Premier League Transfer News

ေနာက္ဆုံးရ EPL အေျပာင္းအေရႊ႕သတင္းမ်ား စုစည္းမွဳ – ၉.၉.၂၀၂၀

– ဘရန္႔ဖို႔ဒ္အသင္းရဲ႕ ေတာင္ပံကစားသမားဘဝကေန တုိက္စစ္မွာ ဝင္ကစားၿပီး ခ်န္ပီယံရွစ္ရဲ႕ အေကာင္းဆုံးတုိက္စစ္မွဴးတစ္ဦး ျဖစ္လာခဲ့တဲ့ အုိလီ ဝပ္ကင္းစ္ကို ေခၚယူဖို႔ အက္စတန္ဗီလာအသင္းက ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၈ သန္း + ၅ သန္းနဲ႔ သေဘာတူညီမွဳရယူၿပီး ဒီေန႔မွာပဲ ေဆးစစ္မွဳလုပ္ေဆာင္သြားဖို႔ရွိေန။

– လီယြန္အသင္းရဲ႕ ေနာက္ခံလူ ကင္နီ ေတေတကို ဖူလ္ဟမ္အသင္းက ေခၚယူဖို႔ သေဘာတူညီႏုိင္ခဲ့ၿပီျဖစ္သလို ေဆးစစ္မွဳလည္း ေအာင္ျမင္ခဲ့တယ္လုိ႔ဆုိၿပီး မေဖာ္ျပတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏုိင္ဖို႔ ေနာက္ဆုံးအဆင့္ ေဆာင္ရြက္မွဳမ်ားသာ က်န္ရွိ။

– ပီအက္စ္ဂ်ီအသင္းရဲ႕ ဂိုးသမား အယ္လ္ဖြန္ဆီ အာရီယိုလာကိုလည္း အငွားနဲ႔ အျမန္ဆုံးေခၚယူႏုိင္ဖို႔ ဖူလ္ဟမ္ေဆာင္ရြက္ေနၿပီး ခ်ဲလ္ဆီး ကစားသမားေဟာင္း အုိလာ အီနာကိုလည္း တုိရီႏိုကေန အငွား + အၿပီးသတ္ ေပါင္ ၁၁ သန္းေခၚယူခြင့္နဲ႔ သေဘာတူညီထား။

– ဝတ္ဖို႔ဒ္ကြင္းလယ္လူ အက္ဘ္ဒူလာေယး ဒူကူေယးကို ေပါင္ ၂၅ သန္းနဲ႔ အဲဗာတန္အသင္းက ေခၚယူႏုိင္ခဲ့ၿပီျဖစ္ၿပီး သုံးႏွစ္စာခ်ဳပ္နဲ႔ ေက်ာနံပါတ္ ၁၆ ကို ေပးအပ္သြားခဲ့သလို စာခ်ဳပ္ထဲမွာ တစ္ႏွစ္သက္တမ္းတုိးႏုိင္ခြင့္ကိုလည္း ထည့္သြင္းထား။

– ျပင္ဆင္မွဳေတြ ျပဳလုပ္ေနခဲ့တဲ့ နယူးကာဆယ္လ္ယူႏုိက္တက္အသင္းကေတာ့ သူတုိ႔ရဲ႕ တတိယေျမာက္ကစားသမားကို ၄၈ နာရီအတြင္း ထပ္မံေခၚယူႏုိင္ခဲ့ၿပီး ေနာ့ဝစ္ခ်္စီးတီးရဲ႕ ဂ်မားလ္ လူးဝစၥကို ေပါင္ ၁၅ သန္းနဲ႔ ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားခဲ့။

– ေငြေၾကးသုံးစြဲမွဳေတြ ျပဳလုပ္ေနတဲ့ အဲဗာတန္ရဲ႕ ေခၚယူမွဳေတြကေတာ့ မရပ္တန္႔ေသးဘဲ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက ကတ္ဇူးမားကို ေခၚယူခဲ့သလိုမ်ဳိးပဲ ခ်ဲလ္ဆီးအသင္းမွာ ေနရာေပ်ာက္ဆုံးႏုိင္ေျခရွိေနတဲ့ လူငယ္ေနာက္ခံလူ ဖီကာယို တိုမုိရီကို အငွားနဲ႔ ေခၚဖို႔ရွိေန။

– ပရီးမီးယားလိဂ္အသင္းႀကီးေတြက ေစာင့္ၾကည့္ေနခဲ့တဲ့ ဒိုင္နမို ဇာဂရက္ဘ္အသင္းရဲ႕ ခ႐ိုေအးရွား ယူ-၂၁ ေနာက္ခံလူ ေဂ်ာ့စကို ဂြါဒီေယာလ္ကို ေခၚယူဖို႔ လိဒ္စ္ယူႏုိက္တက္အသင္း ေဆြးေႏြးေနၿပီး ၁၈ ႏွစ္သားအတြက္ ၿပဳိင္ဆုိင္ေခၚယူမွဳေတြမ်ားႏုိင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဘရန့်ဖို့ဒ်အသင်းရဲ့ တောင်ပံကစားသမားဘဝကနေ တိုက်စစ်မှာ ဝင်ကစားပြီး ချန်ပီယံရှစ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့တဲ့ အိုလီ ဝပ်ကင်းစ်ကို ခေါ်ယူဖို့ အက်စတန်ဗီလာအသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်း + ၅ သန်းနဲ့ သဘောတူညီမှုရယူပြီး ဒီနေ့မှာပဲ ဆေးစစ်မှုလုပ်ဆောင်သွားဖို့ရှိနေ။

– လီယွန်အသင်းရဲ့ နောက်ခံလူ ကင်နီ တေတေကို ဖူလ်ဟမ်အသင်းက ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့ပြီဖြစ်သလို ဆေးစစ်မှုလည်း အောင်မြင်ခဲ့တယ်လို့ဆိုပြီး မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နောက်ဆုံးအဆင့် ဆောင်ရွက်မှုများသာ ကျန်ရှိ။

– ပီအက်စ်ဂျီအသင်းရဲ့ ဂိုးသမား အယ်လ်ဖွန်ဆီ အာရီယိုလာကိုလည်း အငှားနဲ့ အမြန်ဆုံးခေါ်ယူနိုင်ဖို့ ဖူလ်ဟမ်ဆောင်ရွက်နေပြီး ချဲလ်ဆီး ကစားသမားဟောင်း အိုလာ အီနာကိုလည်း တိုရီနိုကနေ အငှား + အပြီးသတ် ပေါင် ၁၁ သန်းခေါ်ယူခွင့်နဲ့ သဘောတူညီထား။

– ဝတ်ဖို့ဒ်ကွင်းလယ်လူ အက်ဘ်ဒူလာယေး ဒူကူယေးကို ပေါင် ၂၅ သန်းနဲ့ အဲဗာတန်အသင်းက ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး သုံးနှစ်စာချုပ်နဲ့ ကျောနံပါတ် ၁၆ ကို ပေးအပ်သွားခဲ့သလို စာချုပ်ထဲမှာ တစ်နှစ်သက်တမ်းတိုးနိုင်ခွင့်ကိုလည်း ထည့်သွင်းထား။

– ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့တဲ့ နယူးကာဆယ်လ်ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ တတိယမြောက်ကစားသမားကို ၄၈ နာရီအတွင်း ထပ်မံခေါ်ယူနိုင်ခဲ့ပြီး နော့ဝစ်ချ်စီးတီးရဲ့ ဂျမားလ် လူးဝစ္စကို ပေါင် ၁၅ သန်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုသွားခဲ့။

– ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်နေတဲ့ အဲဗာတန်ရဲ့ ခေါ်ယူမှုတွေကတော့ မရပ်တန့်သေးဘဲ ပြီးခဲ့တဲ့နှစ်တွေတုန်းက ကတ်ဇူးမားကို ခေါ်ယူခဲ့သလိုမျိုးပဲ ချဲလ်ဆီးအသင်းမှာ နေရာပျောက်ဆုံးနိုင်ခြေရှိနေတဲ့ လူငယ်နောက်ခံလူ ဖီကာယို တိုမိုရီကို အငှားနဲ့ ခေါ်ဖို့ရှိနေ။

– ပရီးမီးယားလိဂ်အသင်းကြီးတွေက စောင့်ကြည့်နေခဲ့တဲ့ ဒိုင်နမို ဇာဂရက်ဘ်အသင်းရဲ့ ခရိုအေးရှား ယူ-၂၁ နောက်ခံလူ ဂျော့စကို ဂွါဒီယောလ်ကို ခေါ်ယူဖို့ လိဒ်စ်ယူနိုက်တက်အသင်း ဆွေးနွေးနေပြီး ၁၈ နှစ်သားအတွက် ပြိုင်ဆိုင်ခေါ်ယူမှုတွေများနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.