Premier League

အရပ်ရှည်တိုင်းလည်း သုံးစားရတာမဟုတ်ဘူးလို့ မာတီနက်ဇ်ဘက်က ထောက်ခံခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးလ်နောက်ခံကစားသမား ဗန်ဒိုက်က မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်အတွက် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အာဂျင်တိုင်းသားအပေါ် ဝေဖန်မှုတွေဟာ အမှိုက်သရိုက်တွေဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

လီဆန်ဒရို မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုင်းယက်စ်ကနေ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာပြီးကတည်းက ၎င်းရဲ့ အရပ်အမောင်း ၅ ပေ ၉ လက်မနဲ့ ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ ဘရန့်တ်ဖို့ဒ်တို့ကို ရာသီအဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်ဂန္တဝင် ကာရေဂါက မာတီနက်ဇ်ရဲ့အရပ်အမောင်းကို ဝေဖန်ခဲ့ပြီး ဘယ်တောင်ပံမှာ ထွက်ကစားတာပိုကောင်းမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နောက်ထပ် လအနည်းငယ်အကြာမှာ နောက်ထပ် လီဗာပူးလ်ကစားသမားဟောင်းဖြစ်တဲ့ ဂရေမီ ဆောင်းနက်စ်ကလည်း မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ အောင်မြင်ဖို့ လုံလောက်တဲ့ ရုပ်ပိုင်းဆိုင်ရာမျိုးမရှိဘူးလို့ ယုံကြည်နေပြီး တည်ကန်ဘောတွေမှာဆို လူကပ်ဖို့ထက် ဂိုးတိုင်နား သွားစောင့်နေတာ ဒါမှမဟုတ် တံတိုင်းကာပေးတာမျိုးလောက်သာ အသုံးပြုခြင်းခံခဲ့ရတယ်လို့ ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီ ဝေဖန်ပြောဆိုမှုတွေအားလုံးအပြီးမှာတော့ လီဗာပူးလ်နဲ့ပတ်သက်တဲ့ တတိယမြောက်ပုဂ္ဂိုလ်ကတော့ မာတီနက်ဇ်ဘက်ကနေ ထောက်ခံအားပေးခဲ့တာဖြစ်ပြီး မကြာသေးမီက Sky Bet ရဲ့ The Overlap အစီအစဉ်မှာ ဂယ်ရီ နဗီးနဲ့ ပြောဆိုမှုအတွင်း အာဂျင်တီးနားနောက်ခံလူအပေါ် ဝေဖန်မှုတွေအားလုံးက အမှိုက်သရိုက်တွေလို့ ထင်လားလို့ မေးမြန်းခံရချိန်မှာ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဟုတ်တယ်။ အမှိုက်သရိုက်တွေပဲ။ ခင်ဗျား ဒီလို ကိစ္စမျိုးကို ထုတ်တောင် မပြောဆိုသင့်ပါဘူး။ ခင်ဗျား နည်းနည်းလေး အရပ်ပိုရှည်တော့ အကူအညီဖြစ်နိုင်တာ မှန်ပေမယ့်လည်း အဲဒါက ခင်ဗျားကို နေရာတိုင်းတော့ အကူအညီဖြစ်စေမှာ မဟုတ်ပါဘူး။ သူက ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ထူးခြားဆန်းကြယ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်”

“သူက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ခေါ်ယူမှုပါ။ အရမ်း စိတ်ဆန္ဒပြင်းပြတယ်။ ဘောလုံးကစားတာ ကောင်းတယ်။ အဲဒီတော့ သူနဲ့ပတ်သက်ပီး ကောင်းတဲ့အရာတွေပဲ ကျွန်တော် ပြောနိုင်ပါတယ်။ သူ လက်ရှိအချိန်အထိ ရရှိထားတဲ့ အောင်မြင်မှုတွေအတွက် ကျွန်တော် လေးစားမှုရှိပါတယ်။ သူ ယူနိုက်တက်အတွက် ကောင်းကောင်း လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပေမယ့်လည်း အောင်မြင်မှုတွေ ရဖို့တော့ မမျှော်လင့်ချင်ပါဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ မာတီနက်ဇ်ရဲ့ အရပ်အမောင်းကို အဓိကထားဝေဖန်နေတာတွေက မှားယွင်းနေတာလားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ဗန်ဒိုက်က “ကျွန်တော်ထင်တာကတော့ အင်္ဂလန်မှာ ရှိနေတဲ့ လူတိုင်းက ကျန်တဲ့လူတွေအားလုံးနဲ့ပတ်သက်ပြီး ပြောဆိုနေကြတာပါ။ ဒီလောက်ပဲ။ အဲဒါက အဆင်ပြေပါတယ်။ ခင်ဗျား အဲဒါကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒါပေမယ့် သူက စွမ်းဆောင်ရည်ကောင်း အများကြီး ပြသထားခဲ့ပြီးဖြစ်ပြီး ဒီလို မဟုတ်တာတွေနဲ့ပတ်သက်ပြီး သူ တွေးနေဖို့တောင် မသင့်ပါဘူး”လို့ ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ေနာက္ခံကစားသမား ဗန္ဒိုက္က မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမား လီဆန္ဒ႐ို မာတီနက္ဇ္အတြက္ ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး အာဂ်င္တိုင္းသားအေပၚ ေဝဖန္မႈေတြဟာ အမႈိက္သ႐ိုက္ေတြျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။

လီဆန္ဒ႐ို မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုင္းယက္စ္ကေန မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္ရွိလာၿပီးကတည္းက ၎ရဲ႕ အရပ္အေမာင္း ၅ ေပ ၉ လက္မနဲ႔ ပတ္သက္ၿပီး အျငင္းအခုံေတြ ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။ ဘ႐ိုက္တန္နဲ႔ ဘရန႔္တ္ဖို႔ဒ္တို႔ကို ရာသီအဖြင့္ပြဲစဥ္ ၂ ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီးေနာက္ လီဗာပူးလ္ဂႏၲဝင္ ကာေရဂါက မာတီနက္ဇ္ရဲ႕အရပ္အေမာင္းကို ေဝဖန္ခဲ့ၿပီး ဘယ္ေတာင္ပံမွာ ထြက္ကစားတာပိုေကာင္းမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ လအနည္းငယ္အၾကာမွာ ေနာက္ထပ္ လီဗာပူးလ္ကစားသမားေဟာင္းျဖစ္တဲ့ ဂေရမီ ေဆာင္းနက္စ္ကလည္း မာတီနက္ဇ္ဟာ ပရီးမီးယားလိဂ္မွာ ေအာင္ျမင္ဖို႔ လုံေလာက္တဲ့ ႐ုပ္ပိုင္းဆိုင္ရာမ်ိဳးမရွိဘူးလို႔ ယုံၾကည္ေနၿပီး တည္ကန္ေဘာေတြမွာဆို လူကပ္ဖို႔ထက္ ဂိုးတိုင္နား သြားေစာင့္ေနတာ ဒါမွမဟုတ္ တံတိုင္းကာေပးတာမ်ိဳးေလာက္သာ အသုံးျပဳျခင္းခံခဲ့ရတယ္လို႔ ေဝဖန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီ ေဝဖန္ေျပာဆိုမႈေတြအားလုံးအၿပီးမွာေတာ့ လီဗာပူးလ္နဲ႔ပတ္သက္တဲ့ တတိယေျမာက္ပုဂၢိဳလ္ကေတာ့ မာတီနက္ဇ္ဘက္ကေန ေထာက္ခံအားေပးခဲ့တာျဖစ္ၿပီး မၾကာေသးမီက Sky Bet ရဲ႕ The Overlap အစီအစဥ္မွာ ဂယ္ရီ နဗီးနဲ႔ ေျပာဆိုမႈအတြင္း အာဂ်င္တီးနားေနာက္ခံလူအေပၚ ေဝဖန္မႈေတြအားလုံးက အမႈိက္သ႐ိုက္ေတြလို႔ ထင္လားလို႔ ေမးျမန္းခံရခ်ိန္မွာ ခံစားခ်က္ကို ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဟုတ္တယ္။ အမႈိက္သ႐ိုက္ေတြပဲ။ ခင္ဗ်ား ဒီလို ကိစၥမ်ိဳးကို ထုတ္ေတာင္ မေျပာဆိုသင့္ပါဘူး။ ခင္ဗ်ား နည္းနည္းေလး အရပ္ပိုရွည္ေတာ့ အကူအညီျဖစ္ႏိုင္တာ မွန္ေပမယ့္လည္း အဲဒါက ခင္ဗ်ားကို ေနရာတိုင္းေတာ့ အကူအညီျဖစ္ေစမွာ မဟုတ္ပါဘူး။ သူက ကြၽန္ေတာ္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ ထူးျခားဆန္းၾကယ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“သူက ယူႏိုက္တက္အတြက္ ေကာင္းမြန္တဲ့ေခၚယူမႈပါ။ အရမ္း စိတ္ဆႏၵျပင္းျပတယ္။ ေဘာလုံးကစားတာ ေကာင္းတယ္။ အဲဒီေတာ့ သူနဲ႔ပတ္သက္ပီး ေကာင္းတဲ့အရာေတြပဲ ကြၽန္ေတာ္ ေျပာႏိုင္ပါတယ္။ သူ လက္ရွိအခ်ိန္အထိ ရရွိထားတဲ့ ေအာင္ျမင္မႈေတြအတြက္ ကြၽန္ေတာ္ ေလးစားမႈရွိပါတယ္။ သူ ယူႏိုက္တက္အတြက္ ေကာင္းေကာင္း လုပ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိေပမယ့္လည္း ေအာင္ျမင္မႈေတြ ရဖို႔ေတာ့ မေမွ်ာ္လင့္ခ်င္ပါဘူး”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ေတြဟာ မာတီနက္ဇ္ရဲ႕ အရပ္အေမာင္းကို အဓိကထားေဝဖန္ေနတာေတြက မွားယြင္းေနတာလားလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ ဗန္ဒိုက္က “ကြၽန္ေတာ္ထင္တာကေတာ့ အဂၤလန္မွာ ရွိေနတဲ့ လူတိုင္းက က်န္တဲ့လူေတြအားလုံးနဲ႔ပတ္သက္ၿပီး ေျပာဆိုေနၾကတာပါ။ ဒီေလာက္ပဲ။ အဲဒါက အဆင္ေျပပါတယ္။ ခင္ဗ်ား အဲဒါကို ေျပာင္းလဲလို႔ မရႏိုင္ပါဘူး။ ဒါေပမယ့္ သူက စြမ္းေဆာင္ရည္ေကာင္း အမ်ားႀကီး ျပသထားခဲ့ၿပီးျဖစ္ၿပီး ဒီလို မဟုတ္တာေတြနဲ႔ပတ္သက္ၿပီး သူ ေတြးေနဖို႔ေတာင္ မသင့္ပါဘူး”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.