Premier League UCL&UEL

အနိုင်ဂိုးရှင်ကို ဘလိုင်းကြီး ဝေဖန်ခဲ့တဲ့ ဖာနန်ဒက်စ်ကို တုံ့ပြန်ခဲ့တဲ့ ဆပ်တန်

ခရစ္စ ဆပ်တန်ဟာ ကြာသပတေးနေ့ညက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်ဆိုစီဒက်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အနိုင်ဂိုးရှင် အလက်ဟန်းဒရိုး ဂါနာချိုကို ပြစ်တင်ဝေဖန်မှုအတွက် ဘရူနို ဖာနန်ဒက်စ်ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်လူငယ်ကစားသမားဟာ အထင်ကြီးဖွယ် စွမ်းဆောင်ရည် ပြသပြီး စပိန်မြေမှာ မန်ချက်စတာယူနိုက်တက်အသင်း အနိုင်ရရှိစေမယ့် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပေမယ့် အဲဒီဂိုးက တန်ဟက်ရဲ့အသင်းကို အုပ်စု ပထမနဲ့ နောက်တဆင့် တက်ရောက်နိုင်ဖို့မလုံလောက်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ရီးရဲလ် ဆိုစီဒက်နဲ့ ဂိုးကွာခြားချက်ကြောင့် အုပ်စု ဒုတိယအဖြစ်နဲ့သာ နောက်တဆင့် တက်ရောက်နိုင်ခဲ့တဲ့အတွက် လာမယ့် ဖေဖော်ဝါရီလမှာ ချန်ပီယံလိဂ်က ပြုတ်လာတဲ့ ၈ သင်းထဲက တစ်သင်းနဲ့ Play-off ၂ ကျော့ ကစားသွားရတော့မှာ ဖြစ်ပါတယ်။

ဂါနာချိုဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် တစ်ခါတရံမှသာ ပါဝင်ကစားပေးခွင့်ရရှိခဲ့သူဖြစ်ပြီး ရီးရဲလ် ဆိုစီဒက်နဲ့ပွဲအပြီးမှာ ဖာနန်ဒက်စ်က လူငယ်တောင်ပံ ကစားသမားဟာ ရာသီကြိုကာလအတွင်း ဆိုးရွားတဲ့ ခံယူချက်ကြောင့် ပထမအသင်းမှာ ပါဝင်ကစားပေးဖို့ အခွင့်အရေး မရရှိခဲ့တာဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ဆီကနေ အများကြီး မျှော်လင့်ထားတယ်ဆိုတာကို သူသိမှာပါ။ သူက အရမ်းငယ်ရွယ်သေးတယ်ဆိုတာာ သိသာပြီး သူ တကယ် အရမ်းကောင်းကောင်း လုပ်နေပါတယ်။ ရာသီအစပိုင်းတုန်းက သူက အကောင်းဆုံးပုံစံမှာရှိမနေခဲ့ပါဘူး”

“ရာသီကြို ခရီးစဉ်တုန်းက သူက သူ့မှာ ရှိသင့်တဲ့ အကောင်းဆုံး ခံယူချက်မျိုး မရှိခဲ့ဘူး။ အဲဒါကြောင့်ပဲ သူ အခုအချိန်အထိ သူ့ရဲ့အခွင့်အရေးကို မရခဲ့တာပေါ့။ သူက အခု သူ့အခွင့်အရေးတွေ ရနေတယ်။ ဘာလို့လဲဆိုတော့ ပိုပြီးကောင်းကောင်း လေ့ကျင့်နိုင်ခဲ့လို့ပါ။ သူ့မှာ ကွာခြားတဲ့ ခံယူချက်ရှိခဲ့ပြီး သူ့ရဲ့ အခွင့်အရေးနဲ့ ထိုက်တန်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂါနာချိုနဲ့ပတ်သက်ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ မှတ်ချက်စကားအကြောင်း မေးမြန်းခဲ့ရာမှာ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က “လုံးဝကို ပြောဖို့ မလိုအပ်ပါဘူး။ မန်ချက်စတာယူနိုက်တက်ဆီကနေ တန်ဟက် ထွက်ပေါ်လာစေချင်တဲ့ သတင်းစကားက နာလိုဖွယ်ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

“ကျွန်တော် အဲဒီလို သူ ပြောခဲ့တာကို တကယ် အံ့အားသင့်မိခဲ့တယ်။ သူ့အနေနဲ့ မတူညီတဲ့ ဘာသာစကားကို အသုံးပြုခဲ့ရမှာပါ။ ဂါနာချိုက ဒီည အရမ်းကောင်းတဲ့ပွဲတစ်ပွဲ ပိုင်ဆိုင်ခဲ့တာပါ။ သူက မန်ချက်စတာယူနိုက်တက်မှာရှိခဲ့တဲ့ တကယ့်ခြိမ်းခြောက်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ဘရူနိုဆီက မှတ်ချက်စကားကို ကျွန်တော် နားမလည်နိုင်ပါဘူး။ သူက အဲဒီထက် ပိုပြီးတော့ ကောင်းပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥ ဆပ္တန္ဟာ ၾကာသပေတးေန႔ညက ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ရီးရဲလ္ဆိုစီဒက္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အႏိုင္ဂိုးရွင္ အလက္ဟန္းဒ႐ိုး ဂါနာခ်ိဳကို ျပစ္တင္ေဝဖန္မႈအတြက္ ဘ႐ူႏို ဖာနန္ဒက္စ္ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္လူငယ္ကစားသမားဟာ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ ျပသၿပီး စပိန္ေျမမွာ မန္ခ်က္စတာယူႏိုက္တက္အသင္း အႏိုင္ရရွိေစမယ့္ တစ္လုံးတည္းေသာ သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ေပမယ့္ အဲဒီဂိုးက တန္ဟက္ရဲ႕အသင္းကို အုပ္စု ပထမနဲ႔ ေနာက္တဆင့္ တက္ေရာက္ႏိုင္ဖို႔မလုံေလာက္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ရီးရဲလ္ ဆိုစီဒက္နဲ႔ ဂိုးကြာျခားခ်က္ေၾကာင့္ အုပ္စု ဒုတိယအျဖစ္နဲ႔သာ ေနာက္တဆင့္ တက္ေရာက္ႏိုင္ခဲ့တဲ့အတြက္ လာမယ့္ ေဖေဖာ္ဝါရီလမွာ ခ်န္ပီယံလိဂ္က ျပဳတ္လာတဲ့ ၈ သင္းထဲက တစ္သင္းနဲ႔ Play-off ၂ ေက်ာ့ ကစားသြားရေတာ့မွာ ျဖစ္ပါတယ္။

ဂါနာခ်ိဳဟာ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ တစ္ခါတရံမွသာ ပါဝင္ကစားေပးခြင့္ရရွိခဲ့သူျဖစ္ၿပီး ရီးရဲလ္ ဆိုစီဒက္နဲ႔ပြဲအၿပီးမွာ ဖာနန္ဒက္စ္က လူငယ္ေတာင္ပံ ကစားသမားဟာ ရာသီႀကိဳကာလအတြင္း ဆိုး႐ြားတဲ့ ခံယူခ်က္ေၾကာင့္ ပထမအသင္းမွာ ပါဝင္ကစားေပးဖို႔ အခြင့္အေရး မရရွိခဲ့တာျဖစ္တယ္လို႔ စြပ္စြဲေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူက ေကာင္းပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သူ႔ဆီကေန အမ်ားႀကီး ေမွ်ာ္လင့္ထားတယ္ဆိုတာကို သူသိမွာပါ။ သူက အရမ္းငယ္႐ြယ္ေသးတယ္ဆိုတာာ သိသာၿပီး သူ တကယ္ အရမ္းေကာင္းေကာင္း လုပ္ေနပါတယ္။ ရာသီအစပိုင္းတုန္းက သူက အေကာင္းဆုံးပုံစံမွာရွိမေနခဲ့ပါဘူး”

“ရာသီႀကိဳ ခရီးစဥ္တုန္းက သူက သူ႔မွာ ရွိသင့္တဲ့ အေကာင္းဆုံး ခံယူခ်က္မ်ိဳး မရွိခဲ့ဘူး။ အဲဒါေၾကာင့္ပဲ သူ အခုအခ်ိန္အထိ သူ႔ရဲ႕အခြင့္အေရးကို မရခဲ့တာေပါ့။ သူက အခု သူ႔အခြင့္အေရးေတြ ရေနတယ္။ ဘာလို႔လဲဆိုေတာ့ ပိုၿပီးေကာင္းေကာင္း ေလ့က်င့္ႏိုင္ခဲ့လို႔ပါ။ သူ႔မွာ ကြာျခားတဲ့ ခံယူခ်က္ရွိခဲ့ၿပီး သူ႔ရဲ႕ အခြင့္အေရးနဲ႔ ထိုက္တန္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂါနာခ်ိဳနဲ႔ပတ္သက္ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ မွတ္ခ်က္စကားအေၾကာင္း ေမးျမန္းခဲ့ရာမွာ ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း ခရစၥ ဆပ္တန္က “လုံးဝကို ေျပာဖို႔ မလိုအပ္ပါဘူး။ မန္ခ်က္စတာယူႏိုက္တက္ဆီကေန တန္ဟက္ ထြက္ေပၚလာေစခ်င္တဲ့ သတင္းစကားက နာလိုဖြယ္ျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“ကြၽန္ေတာ္ အဲဒီလို သူ ေျပာခဲ့တာကို တကယ္ အံ့အားသင့္မိခဲ့တယ္။ သူ႔အေနနဲ႔ မတူညီတဲ့ ဘာသာစကားကို အသုံးျပဳခဲ့ရမွာပါ။ ဂါနာခ်ိဳက ဒီည အရမ္းေကာင္းတဲ့ပြဲတစ္ပြဲ ပိုင္ဆိုင္ခဲ့တာပါ။ သူက မန္ခ်က္စတာယူႏိုက္တက္မွာရွိခဲ့တဲ့ တကယ့္ၿခိမ္းေျခာက္မႈ တစ္ခုျဖစ္ခဲ့ပါတယ္။ ဘ႐ူႏိုဆီက မွတ္ခ်က္စကားကို ကြၽန္ေတာ္ နားမလည္ႏိုင္ပါဘူး။ သူက အဲဒီထက္ ပိုၿပီးေတာ့ ေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.