Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၉.၉.၂၀၂၀

– ရင္းေနးဂိုးသမား ေအဒူယာ မန္ဒီကို ေခၚယူႏုိင္ေတာ့မယ္လုိ႔ ခ်ဲလ္ဆီးဘက္က ယုံၾကည္ေနၿပီး အသင္းေခါင္းေဆာင္ ဒါမီယန္ ဒါေဆးလ္ဗားကလည္း သူ႕ရဲ႕ အသင္းေဖာ္ရဲ႕ ေျပာင္းေရႊ႕ႏုိင္မွဳကို အတည္ျပဳသြားခဲ့သလို ယူ႐ိုသန္း ၂၀ နဲ႔ ေခၚယူႏုိင္ဖို႔ ရွိေန။

– အသင္းရဲ႕ ဝါရင့္ေနာက္ခံလူသစ္အျဖစ္တဲ့ သီယာဂို ေဆးလ္ဗားအေနနဲ႔ ကြာရန္တင္းလုပ္ေဆာင္ေနမွဳကေန ျပန္လည္ထြက္ခြာခြင့္ ရရွိခဲ့ၿပီျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ ေကာ့ဘ္ဟမ္ ထရိန္နင္စင္တာမွာ ပူးေပါင္းေလ့က်င့္မွဳေတြ ျပဳလုပ္သြားႏိုင္ဖို႔ရွိေန။

– ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့ ကစားသမားသစ္ ခုိင္ ဟာဗတ္ဇ္အေနနဲ႔ ေလဗာကူဆင္က နံပါတ္ကို ေျပာင္းလဲဖို႔ မရွိဘဲ အသင္းကေန လစ္လပ္သြားဖို႔ ရွိေနတဲ့ ေက်ာနံပါတ္ ၂၉ ကို ေရြးခ်ယ္ခဲ့တယ္လို႔ ခ်ဲလ္ဆီးအသင္းဘက္က အတည္ျပဳခဲ့ၿပီး ေက်ာနံပါတ္ ၁၀ ကိုေတာ့ ပူလီဆစ္ခ်္က ရယူသြားဖြယ္ရွိေန။

– ကတ္ဇူးမားရဲ႕ အငွားထြက္ကစားခဲ့ၿပီး ေအာင္ျမင္ခဲ့တဲ့ လမ္းစဥ္ကို လိုက္ဖို႔ ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ေနာက္ခံလူ ဖီကာယို တုိမုိရီလည္း အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး ေရွ႕က ျဖစ္စဥ္အတုိင္းပဲ အဲဗာတန္အသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕သြားဖို႔ လုပ္ေဆာင္ေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္မွာ ဆုဖလားေတြနဲ႔အတူ သူရဲေကာင္းတစ္ဦးျဖစ္ခဲ့ဖူးတဲ့ ဂါနာကြင္းလယ္လူေဟာင္း မိုက္ကယ္ အက္ဆီယန္ဟာ ေဘာလုံးေလာကကို ျပန္လည္ဝင္ေရာက္ခဲ့ၿပီျဖစ္ၿပီး ဒိန္းမတ္ကလပ္ FC ေနာ့ဒ္စ္ေဂ်လန္ရဲ႕ နည္းျပအဖြဲ႕ဝင္တစ္ဦးျဖစ္လာ။

– အသင္းရဲ႕ ဘရာဇီးလ္ေတာင္ပံကစားသမား ကေနဒီကို လာလီဂါကလပ္ ဂရန္နာဒါအသင္းဆီ တစ္ရာသီအငွားခ်ခဲ့ၿပီး တိုက္စစ္မွဴး မစ္ခ်ီ ဘက္ရႊာယီကေတာ့ ခရစၥတယ္လ္ပဲေလ့စ္အသင္းကို တစ္ရာသီအငွားနဲ႔ ထပ္မံသြားေရာက္ဖို႔ နီးစပ္ေနခဲ့။

– ကြင္းလယ္အဖ်က္ကစားသမားေနရာအတြက္ အင္အားျဖည့္တင္းဖို႔ ဒက္ကလန္ ႐ိုက္စ္ကို ေစာင့္ၾကည့္ေနခဲ့ေပမယ့္ အသင္းရဲ႕ တျဖည္းျဖည္း မ်ားျပားလာခဲ့တဲ့ အသုံးစရိတ္အရ ေဈးႏွဳန္းသက္သာႏုိင္တဲ့ လိုင္လီကြင္းလယ္လူ ဘူဘာကာရီ ဆူမာေရးကို ေျပာင္းလဲေခၚယူဖို႔ လမ္းပတ္စဥ္းစားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
ARSENAL MYANMAR.

UNICODE:

– ရင်းနေးဂိုးသမား အေဒူယာ မန်ဒီကို ခေါ်ယူနိုင်တော့မယ်လို့ ချဲလ်ဆီးဘက်က ယုံကြည်နေပြီး အသင်းခေါင်းဆောင် ဒါမီယန် ဒါဆေးလ်ဗားကလည်း သူ့ရဲ့ အသင်းဖော်ရဲ့ ပြောင်းရွှေ့နိုင်မှုကို အတည်ပြုသွားခဲ့သလို ယူရိုသန်း ၂၀ နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေ။

– အသင်းရဲ့ ဝါရင့်နောက်ခံလူသစ်အဖြစ်တဲ့ သီယာဂို ဆေးလ်ဗားအနေနဲ့ ကွာရန်တင်းလုပ်ဆောင်နေမှုကနေ ပြန်လည်ထွက်ခွာခွင့် ရရှိခဲ့ပြီဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ် ထရိန်နင်စင်တာမှာ ပူးပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်သွားနိုင်ဖို့ရှိနေ။

– မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမားသစ် ခိုင် ဟာဗတ်ဇ်အနေနဲ့ လေဗာကူဆင်က နံပါတ်ကို ပြောင်းလဲဖို့ မရှိဘဲ အသင်းကနေ လစ်လပ်သွားဖို့ ရှိနေတဲ့ ကျောနံပါတ် ၂၉ ကို ရွေးချယ်ခဲ့တယ်လို့ ချဲလ်ဆီးအသင်းဘက်က အတည်ပြုခဲ့ပြီး ကျောနံပါတ် ၁၀ ကိုတော့ ပူလီဆစ်ချ်က ရယူသွားဖွယ်ရှိနေ။

– ကတ်ဇူးမားရဲ့ အငှားထွက်ကစားခဲ့ပြီး အောင်မြင်ခဲ့တဲ့ လမ်းစဉ်ကို လိုက်ဖို့ ချဲလ်ဆီးအသင်းရဲ့ လူငယ်နောက်ခံလူ ဖီကာယို တိုမိုရီလည်း အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ရှေ့က ဖြစ်စဉ်အတိုင်းပဲ အဲဗာတန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့သွားဖို့ လုပ်ဆောင်နေ။

– ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ ဆုဖလားတွေနဲ့အတူ သူရဲကောင်းတစ်ဦးဖြစ်ခဲ့ဖူးတဲ့ ဂါနာကွင်းလယ်လူဟောင်း မိုက်ကယ် အက်ဆီယန်ဟာ ဘောလုံးလောကကို ပြန်လည်ဝင်ရောက်ခဲ့ပြီဖြစ်ပြီး ဒိန်းမတ်ကလပ် FC နော့ဒ်စ်ဂျေလန်ရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်လာ။

– အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား ကနေဒီကို လာလီဂါကလပ် ဂရန်နာဒါအသင်းဆီ တစ်ရာသီအငှားချခဲ့ပြီး တိုက်စစ်မှူး မစ်ချီ ဘက်ရွှာယီကတော့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို တစ်ရာသီအငှားနဲ့ ထပ်မံသွားရောက်ဖို့ နီးစပ်နေခဲ့။

– ကွင်းလယ်အဖျက်ကစားသမားနေရာအတွက် အင်အားဖြည့်တင်းဖို့ ဒက်ကလန် ရိုက်စ်ကို စောင့်ကြည့်နေခဲ့ပေမယ့် အသင်းရဲ့ တဖြည်းဖြည်း များပြားလာခဲ့တဲ့ အသုံးစရိတ်အရ ဈေးနှုန်းသက်သာနိုင်တဲ့ လိုင်လီကွင်းလယ်လူ ဘူဘာကာရီ ဆူမာရေးကို ပြောင်းလဲခေါ်ယူဖို့ လမ်းပတ်စဉ်းစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
ARSENAL MYANMAR.