UCL&UEL

အတ္တလန္တာကို ရှုံးနိမ့်ပြီး ဥရောပကို နှုတ်ဆက်ခဲ့ရတဲ့ လီဗာပူးလ်ရဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

လီဗာပူးလ်ရဲ့ ဖလား ၃ လုံးကိုင်မြှောက်ချင်တဲ့ မျှော်လင့်ချက်ဟာ အတ္တလန္တာကို ယူရိုပါလိဂ်မှာ ၂ ကျော့ပေါင်း ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ပြီးခဲ့တဲ့အပတ်က အန်းဖီးမှာ အီတလီအသင်းကို ၃-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ကြာသပတေးနေ့ညမှာ ကြီးမားတဲ့ နိုင်ပွဲ ပြန်လည်ရယူဖို့ မဖြစ်မနေ လိုအပ်ခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလားက ဘာဂါမိုမှာ ၇ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ကြီးမားတဲ့ နိုင်ပွဲ ပြန်လည်ရယူနိုင်တော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း နောက်ထပ် ဂိုးတွေ သွင်းနိုင်ခဲ့ဘဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

အခုဆိုရင်တော့ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် တိုက်ပွဲဝင်ဖို့ကိုပဲ အာရုံပြန်စိုက်ရတော့မှာဖြစ်ပြီး ဒီပွဲကနေ ပြန်ပြောရမယ့်အချက် ၅ ချက်ရှိခဲ့ပါတယ်။

ပြီးပြည့်စုံတဲ့ စတင်မှုကို ပိုင်ဆိုင်ခဲ့တဲ့ လီဗာပူးလ်

အတ္တလန္တာကို စိတ်လှုပ်ရှားအောင် လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက စောစောစီးစီး ဂိုးသွင်းယူတာဖြစ်ပါတယ်။ လီဗာပူးလ်ကလည်း အဲဒီအတိုင်းပဲ လုပ်နိုင်ခဲ့ပြီး ဆာလားရဲ့ ပင်နယ်တီကနေ အဖွင့်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ ဆာလားက ပထမပိုင်းမပြီးခင်မှာ နောက်ထပ် ဦးဆောင်ဂိုး ထပ်မံရရှိလုနီးပါးဖြစ်ခဲ့ပေမယ့်လည်း ကန်ချက်က ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့တာပါ။

အနီကတ်ပြခံရမယ့်အရေးက လွတ်မြောက်ခဲ့တဲ့ အတ္တလန္တာ

လီဗာပူးလ်ဟာ ဆာလားရဲ့ ပင်နယ်တီသွင်းဂိုးအပြီး သိပ်မကြာခင်မှာ နောက်ထပ် ဦးဆောင်ဂိုး ထပ်ရတော့မယ့်ပုံပေါ်ခဲ့ပြီး လူးဝစ္စ ဒီယက်ဇ်က ဂိုးရှေ့ကို ပြေးသွားပြီး ဂိုးသမားနဲ့ တစ်ဦးချင်းကန်သွင်းရမယ့် အနေအထားမှာရှိခဲ့ပါတယ်။ အီဆက်ခ် ဟီယန်က ဘောလုံးကို လက်နဲ့ ဟန့်တားခဲ့ပြီး လီဗာပူးလ်ကစားသမားတွေက အနီကတ်ပြဖို့ တောင်းဆိုခဲ့ပေမယ့် ဒိုင်လူကြီးက အဝါကတ်သာ ပြသခဲ့တာပါ။ ဟီယန်က ကွင်းထဲမှာ ဆက်ရှိနေခဲ့ပြီး လီဗာပူးလ်ပရိသတ်တွေကတော့ အဲဒီအချိန်မှာ အတ္တလန္တာကစားသမားသာ အနီကတ်နဲ့ ထုတ်ခံခဲ့ရရင် အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ လီဗာပူးလ်

အစောပိုင်းအချိန်တွေမှာ အလွန်ကောင်းမွန်ခဲ့ပေမယ့်လည်း အတ္တလန္တာဟာ သိပ်မကြာခင်မှာပဲ လီဗာပူးလ်ရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးလ်က ပထမပိုင်းနဲ့ လုံးဝမတူညီတော့ဘဲ ဂိုးပေါက်ခြိမ်းခြောက်ဖို့တောင် လုံလောက်တဲ့ ဖန်တီးမှုမျိုးတောင် မလုပ်နိုင်ခဲ့ပါဘူး။ ကလော့ပ်ရဲ့အသင်းဟာ နောက်ဆုံး ၃ ပွဲမှာ ၁ ဂိုးသာ သွင်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကိုပါ လက်မလွှတ်ချင်ဘူးဆိုရင်တော့ အရင်လို ဖန်တိးနိုင်စွမ်းကို ပြန်ရှာတွေ့အောင် လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးလ်နဲ့ ဥရောပခရီးစဉ် အဆုံးသတ်သွားခြင်း

ယာဂန် ကလော့ပ်ဟာ အတ္တလန္တာနဲ့ပွဲမှာ လီဗာပူးလ်အတွက် နောက်ဆုံး ဥရောပပွဲစဉ်ကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး အန်းဖီးမှာ ရှိနေခဲ့တဲ့ကာလတလျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၃ ကြိမ်ပို့ဆောင်ပေးခဲ့ရာမှာ ၁ ကြိမ် အောင်မြင်မှုရခဲ့ပါတယ်။ အဲဒီထဲမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲတစ်ပွဲလည်း ပါဝင်ပြီး ဒီတစ်ကြိမ်မှာတော့ ကလော့ပ် ဘယ်လိုမှ ပြန်လာနိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဥရောပထိပ်တန်းပြိုင်ပွဲမှာ လီဗာပူးလ်ကို ပြန်လည်ထွန်းတောက်လာအောင် ကောင်းမွန်တဲ့အလုပ်တွေကို လုပ်ပေးခဲ့တာတော့ သေချာပါတယ်။

လူတွေ့စစ်ဆေးမှု အောင်မြင်ခဲ့တဲ့ ဂတ်စ်ပါရီနီ

လီဗာပူးလ်နည်းပြရာထူးအကြောင်း ပြောရင် ကလော့ပ်ရဲ့နေရာမှာ အစားထိုးနိုင်ခြေရှိတဲ့ နည်းပြတွေရဲ့ နာမည်တွေက အများအပြားရှိနေပါတယ်။ အဲဒီထဲက တစ်ခုက အတ္တလန္တာနည်းပြ ဂတ်စ်ပါရီနီဖြစ်ပြီး လီဗာပူးလ်နဲ့ပွဲမှာ အကောင်းဆုံး အစစ်ဆေးခံနိုင်ခဲ့ပါတယ်။ အတ္တလန္တာဟာ စည်းကမ်းတကျ စုဖွဲ့မှုကောင်းကောင်းနဲ့ ဆီမီးဖိုင်နယ်တက်နိုင်ဖို့အတွက် လုံလုံလောက်လောက် လုပ်ပြနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေကလောက် မထက်မြက်တော့ဘူးဆိုရင်တောင်မှ အလွန်ကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပြီး လီဗာပူးလ်ကို ဖြတ်ကျော်နိုင်ဖို့ နည်းလမ်းကို ရှာတွေ့ခဲ့ပါသေးတယ်။ ဒါက လာမယ့်ရာသီမှာ လီဗာပူးလ်က လုပ်ချင်နေတဲ့ ပုံစံမျိုးဖြစ်ပြီး ဂတ်စ်ပါရီနီ အန်ဖီးရောက်လာမလား စောင့်ကြည့်ရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္ရဲ႕ ဖလား ၃ လုံးကိုင္ေျမႇာက္ခ်င္တဲ့ ေမွ်ာ္လင့္ခ်က္ဟာ အတၱလႏၲာကို ယူ႐ိုပါလိဂ္မွာ ၂ ေက်ာ့ေပါင္း ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အဆုံးသတ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ၿပီးခဲ့တဲ့အပတ္က အန္းဖီးမွာ အီတလီအသင္းကို ၃-၀ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၾကာသပေတးေန႔ညမွာ ႀကီးမားတဲ့ ႏိုင္ပြဲ ျပန္လည္ရယူဖို႔ မျဖစ္မေန လိုအပ္ခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားက ဘာဂါမိုမွာ ၇ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကေန အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ႀကီးမားတဲ့ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ေတာ့မယ့္ပုံေပၚခဲ့ေပမယ့္လည္း ေနာက္ထပ္ ဂိုးေတြ သြင္းႏိုင္ခဲ့ဘဲ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ လီဗာပူးလ္ဟာ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲအတြက္ တိုက္ပြဲဝင္ဖို႔ကိုပဲ အာ႐ုံျပန္စိုက္ရေတာ့မွာျဖစ္ၿပီး ဒီပြဲကေန ျပန္ေျပာရမယ့္အခ်က္ ၅ ခ်က္ရွိခဲ့ပါတယ္။

ၿပီးျပည့္စုံတဲ့ စတင္မႈကို ပိုင္ဆိုင္ခဲ့တဲ့ လီဗာပူးလ္

အတၱလႏၲာကို စိတ္လႈပ္ရွားေအာင္ လုပ္ႏိုင္မယ့္ တစ္ခုတည္းေသာ နည္းလမ္းက ေစာေစာစီးစီး ဂိုးသြင္းယူတာျဖစ္ပါတယ္။ လီဗာပူးလ္ကလည္း အဲဒီအတိုင္းပဲ လုပ္ႏိုင္ခဲ့ၿပီး ဆာလားရဲ႕ ပင္နယ္တီကေန အဖြင့္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။ ဆာလားက ပထမပိုင္းမၿပီးခင္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္မံရရွိလုနီးပါးျဖစ္ခဲ့ေပမယ့္လည္း ကန္ခ်က္က ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားခဲ့တာပါ။

အနီကတ္ျပခံရမယ့္အေရးက လြတ္ေျမာက္ခဲ့တဲ့ အတၱလႏၲာ

လီဗာပူးလ္ဟာ ဆာလားရဲ႕ ပင္နယ္တီသြင္းဂိုးအၿပီး သိပ္မၾကာခင္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္ရေတာ့မယ့္ပုံေပၚခဲ့ၿပီး လူးဝစၥ ဒီယက္ဇ္က ဂိုးေရွ႕ကို ေျပးသြားၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းကန္သြင္းရမယ့္ အေနအထားမွာရွိခဲ့ပါတယ္။ အီဆက္ခ္ ဟီယန္က ေဘာလုံးကို လက္နဲ႔ ဟန႔္တားခဲ့ၿပီး လီဗာပူးလ္ကစားသမားေတြက အနီကတ္ျပဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ဒိုင္လူႀကီးက အဝါကတ္သာ ျပသခဲ့တာပါ။ ဟီယန္က ကြင္းထဲမွာ ဆက္ရွိေနခဲ့ၿပီး လီဗာပူးလ္ပရိသတ္ေတြကေတာ့ အဲဒီအခ်ိန္မွာ အတၱလႏၲာကစားသမားသာ အနီကတ္နဲ႔ ထုတ္ခံခဲ့ရရင္ အလွည့္အေျပာင္းတစ္ခုျဖစ္လာခဲ့လိမ့္မယ္လို႔ ယုံၾကည္ေနၾကပါတယ္။

အခြင့္အေရးေတြ ဖန္တီးႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတဲ့ လီဗာပူးလ္

အေစာပိုင္းအခ်ိန္ေတြမွာ အလြန္ေကာင္းမြန္ခဲ့ေပမယ့္လည္း အတၱလႏၲာဟာ သိပ္မၾကာခင္မွာပဲ လီဗာပူးလ္ရဲ႕ တိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္က ပထမပိုင္းနဲ႔ လုံးဝမတူညီေတာ့ဘဲ ဂိုးေပါက္ၿခိမ္းေျခာက္ဖို႔ေတာင္ လုံေလာက္တဲ့ ဖန္တီးမႈမ်ိဳးေတာင္ မလုပ္ႏိုင္ခဲ့ပါဘူး။ ကေလာ့ပ္ရဲ႕အသင္းဟာ ေနာက္ဆုံး ၃ ပြဲမွာ ၁ ဂိုးသာ သြင္းႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားကိုပါ လက္မလႊတ္ခ်င္ဘူးဆိုရင္ေတာ့ အရင္လို ဖန္တိးႏိုင္စြမ္းကို ျပန္ရွာေတြ႕ေအာင္ လုပ္ဖို႔လိုအပ္မွာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕ လီဗာပူးလ္နဲ႔ ဥေရာပခရီးစဥ္ အဆုံးသတ္သြားျခင္း

ယာဂန္ ကေလာ့ပ္ဟာ အတၱလႏၲာနဲ႔ပြဲမွာ လီဗာပူးလ္အတြက္ ေနာက္ဆုံး ဥေရာပပြဲစဥ္ကို ကိုင္တြယ္ခဲ့တာျဖစ္ၿပီး အန္းဖီးမွာ ရွိေနခဲ့တဲ့ကာလတေလွ်ာက္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ၃ ႀကိမ္ပို႔ေဆာင္ေပးခဲ့ရာမွာ ၁ ႀကိမ္ ေအာင္ျမင္မႈရခဲ့ပါတယ္။ အဲဒီထဲမွာ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတစ္ပြဲလည္း ပါဝင္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ကေလာ့ပ္ ဘယ္လိုမွ ျပန္လာႏိုင္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ ဘာပဲျဖစ္ျဖစ္ ဥေရာပထိပ္တန္းၿပိဳင္ပြဲမွာ လီဗာပူးလ္ကို ျပန္လည္ထြန္းေတာက္လာေအာင္ ေကာင္းမြန္တဲ့အလုပ္ေတြကို လုပ္ေပးခဲ့တာေတာ့ ေသခ်ာပါတယ္။

လူေတြ႕စစ္ေဆးမႈ ေအာင္ျမင္ခဲ့တဲ့ ဂတ္စ္ပါရီနီ

လီဗာပူးလ္နည္းျပရာထူးအေၾကာင္း ေျပာရင္ ကေလာ့ပ္ရဲ႕ေနရာမွာ အစားထိုးႏိုင္ေျခရွိတဲ့ နည္းျပေတြရဲ႕ နာမည္ေတြက အမ်ားအျပားရွိေနပါတယ္။ အဲဒီထဲက တစ္ခုက အတၱလႏၲာနည္းျပ ဂတ္စ္ပါရီနီျဖစ္ၿပီး လီဗာပူးလ္နဲ႔ပြဲမွာ အေကာင္းဆုံး အစစ္ေဆးခံႏိုင္ခဲ့ပါတယ္။ အတၱလႏၲာဟာ စည္းကမ္းတက် စုဖြဲ႕မႈေကာင္းေကာင္းနဲ႔ ဆီမီးဖိုင္နယ္တက္ႏိုင္ဖို႔အတြက္ လုံလုံေလာက္ေလာက္ လုပ္ျပႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြကေလာက္ မထက္ျမက္ေတာ့ဘူးဆိုရင္ေတာင္မွ အလြန္ေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့ၿပီး လီဗာပူးလ္ကို ျဖတ္ေက်ာ္ႏိုင္ဖို႔ နည္းလမ္းကို ရွာေတြ႕ခဲ့ပါေသးတယ္။ ဒါက လာမယ့္ရာသီမွာ လီဗာပူးလ္က လုပ္ခ်င္ေနတဲ့ ပုံစံမ်ိဳးျဖစ္ၿပီး ဂတ္စ္ပါရီနီ အန္ဖီးေရာက္လာမလား ေစာင့္ၾကည့္ရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.