Premier League

ကလော့ပ်ကို မနှစ်က ခံထားရတာကို အမှတ်ရဖို့ သတိပေးခဲ့တဲ့ ကွန်တီ

အန်တိုနီယို ကွန်တီက ပြီးခဲ့တဲ့ရာသီက တော့တင်ဟမ်ဟော့စပါးနဲ့ပတ်သက်ပြီး ယာဂန် ကလော့ပ်ရဲ့ ကဲ့ရဲ့မှုနဲ့ပတ်သက်ပြီး ပြဿနာမရှိဘူးလို့ ပြောကြားခဲ့ပြီး လီဗာပူးလ်နည်းပြကို ပရီးမီးယားလိဂ်ဆုဖလားနဲ့ လွဲချော်အောင် ဒုက္ခပေးခဲ့တယ်လို့ သတိပေးခဲ့ပါတယ်။

ကလော့ပ်ဟာ မေလက အန်းဖီးမှာ ၁-၁ သရေကျခဲ့တဲ့ ပွဲစဉ်က တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် လီဗာပူးလ်ဟာ နောက်ဆုံးမှာတော့ မန်စီးတီးနဲ့ ဆုဖလားပြိုင်ပွဲမှာ အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ စပါးစ်နဲ့ အိမ်ကွင်းမှာ သရေကျခဲ့တဲ့ပွဲစဉ်အပြီး ကလော့ပ်က “ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော်က ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးရဖို့ မှားယွင်း ပုဂ္ဂိုလ်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီလို ဘောလုံးကစားပုံမျိုး မနှစ်သက်လို့ပါ”

“ဒါပေမယ့် အဲဒါက ကျွန်တော့်ရဲ့ တစ်ဦးတည်းပြဿနာပါ။ သူတို့တွေက ကမ္ဘာ့အဆင့်ဖြစ်ပြီး ဒီပွဲစဉ်အတွက် ဒီထက်ပိုပြီး လုပ်သင့်တယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တနင်္ဂနွေနေ့ညနေ လီဗာပူးလ်နဲ့ ကစားရမယ့် စပါးစ်ရဲ့ ပွဲစဉ်မတိုင်ခင်မှာ ကွန်တီက ကလော့ပ်ရဲ့ စိတ်ပျက်မှုကို နားလည်တယ်လို့ ပြောကြားခဲ့ပြီး လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်း စီးတီးကို ပေးခဲ့တဲ့ စိန်ခေါ်မှုနဲ့ပတ်သက်ပြီး ဂုဏ်ယူသင့်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးရဲ့ ချဉ်းကပ်ပုံနဲ့ပတ်သက်ပြီး ကလော့ပ်ရဲ့ မှတ်ချက်စကားတွေက ရွံမုန်းနေတဲ့ပုံစံမျိုး ဖြစ်နေလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ကွန်တီက “ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျား ဒီရလဒ်ကြောင့် သူ ပရီးမီးယားလိဂ်ဖလားကို ဆုံးရှုံးခဲ့ရတယ်ဆိုတာကို အမှတ်ရမလားမသိဘူး။ သူ့ရဲ့ စိတ်ပျက်မှုကို ကျွန်တော် နားလည်ပါတယ်။ သူတို့တွေ ဒီ ၂ မှတ်လေးလျော့ကျသွားလို့ ပရီးမီးယားလိဂ်ဖလားကို ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် ခင်ဗျား သိလား။ ကျွန်တော်တို့ကတော့ အဲဒီ သရေ ၁ မှတ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တယ်”

“နည်းပြတိုင်းက သူတို့ရဲ့အသင်းအတွက် စကားပြောကြတာ အဆင်ပြေပါတယ်။ နည်းပြတိုင်းအတွက် ရလဒ်ကောင်းရဖို့ အကောင်းဆုံးနည်းဗျူဟာက ဘာလဲဆိုတာကို နားလည်ဖို့လဲ အရေးကြီးပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ လီဗာပူးလ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ကို ပြန်ကြည့်ခဲ့တယ်။ တကယ်လို့ အဲဒီပွဲမှာ အနိုင်ရဖို့ ထိုက်တန်ခဲ့တဲ့အသင်းရှိခဲ့တယ်ဆိုရင် အဲဒါက တော့တင်ဟမ်ပဲ။ လီဗာပူးလ်မဟုတ်ပါဘူး။ ဒါပေမယ့် ပွဲအပြီးမှာ ခင်ဗျား ပရီးမီးယားလိဂ်ဖလားကို ဆုံးရှုံးရပြီလို့ ခံစားခဲ့ရချိန်မှာ တခြားအသင်းနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ပြောဆိုမှုတွေ ပြုလုပ်မိတာ ကျွန်တော် နားလည်ပါတယ်”

“ဒါပေမယ့် သူက ဆောရီးလို့ ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ နားလည်ခဲ့လို့ပါ။ ကျွန်တော့်အတွက် ပြသနာမရှိပါဘူး။ ခင်ဗျား ဒေါသထွက်နေတဲ့အချိန်မှာ ခင်ဗျားစိတ်ခံစားချက်ကို ထိန်းချုပ်ဖို့က အရမ်းခက်ပါတယ်။ ပထမဆုံးအနေနဲ့ လီဗာပူးလ်က နောက်ဆုံး ၅ နှစ်အတွင်းမှာ မန်စီးတီးအတွက် အရမ်းကြီးမားတဲ့ပြိုင်ဘက်တွေဖြစ်ခဲ့လို့ ဂုဏ်ယူရမယ်လို့ ထင်ပါတယ်။ လီဗာပူးလ်သာမရှိရင် စီးတီးက အီတလီမှာ ဂျူဗင်တပ်လုပ်နေတဲ့ပုံစံအတိုင်း လုပ်နေလိမ့်မယ်လို့ ထင်တယ်။ ဒီအကြောင်းကြောင့် သူတို့တွေ ဒီအဆင့်အထိ ရောက်လာတာကို ဂုဏ်ယူရမှာဖြစ်ပြီး သူတို့တွေ ဒီနှစ်တွေမှာ အများကြီးတိုးတက်လာတယ်လို့ ကျွန်တော် ထင်တယ်”

“သေချာတာပေါ့။ သူတို့တွေ ငွေကြေးသုံးစွဲခဲ့တယ်။ ဒါပေမယ့် ကလော့ပ်က လီဗာပူးလ်ကို ပြောင်းလဲပေးခဲ့ပြီး အသင်းက သူ့ကို ရင်းနှီးမြှုပ်နှံပေးခဲ့တယ်။ ကျွန်တော်တို့က ကမ္ဘာပေါ်မှာ ငွေကြေးအများအပြား သုံးစွဲနိုင်တဲ့ အရေးပါတဲ့အသင်းအကြောင်း ပြောနေတာပါ။ ဒါပေမယ့် ငွေကို မှန်ကန်တဲ့နည်းလမ်းအတိုင်း သုံးစွဲတတ်ဖို့လည်း အရေးကြီးပါတယ်။ တစ်ခါတလေ ခင်ဗျား ကစးသမားတွေကို ပေါင်သန်း ၅၀၊ ၆၀၊ ၈၀၊ ၁၀၀၊ ၁၂၀ ပေးဝယ်နိုင်တယ်။ အဲဒါက အရင်တုန်းက ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ခင်ဗျားရဲ့ ငွေကို ဖြုန်းတီးပစ်ခဲ့တာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္တိုနီယို ကြန္တီက ၿပီးခဲ့တဲ့ရာသီက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ပတ္သက္ၿပီး ယာဂန္ ကေလာ့ပ္ရဲ႕ ကဲ့ရဲ႕မႈနဲ႔ပတ္သက္ၿပီး ျပႆနာမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး လီဗာပူးလ္နည္းျပကို ပရီးမီးယားလိဂ္ဆုဖလားနဲ႔ လြဲေခ်ာ္ေအာင္ ဒုကၡေပးခဲ့တယ္လို႔ သတိေပးခဲ့ပါတယ္။

ကေလာ့ပ္ဟာ ေမလက အန္းဖီးမွာ ၁-၁ သေရက်ခဲ့တဲ့ ပြဲစဥ္က ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ စြမ္းေဆာင္ရည္ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ၿပီး ဒီရလဒ္ေၾကာင့္ လီဗာပူးလ္ဟာ ေနာက္ဆုံးမွာေတာ့ မန္စီးတီးနဲ႔ ဆုဖလားၿပိဳင္ပြဲမွာ အေရးနိမ့္သြားခဲ့တာျဖစ္ပါတယ္။ စပါးစ္နဲ႔ အိမ္ကြင္းမွာ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီး ကေလာ့ပ္က “ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။ ကြၽန္ေတာ္က ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ေမးရဖို႔ မွားယြင္း ပုဂၢိဳလ္ပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ဒီလို ေဘာလုံးကစားပုံမ်ိဳး မႏွစ္သက္လို႔ပါ”

“ဒါေပမယ့္ အဲဒါက ကြၽန္ေတာ့္ရဲ႕ တစ္ဦးတည္းျပႆနာပါ။ သူတို႔ေတြက ကမာၻ႔အဆင့္ျဖစ္ၿပီး ဒီပြဲစဥ္အတြက္ ဒီထက္ပိုၿပီး လုပ္သင့္တယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း တနဂၤေႏြေန႔ညေန လီဗာပူးလ္နဲ႔ ကစားရမယ့္ စပါးစ္ရဲ႕ ပြဲစဥ္မတိုင္ခင္မွာ ကြန္တီက ကေလာ့ပ္ရဲ႕ စိတ္ပ်က္မႈကို နားလည္တယ္လို႔ ေျပာၾကားခဲ့ၿပီး လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီအနည္းငယ္အတြင္း စီးတီးကို ေပးခဲ့တဲ့ စိန္ေခၚမႈနဲ႔ပတ္သက္ၿပီး ဂုဏ္ယူသင့္တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးရဲ႕ ခ်ဥ္းကပ္ပုံနဲ႔ပတ္သက္ၿပီး ကေလာ့ပ္ရဲ႕ မွတ္ခ်က္စကားေတြက ႐ြံမုန္းေနတဲ့ပုံစံမ်ိဳး ျဖစ္ေနလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ကြန္တီက “ဟုတ္ပါတယ္။ ဒါေပမယ့္ ခင္ဗ်ား ဒီရလဒ္ေၾကာင့္ သူ ပရီးမီးယားလိဂ္ဖလားကို ဆုံးရႈံးခဲ့ရတယ္ဆိုတာကို အမွတ္ရမလားမသိဘူး။ သူ႔ရဲ႕ စိတ္ပ်က္မႈကို ကြၽန္ေတာ္ နားလည္ပါတယ္။ သူတို႔ေတြ ဒီ ၂ မွတ္ေလးေလ်ာ့က်သြားလို႔ ပရီးမီးယားလိဂ္ဖလားကို ဆုံးရႈံးခဲ့ရတယ္။ ဒါေပမယ့္ ခင္ဗ်ား သိလား။ ကြၽန္ေတာ္တို႔ကေတာ့ အဲဒီ သေရ ၁ မွတ္နဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့တယ္”

“နည္းျပတိုင္းက သူတို႔ရဲ႕အသင္းအတြက္ စကားေျပာၾကတာ အဆင္ေျပပါတယ္။ နည္းျပတိုင္းအတြက္ ရလဒ္ေကာင္းရဖို႔ အေကာင္းဆုံးနည္းဗ်ဴဟာက ဘာလဲဆိုတာကို နားလည္ဖို႔လဲ အေရးႀကီးပါတယ္။ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္တို႔ လီဗာပူးလ္နဲ႔ ေနာက္ဆုံးကစားခဲ့တဲ့ပြဲစဥ္ကို ျပန္ၾကည့္ခဲ့တယ္။ တကယ္လို႔ အဲဒီပြဲမွာ အႏိုင္ရဖို႔ ထိုက္တန္ခဲ့တဲ့အသင္းရွိခဲ့တယ္ဆိုရင္ အဲဒါက ေတာ့တင္ဟမ္ပဲ။ လီဗာပူးလ္မဟုတ္ပါဘူး။ ဒါေပမယ့္ ပြဲအၿပီးမွာ ခင္ဗ်ား ပရီးမီးယားလိဂ္ဖလားကို ဆုံးရႈံးရၿပီလို႔ ခံစားခဲ့ရခ်ိန္မွာ တျခားအသင္းနဲ႔ပတ္သက္ၿပီး မွားယြင္းတဲ့ေျပာဆိုမႈေတြ ျပဳလုပ္မိတာ ကြၽန္ေတာ္ နားလည္ပါတယ္”

“ဒါေပမယ့္ သူက ေဆာရီးလို႔ ေျပာခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူ နားလည္ခဲ့လို႔ပါ။ ကြၽန္ေတာ့္အတြက္ ျပသနာမရွိပါဘူး။ ခင္ဗ်ား ေဒါသထြက္ေနတဲ့အခ်ိန္မွာ ခင္ဗ်ားစိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ဖို႔က အရမ္းခက္ပါတယ္။ ပထမဆုံးအေနနဲ႔ လီဗာပူးလ္က ေနာက္ဆုံး ၅ ႏွစ္အတြင္းမွာ မန္စီးတီးအတြက္ အရမ္းႀကီးမားတဲ့ၿပိဳင္ဘက္ေတြျဖစ္ခဲ့လို႔ ဂုဏ္ယူရမယ္လို႔ ထင္ပါတယ္။ လီဗာပူးလ္သာမရွိရင္ စီးတီးက အီတလီမွာ ဂ်ဴဗင္တပ္လုပ္ေနတဲ့ပုံစံအတိုင္း လုပ္ေနလိမ့္မယ္လို႔ ထင္တယ္။ ဒီအေၾကာင္းေၾကာင့္ သူတို႔ေတြ ဒီအဆင့္အထိ ေရာက္လာတာကို ဂုဏ္ယူရမွာျဖစ္ၿပီး သူတို႔ေတြ ဒီႏွစ္ေတြမွာ အမ်ားႀကီးတိုးတက္လာတယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“ေသခ်ာတာေပါ့။ သူတို႔ေတြ ေငြေၾကးသုံးစြဲခဲ့တယ္။ ဒါေပမယ့္ ကေလာ့ပ္က လီဗာပူးလ္ကို ေျပာင္းလဲေပးခဲ့ၿပီး အသင္းက သူ႔ကို ရင္းႏွီးျမႇဳပ္ႏွံေပးခဲ့တယ္။ ကြၽန္ေတာ္တို႔က ကမာၻေပၚမွာ ေငြေၾကးအမ်ားအျပား သုံးစြဲႏိုင္တဲ့ အေရးပါတဲ့အသင္းအေၾကာင္း ေျပာေနတာပါ။ ဒါေပမယ့္ ေငြကို မွန္ကန္တဲ့နည္းလမ္းအတိုင္း သုံးစြဲတတ္ဖို႔လည္း အေရးႀကီးပါတယ္။ တစ္ခါတေလ ခင္ဗ်ား ကစးသမားေတြကို ေပါင္သန္း ၅၀၊ ၆၀၊ ၈၀၊ ၁၀၀၊ ၁၂၀ ေပးဝယ္ႏိုင္တယ္။ အဲဒါက အရင္တုန္းက ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ခင္ဗ်ားရဲ႕ ေငြကို ျဖဳန္းတီးပစ္ခဲ့တာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.