La Liga Premier League

အာဆင်နယ်ကို ပြန်လာပြီး ကစားပေးချင်နေတဲ့ ကစားသမားဟောင်း

ယူနပ်စ် မူဆာက အာဆင်နယ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ အလားအလာရှိတယ်လို့ ဝန်ခံခဲ့ပေမယ့် ဗလင်စီယာမှာ အမှန်တကယ်ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ကွင်းလယ်ကစားသမားဟာ အသက် ၉ နှစ်အရွယ်မှာ အာဆင်နယ်အကယ်ဒမီကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဗလင်စီယာအသင်းကို မပြောင်းရွှေ့ခင်အထိ ဂန်းနားတွေနဲ့ ၇ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဗလင်စီယာအသင်းမှာ အဓိကကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနေသူဖြစ်ပြီး ယခုလ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ယူအက်စ်အေလူစာရင်းထဲမှာ ပါဝင်ဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

မူဆာဟာ ၂၀၁၆ ခုနှစ်အထိ သက်တမ်းကျန်ရှိသေးတဲ့ ဗလင်စီယာနဲ့ စာချုပ်ထဲမှာ စာချုပ်လျော်ကြေး ယူရိုသန်း ၁၀၀ ကို ထည့်သွင်းချုပ်ဆိုထားတယ်လို့ နားလည်ရပြီး ယူအက်စ်အေကွင်းလယ်ကစားသမားဟာ အာဆင်နယ်၊ လီဗာပူးလ်၊ ဂျူဗင်တပ်တို့နဲ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အာဆင်နယ်ကို ပြန်လည်ပြောင်းရွှေ့နိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ မူဆာက “ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ ကျွန်တော် အာဆင်နယ်မှာ အရမ်းကောင်းတဲ့အချိန်တွေ ရှိခဲ့ပြီး အဲဒီမှာ တိုးတက်လာခဲ့တယ်။ အဲဒီမှာ ကျွန်တော့်သူငယ်ချင်းတွေ ရှိနေတုန်းပါပဲ”

“နည်းပြတွေက အရမ်းတော်ကြတယ်။ ယေဘုယျအားဖြင့် အာဆင်နယ်ကစားသမားဖြစ်ရတာက အရမ်းကောင်းပါတယ်။ ကျွန်တော် အာဆင်နယ်အတွက် ကစားပေးရတာကို နှစ်သက်မြတ်နိုးတယ်။ ကျွန်တော် အသင်းနဲ့ ဘာမှ ဆန့်ကျင်ဘက်လုပ်ခဲ့တာမျိုးမရှိပါဘူး”

“တကယ်လို့ တစ်နေ့မှာ အဲဒါက အဲဒီကို ပြန်သွားဖို့ အခွင့်အရေးဖြစ်လာမှာဖြစ်ပြီး ဖြစ်နိုင်မယ်ဆိုရင် ပြန်သွားမှာပါ။ အခုတော့ ကျွန်တော် ဗလင်စီယာမှာ တကယ်ကို ပျော်ရွှင်နေပါတယ်။ ကျွန်တော် ဒီရာသီမှာ အခု ကျွန်တော်တို့ လုပ်နေတဲ့ပုံစံအတိုင်းပဲ ဆက်လုပ်သွားဖို့ စောင့်မျှော်နေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူနပ္စ္ မူဆာက အာဆင္နယ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ အလားအလာရွိတယ္လို႔ ဝန္ခံခဲ့ေပမယ့္ ဗလင္စီယာမွာ အမွန္တကယ္ေပ်ာ္႐ႊင္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ကြင္းလယ္ကစားသမားဟာ အသက္ ၉ ႏွစ္အ႐ြယ္မွာ အာဆင္နယ္အကယ္ဒမီကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ ဗလင္စီယာအသင္းကို မေျပာင္းေ႐ႊ႕ခင္အထိ ဂန္းနားေတြနဲ႔ ၇ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ဗလင္စီယာအသင္းမွာ အဓိကကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသေနသူျဖစ္ၿပီး ယခုလ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ယူအက္စ္ေအလူစာရင္းထဲမွာ ပါဝင္ဖို႔ ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။

မူဆာဟာ ၂၀၁၆ ခုႏွစ္အထိ သက္တမ္းက်န္ရွိေသးတဲ့ ဗလင္စီယာနဲ႔ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၁၀၀ ကို ထည့္သြင္းခ်ဳပ္ဆိုထားတယ္လို႔ နားလည္ရၿပီး ယူအက္စ္ေအကြင္းလယ္ကစားသမားဟာ အာဆင္နယ္၊ လီဗာပူးလ္၊ ဂ်ဴဗင္တပ္တို႔နဲ႔သတင္းေတြထြက္ေပၚေနတာျဖစ္ပါတယ္။

အာဆင္နယ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ႏိုင္ေျခနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ မူဆာက “ခင္ဗ်ား ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ပါဘူး။ ကြၽန္ေတာ္ အာဆင္နယ္မွာ အရမ္းေကာင္းတဲ့အခ်ိန္ေတြ ရွိခဲ့ၿပီး အဲဒီမွာ တိုးတက္လာခဲ့တယ္။ အဲဒီမွာ ကြၽန္ေတာ့္သူငယ္ခ်င္းေတြ ရွိေနတုန္းပါပဲ”

“နည္းျပေတြက အရမ္းေတာ္ၾကတယ္။ ေယဘုယ်အားျဖင့္ အာဆင္နယ္ကစားသမားျဖစ္ရတာက အရမ္းေကာင္းပါတယ္။ ကြၽန္ေတာ္ အာဆင္နယ္အတြက္ ကစားေပးရတာကို ႏွစ္သက္ျမတ္ႏိုးတယ္။ ကြၽန္ေတာ္ အသင္းနဲ႔ ဘာမွ ဆန႔္က်င္ဘက္လုပ္ခဲ့တာမ်ိဳးမရွိပါဘူး”

“တကယ္လို႔ တစ္ေန႔မွာ အဲဒါက အဲဒီကို ျပန္သြားဖို႔ အခြင့္အေရးျဖစ္လာမွာျဖစ္ၿပီး ျဖစ္ႏိုင္မယ္ဆိုရင္ ျပန္သြားမွာပါ။ အခုေတာ့ ကြၽန္ေတာ္ ဗလင္စီယာမွာ တကယ္ကို ေပ်ာ္႐ႊင္ေနပါတယ္။ ကြၽန္ေတာ္ ဒီရာသီမွာ အခု ကြၽန္ေတာ္တို႔ လုပ္ေနတဲ့ပုံစံအတိုင္းပဲ ဆက္လုပ္သြားဖို႔ ေစာင့္ေမွ်ာ္ေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.