တာဖြစ်ပါတယ်။ “ဒီနေ့(သောကြာ)ဆွန်နီ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ အဲဒါက စိတ်ပျက်စရာပါ။ သူ့အတွက်တော့ အဲဒါက စိတ်ပျ်စရာပါ။ သူ ကမ္ဘာ့ဖလားအတွက် အချိန်မီ ပြန်ကောင်းလာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

“သေချာတာတော့ နောက်ဆုံး ၃ ပွဲကို ကျွန်တော်တို့နဲ့အတူ ကစားဖို့က လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ကူလူဆက်ဗ်စကီး၊ ရစ်ချာလီဆန်နဲ့ ရိုမဲရိုးတို့လည်း ဒဏ်ရာရနေတာကြောင့် ကျွန်တော်တို့အတွက် ကံကောင်းတဲ့အချိန်ကာလမဟုတ်ပါဘူး။ အခု ဆွန်နီပါ ဒဏ်ရာရသွားပြီ”

“လူးကပ်စ် မော်ရာက သူ့ရဲ့ ဒဏ်ရာကြောင့် ကောင်းလိုက်၊ မကောင်းလိုက်ပါ။ အဲဒါက မလွယ်ကူပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အခြေအနေကို အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းနဲ့ ရင်ဆိုင်ဖို့ ကြိုးပမ်းသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆြန္ေဟာင္မင္ဟာ ႏိုဝင္ဘာ ၂၄ ရက္ေန႔မွာ ဥ႐ုေဂြးနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ေတာင္ကိုရီးယားအသင္းရဲ႕ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္အတြက္ အဆင္သင့္ျဖစ္ေနေအာင္ တိုက္ပြဲဝင္ရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္တိုက္စစ္မႉးဟာ ဘယ္ဖက္မ်က္လုံးတဝိုက္မွာ ျပင္းထန္တဲ့ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲ မက်င္းပမီ အသင္းအတြက္ ျပန္လည္ကစားေပးႏိုင္ေတာ့မွာမဟုတ္ဘူးလို႔ နည္းျပ ကြန္တီက ေၾကညာခဲ့ပါတယ္။

ေတာင္ကိုရီးယားတိုက္စစ္မႉးဟာ အဂၤါေန႔ညက မာေဆးလ္ကို အႏိုင္ရရွိခဲ့တဲ့ စပါးစ္ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဒဏ္ရာ ရရွိခဲ့တာျဖစ္ၿပီး အဲဒီဒဏ္ရာေၾကာင့္ ခြဲစိတ္ကုသမႈခံယူခဲ့ၿပီးေနာက္ ကာတာမွာ ကစားရမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ပါ မေရမရာျဖစ္လာခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ ကူလူဆက္ဗ္စကီး၊ ရစ္ခ်ာလီဆန္နဲ႔ ခရစ္ရွန္ ႐ိုမဲ႐ိုးတို႔ ဒဏ္ရာရရွိေနခ်ိန္မွာ ေနာက္ထပ္ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ကြန္တီအတြက္ ကမာၻ႔ဖလားမတိုင္ခင္ ကစားဖို႔ က်န္ရွိေနတဲ့ ၃ ပြဲမွာ ေ႐ြးခ်ယ္စရာမရွိတဲ့အေျခအေနျဖစ္လာေတာ့မွာျဖစ္ပါတယ္။ စပါးစ္ဟာ တနဂၤေႏြေန႔မွာ လီဗာပူးလ္အသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားၿပီးတာနဲ႔ လာမယ့္ရက္သတၱပတ္အလယ္မွာ ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ ကာရာေဘာင္းဖလားပြဲစဥ္အျဖစ္ ကစားသြားရမွာျဖစ္ၿပီး ၿပီးရင္ေတာ့ ကမာၻ႔ဖလားအားလပ္ရက္မတိုင္ခင္ လိဒ္စ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ကစားသြားရမွာျဖစ္ပါတယ္။

ကြန္တီက အဲဒီပြဲစဥ္ ၃ ပြဲစလုံးမွာ ေတာင္ကိုရီးယားလက္ေ႐ြးစင္တိုက္စစ္မႉး ပါဝင္ကစားေပးႏိုင္မွာမဟုတ္ဘူးလို႔ အတည္ျပဳ ေျပာၾကားလိုက္တာျဖစ္ပါတယ္။ “ဒီေန႔(ေသာၾကာ)ဆြန္နီ ခြဲစိတ္ကုသမႈ ခံယူခဲ့ပါတယ္။ အဲဒါက စိတ္ပ်က္စရာပါ။ သူ႔အတြက္ေတာ့ အဲဒါက စိတ္ပ်္စရာပါ။ သူ ကမာၻ႔ဖလားအတြက္ အခ်ိန္မီ ျပန္ေကာင္းလာမယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္”

“ေသခ်ာတာေတာ့ ေနာက္ဆုံး ၃ ပြဲကို ကြၽန္ေတာ္တို႔နဲ႔အတူ ကစားဖို႔က လုံးဝ မျဖစ္ႏိုင္ေတာ့ပါဘူး။ ကူလူဆက္ဗ္စကီး၊ ရစ္ခ်ာလီဆန္နဲ႔ ႐ိုမဲ႐ိုးတို႔လည္း ဒဏ္ရာရေနတာေၾကာင့္ ကြၽန္ေတာ္တို႔အတြက္ ကံေကာင္းတဲ့အခ်ိန္ကာလမဟုတ္ပါဘူး။ အခု ဆြန္နီပါ ဒဏ္ရာရသြားၿပီ”

“လူးကပ္စ္ ေမာ္ရာက သူ႔ရဲ႕ ဒဏ္ရာေၾကာင့္ ေကာင္းလိုက္၊ မေကာင္းလိုက္ပါ။ အဲဒါက မလြယ္ကူပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အေျခအေနကို အေကာင္းဆုံးျဖစ္ႏိုင္မယ့္ နည္းလမ္းနဲ႔ ရင္ဆိုင္ဖို႔ ႀကိဳးပမ္းသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.