Ligue1 UCL&UEL

မက်ဆီရဲ့စံချိန်တစ်ခုကို ရိုက်ချိုးနိုင်ခဲ့ပေမယ့် စံချိန်တခုကိုလိုက်မီဖို့ မလွယ်တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ ချန်ပီယံလိဂ်သွင်းဂိုး ၄၀ ပြည့်မြောက်တဲ့ အသက် အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပြီး လီယွန်နယ် မက်ဆီရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။

အမ်ဘာပေဟာ ဗုဒ္ဓဟူးနေ့ညနေက ဂျူဗင်တပ်အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း ရင်သပ်ရှုမောဖွယ် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် မိုင်တိုင်တစ်ခုကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဥရောပထိပ်တန်းပြိုင်ပွဲမှာ ဘယ်သူကမှ အလွန်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ဂိုးများများ မသွင်းယူနိုင်ခဲ့ဘဲ ပြင်သစ်တိုက်စစ်မှူးရဲ့ အသင်းဖော် လီယွန်နယ် မက်ဆီတောင်မှ မပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေဟာ အသက် ၂၃ နှစ်နဲ့ ၃၁၆ ရက်အရွယ်မှာပဲ စုစုပေါင်း ချန်ပီယံလိဂ်သွင်းဂိုး ၄၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးကတော့ အသက် ၂၄ နှစ်နဲ့ ၁၃၀ ရက်အရွယ်မှသာ ပြည့်မြောက်ခဲ့တာကြောင့် ပြင်သစ်တိုက်စစ်မှူးက ဘာစီလိုနာကြယ်ပွင့်ဟောင်းထက် ၁၇၉ ရက်လျော့နဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မိုနာကို တိုက်စစ်မှူးဟောင်းအနေနဲ့ အသက် ၃၅ နှစ်အရွယ် တသက်တာအကောင်းဆုံးကစားသမားရဲ့ စုစုပေါင်း ချန်ပီယံလိဂ်သွင်းဂိုး ၁၂၉ ဂိုးကို လိုက်မီဖို့တော့ တော်တော်လေးလိုသေးပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ သွင်းဂိုး ၁၄၀ စံချိန်ကို လိုက်မီဖို့ ပိုလို့တောင် ခက်ခဲမှာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ လက်ရှိမှာတော့ ချန်ပီယံလိဂ် တသက်တာဂိုးသွင်းအများဆုံးကစားသမားစာရင်းထဲမှာ အဆင့် ၁၉ နေရာက ရပ်တည်နေပေမယ့်လည်း အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ အူဆီဘီယိုနဲ့ အင်ဇာဂီတို့ထက် ၆ ဂိုးသာ လျော့နည်းနေတာဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲအပြီးမှာတော့ အဲဒီကစားသမားတွေကို ကျော်ဖြတ်သွားနိုင်တဲ့အလားအလာရှိနေတာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီမှာ အလွန်ထူးချွန်တဲ့ပုံစံ ပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူထားပြီးဖြစ်တာကြောင့် ကစားသမားဘဝတလျှောက် သွင်းဂိုးအများဆုံး ရာသီဖြစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခီလီယန္ အမ္ဘာေပဟာ ခ်န္ပီယံလိဂ္သြင္းဂိုး ၄၀ ျပည့္ေျမာက္တဲ့ အသက္ အငယ္ဆုံး ကစားသမားျဖစ္လာခဲ့ၿပီး လီယြန္နယ္ မက္ဆီရဲ႕ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။

အမ္ဘာေပဟာ ဗုဒၶဟူးေန႔ညေနက ဂ်ဴဗင္တပ္အသင္းကို အေဝးကြင္းမွာ ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအတြင္း ရင္သပ္ရႈေမာဖြယ္ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ မိုင္တိုင္တစ္ခုကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ဥေရာပထိပ္တန္းၿပိဳင္ပြဲမွာ ဘယ္သူကမွ အလြန္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဒီေလာက္ဂိုးမ်ားမ်ား မသြင္းယူႏိုင္ခဲ့ဘဲ ျပင္သစ္တိုက္စစ္မႉးရဲ႕ အသင္းေဖာ္ လီယြန္နယ္ မက္ဆီေတာင္မွ မျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ခီလီယန္ အမ္ဘာေပဟာ အသက္ ၂၃ ႏွစ္နဲ႔ ၃၁၆ ရက္အ႐ြယ္မွာပဲ စုစုေပါင္း ခ်န္ပီယံလိဂ္သြင္းဂိုး ၄၀ ျပည့္ေျမာက္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးကေတာ့ အသက္ ၂၄ ႏွစ္နဲ႔ ၁၃၀ ရက္အ႐ြယ္မွသာ ျပည့္ေျမာက္ခဲ့တာေၾကာင့္ ျပင္သစ္တိုက္စစ္မႉးက ဘာစီလိုနာၾကယ္ပြင့္ေဟာင္းထက္ ၁၇၉ ရက္ေလ်ာ့နဲ႔ အႏိုင္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မိုနာကို တိုက္စစ္မႉးေဟာင္းအေနနဲ႔ အသက္ ၃၅ ႏွစ္အ႐ြယ္ တသက္တာအေကာင္းဆုံးကစားသမားရဲ႕ စုစုေပါင္း ခ်န္ပီယံလိဂ္သြင္းဂိုး ၁၂၉ ဂိုးကို လိုက္မီဖို႔ေတာ့ ေတာ္ေတာ္ေလးလိုေသးၿပီး မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုး ၁၄၀ စံခ်ိန္ကို လိုက္မီဖို႔ ပိုလို႔ေတာင္ ခက္ခဲမွာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ လက္ရွိမွာေတာ့ ခ်န္ပီယံလိဂ္ တသက္တာဂိုးသြင္းအမ်ားဆုံးကစားသမားစာရင္းထဲမွာ အဆင့္ ၁၉ ေနရာက ရပ္တည္ေနေပမယ့္လည္း အဆင့္ ၁၂ ေနရာမွာ ရပ္တည္ေနတဲ့ အူဆီဘီယိုနဲ႔ အင္ဇာဂီတို႔ထက္ ၆ ဂိုးသာ ေလ်ာ့နည္းေနတာျဖစ္ၿပီး ယခုရာသီ ၿပိဳင္ပြဲအၿပီးမွာေတာ့ အဲဒီကစားသမားေတြကို ေက်ာ္ျဖတ္သြားႏိုင္တဲ့အလားအလာရွိေနတာျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ယခုရာသီမွာ အလြန္ထူးခြၽန္တဲ့ပုံစံ ျပသေနတာျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၁၈ ပြဲမွာ ၁၈ ဂိုးအထိ သြင္းယူထားၿပီးျဖစ္တာေၾကာင့္ ကစားသမားဘဝတေလွ်ာက္ သြင္းဂိုးအမ်ားဆုံး ရာသီျဖစ္လာႏိုင္တယ္ဆိုတဲ့ အဓိပၸာယ္ပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.