Premier League

၁၀.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဝါေခါင္လျပည့္ေက်ာ္ ၈ ရက္၊ ၾကာသပေတးေန႔။

၁၀.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဝါေခါင္လျပည့္ေက်ာ္ ၈ ရက္၊ ၾကာသပေတးေန႔၊ ျပႆဒါး၊ ဝါရမိတၱဳငယ္၊ ရက္ပုပ္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၄:၃၄ အထိ တိထီ ၈ လုံး။ ေက်ာ္လွ်င္ ၉ လုံး။ ၈ လုံးတြင္ အၿမိတၱယုဂ္၊ လႊသြားယုဂ္ႏွင့္ အဆိပ္ယုဂ္၊ ယုဂ္မ်ား ေရာေထြးေနသည္၊ အလိုရွိရာကို ခုိင္မာစြာ စဥ္းစားဆုံးျဖတ္ အာ႐ုံျပဳၿပီးမွ လုပ္ပါေလ။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၄:၃၇ အထိ ေရာဟိဏီနကၡတ္။ ေက်ာ္လွ်င္ မိဂသီနကၡတ္။ ည ၁၉:၃၄ အထိ ဝဇီရယုဂ္၊ စိန္ကဲ့သို႔ မာေက်ာတန္ဖိုးရွိျခင္း၊ မိုးႀကဳိးကဲ့သို႔ ဖ်က္အားျပင္းထန္ျခင္း၊ ေရွ႕တုိး၍ မိ္မိအင္အားျဖင့္ ထိုးေဖာက္ေဆာင္ရြက္ရန္ကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ညႇိႏွဳိင္းေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္ရန္ မသင့္ေတာ္ပါ။ ေက်ာ္လွ်င္ သိဒၶိယုဂ္၊ ေအာင္ျမင္မွဳရျခင္း၊ အကာအကြယ္ရျခင္း၊ ကၽြမ္းက်င္မွဳျဖင့္ ၿပီးျပည့္စုံေစျခင္းျဖစ္၍ မိမိ ကၽြမ္းက်င္ပိုင္ႏုိင္ေသာအလုပ္အား ေရြးခ်ယ္လုပ္ေဆာင္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၅:၅၄ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၄:၃၄ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၄:၃၄ အထိ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မုိးျပာေရာင္။ ေက်ာ္လွ်င္ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၀.၉.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်၊ ကြာသပတေးနေ့၊ ပြဿဒါး၊ ဝါရမိတ္တုငယ်၊ ရက်ပုပ်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၄:၃၄ အထိ တိထီ ၈ လုံး။ ကျော်လျှင် ၉ လုံး။ ၈ လုံးတွင် အမြိတ္တယုဂ်၊ လွှသွားယုဂ်နှင့် အဆိပ်ယုဂ်၊ ယုဂ်များ ရောထွေးနေသည်၊ အလိုရှိရာကို ခိုင်မာစွာ စဉ်းစားဆုံးဖြတ် အာရုံပြုပြီးမှ လုပ်ပါလေ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၄:၃၇ အထိ ရောဟိဏီနက္ခတ်။ ကျော်လျှင် မိဂသီနက္ခတ်။ ည ၁၉:၃၄ အထိ ဝဇီရယုဂ်၊ စိန်ကဲ့သို့ မာကျောတန်ဖိုးရှိခြင်း၊ မိုးကြိုးကဲ့သို့ ဖျက်အားပြင်းထန်ခြင်း၊ ရှေ့တိုး၍ မိမိအင်အားဖြင့် ထိုးဖောက်ဆောင်ရွက်ရန်ကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မသင့်တော်ပါ။ ကျော်လျှင် သိဒ္ဓိယုဂ်၊ အောင်မြင်မှုရခြင်း၊ အကာအကွယ်ရခြင်း၊ ကျွမ်းကျင်မှုဖြင့် ပြီးပြည့်စုံစေခြင်းဖြစ်၍ မိမိ ကျွမ်းကျင်ပိုင်နိုင်သောအလုပ်အား ရွေးချယ်လုပ်ဆောင်ပါ။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၅:၅၄ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၄:၃၄ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၄:၃၄ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)