Ligue1 Premier League

စပါးစ်ကြယ်ပွင့်ရဲ့ ခြေစွမ်းနဲ့အကျိုးသက်ရောက်မှုကို ချီးကျူးခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ တော့တင်ဟမ်ဟော့စပါးနောက်ခံလူ ခရစ်ရှန် ရိုမဲရိုးရဲ့ နိုင်ငံအသင်းနဲ့ စွမ်းဆောင်ရည်အတွက် ချီးကျူး ပြောဆိုခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုမဲရိုးဟာ ၂၀၂၁ ခုနှစ်မှာ အာဂျင်တီးနားအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့အချိန်ကတည်းက လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးပုံစံ ပြသခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးနောက်ခံကစားသမားဟာ ပြီးခဲ့တဲ့နှစ်က အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းထဲမှာလည်း ရွေးချယ်ခြင်း ခံခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်။

စပါးစ်နောက်ခံလူဟာ ယူရိုချန်ပီယံတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယခုနှစ်အစောပိုင်းတုန်းက ဖိုင်နယ်လစ်ဆီမာပွဲစဉ်မှာလည်း အာဂျင်တီးနားအသင်းကို ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားဟာ လက်ရှိမှာ ၃၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက အာဂျင်တီးနားအသင်းရဲ့ ကိုပါ အမေရိကအောင်မြင်မှုကို မှတ်တမ်းတိုရုပ်ရှင်အဖြစ် “Sean Eternos: Campeones de America နာမည်နဲ့ Netflix က ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ မက်ဆီက ရိုမဲရိုးရဲ့ အကျိုးသက်ရောက်မှုကို ချီးကျူး ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကူတီရဲ့ ပါဝင်မှုက ကျွန်တော်တို့အတွက်၊အသင်းရဲ့ အနာဂတ်အတွက်၊ ဒီအခိုက်အတန့်အတွက် သူမတူအောင် ထူးခြားကောင်းမွန်ခဲ့ပါတယ်”လို့ မက်ဆီက ပြောဆိုခဲ့တာဖြစ်ပြီး စပါးစ်နောက်ခံလူကလည်း ဘလွန်ဒေါ ၇ ဆုရှင်ဟာ ၎င်းကို အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ပွဲဦးထွက်ကစားပေးချိန်ကစပြီး အသားကျအောင် ဘယ်လိုကူညီပေးခဲ့လဲဆိုတာကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ အာဂျင်တီးနားနဲ့ ပထမဆုံး လေ့ကျင့်ရေးတုန်းက မက်ဆီက ကျွန်တော့်ကို အားပေးထောက်ခံမှုအပြုလုပ်ခဲ့ဆုံးသူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော် ကိုယ့်ဘာသာကိုယ် အားပေးတာက မှန်ကန်တယ်လို့ ပြောခဲ့ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရိုမဲရိုးဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို မပြောင်းရွှေ့မီ အတ္တလန္တာအသင်းအတွက် ကစားပေးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ရာသီအတွက် စီးရီးအေရဲ့ တစ်နှစ်တာအကောင်းဆုံးနောက်ခံကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး စီးရီးအေကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၃ ပွဲ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ေတာ့တင္ဟမ္ေဟာ့စပါးေနာက္ခံလူ ခရစ္ရွန္ ႐ိုမဲ႐ိုးရဲ႕ ႏိုင္ငံအသင္းနဲ႔ စြမ္းေဆာင္ရည္အတြက္ ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ႐ိုမဲ႐ိုးဟာ ၂၀၂၁ ခုႏွစ္မွာ အာဂ်င္တီးနားအသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တဲ့အခ်ိန္ကတည္းက လက္ေ႐ြးစင္အသင္းအတြက္ အေကာင္းဆုံးပုံစံ ျပသခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ႏွစ္က အာဂ်င္တီးနားအသင္းကို ကိုပါအေမရိကဖလား ရရွိေအာင္ ကူညီေပးႏိုင္ခဲ့သူျဖစ္ၿပီး ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးအသင္းထဲမွာလည္း ေ႐ြးခ်ယ္ျခင္း ခံခဲ့ရတဲ့ ကစားသမားျဖစ္ပါတယ္။

စပါးစ္ေနာက္ခံလူဟာ ယူ႐ိုခ်န္ပီယံေတြနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယခုႏွစ္အေစာပိုင္းတုန္းက ဖိုင္နယ္လစ္ဆီမာပြဲစဥ္မွာလည္း အာဂ်င္တီးနားအသင္းကို ဖလားရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားဟာ လက္ရွိမွာ ၃၅ ပြဲဆက္တိုက္ ရႈံးပြဲမရွိ စံခ်ိန္တင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

မၾကာေသးမီက အာဂ်င္တီးနားအသင္းရဲ႕ ကိုပါ အေမရိကေအာင္ျမင္မႈကို မွတ္တမ္းတို႐ုပ္ရွင္အျဖစ္ “Sean Eternos: Campeones de America နာမည္နဲ႔ Netflix က ႐ိုက္ကူးထားတဲ့ ဗီဒီယိုထဲမွာ မက္ဆီက ႐ိုမဲ႐ိုးရဲ႕ အက်ိဳးသက္ေရာက္မႈကို ခ်ီးက်ဴး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကူတီရဲ႕ ပါဝင္မႈက ကြၽန္ေတာ္တို႔အတြက္၊အသင္းရဲ႕ အနာဂတ္အတြက္၊ ဒီအခိုက္အတန႔္အတြက္ သူမတူေအာင္ ထူးျခားေကာင္းမြန္ခဲ့ပါတယ္”လို႔ မက္ဆီက ေျပာဆိုခဲ့တာျဖစ္ၿပီး စပါးစ္ေနာက္ခံလူကလည္း ဘလြန္ေဒါ ၇ ဆုရွင္ဟာ ၎ကို အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းမွာ ပြဲဦးထြက္ကစားေပးခ်ိန္ကစၿပီး အသားက်ေအာင္ ဘယ္လိုကူညီေပးခဲ့လဲဆိုတာကို ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ့္ရဲ႕ အာဂ်င္တီးနားနဲ႔ ပထမဆုံး ေလ့က်င့္ေရးတုန္းက မက္ဆီက ကြၽန္ေတာ့္ကို အားေပးေထာက္ခံမႈအျပဳလုပ္ခဲ့ဆုံးသူတစ္ဦးျဖစ္ခဲ့ပါတယ္။ သူက ကြၽန္ေတာ္ ကိုယ့္ဘာသာကိုယ္ အားေပးတာက မွန္ကန္တယ္လို႔ ေျပာခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

႐ိုမဲ႐ိုးဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို မေျပာင္းေ႐ႊ႕မီ အတၱလႏၲာအသင္းအတြက္ ကစားေပးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ရာသီအတြက္ စီးရီးေအရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးေနာက္ခံကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ၿပီး စီးရီးေအကလပ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၄၃ ပြဲ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.