Match Report UCL&UEL

အနိုင်ရခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် Play-offs ကစားရတော့မယ့် မန်ယူ

ယနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲလ် ဆိုစီဒက်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်မှာ ဧည့်သည် သရဲနီတွေက ၁-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ဂိုးကွာခြားချက်ကြောင့် အုပ်စုဒုတိယနေရာသာ ရရှိခဲ့ပြီး ယူရိုပါလိဂ် ၃၂ သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အိမ်ရှင် ရီးရဲလ် ဆိုစီဒက်အသင်းဟာ အုပ်စု ၅ ပွဲစလုံးမှာ အနိုင် ရရှိခဲ့ပြီး သွင်းဂိုး ၁၀ ဂိုးနဲ့ ပေးဂိုး ၁ ဂိုးသာ ရှိခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အုပ်စု ၅ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲရှုံးနိမ့်ထားပြီး သွင်းဂိုး ၉ ဂိုးနဲ့ ပေးဂိုး ၃ ဂိုးအထိ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ် တိုက်ရိုက်တက်ရောက်ချင်တယ်ဆိုရင် အနည်းဆုံး ၂-၀ နဲ့ အနိုင်ရရှိဖို့ လိုအပ်မှာဖြစ်ပြီး အဲဒီထက် နည်းပါးတဲ့ဂိုးရလဒ်နဲ့ဆိုရင် ဂိုးကွာခြားချက်ကြောင့် အုပ်စုဒုတိယနေရာသာ ရရှိမှာဖြစ်ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက အိမ်ရှင် ရီးရဲလ် ဆိုစီဒက်က ဖိအားပေး တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဟာ ပြိုင်ဘက်ကွင်းဘက်ခြမ်းရောက်ရှိဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ၁၇ မိနစ်မှာတော့ ဒဟေးယား ကန်တင်ပေးလိုက်တဲ့ဘောလုံးကို ဘရူနို ဖာနန်ဒက်စ်က ရော်နယ်လ်ဒိုဆီ ပေးပို့ခဲ့ရာမှာ ပေါ်တူဂီကြယ်ပွင့်က ဘယ်တောင်ပံက ဂါနာချိုဆီ ခင်းပေးခဲ့ချိန်မှာတော့ မန်ယူနိုက်တက်လူငယ်ကြယ်ပွင့်ဟာ အလွန်အားပါတဲ့ကန်ချက်နဲ့ ဂိုးအပေါ်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၁၀ မိနစ်အကြာမှာ ဂါနာချိုကပဲ ရီးရဲလ် ဆိုစီဒက် နောက်ခံလူကို အယောင်ပြ လှည့်စားပြီး ဂိုးကန်သွင်းခဲ့ပေမယ့်လည်း ဟန်ချက်ပျက်နေခဲ့တာကြောင့် ဘောလုံးက ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးခါနီးမှာ ဂိုရိုဆာဘယ် ကန်သွင်းလိုက်တဲ့ဘောလုံးကို ဒဟေးယား ပုတ်ထုတ်လို့ လျှံထွက်လာချိန်မှာ မာရင်က ထပ်မံပိတ်သွင်းခဲ့ပေမယ့်လည်း မန်ယူနိုက်တက်ဂိုးသမား ခေါင်းနဲ့ထိသွားခဲ့တာ ဖြစ်ပြီး အိမ်ရှင်အသင်းဟာ ဂိုးသွင်းခွင့်ကို အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ၂ သင်းစလုံးက ဂိုးတွေ ရရှိဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ကြပြီး ၅၈ မိနစ်မှာ အပြိုင်အဆိုင် လူစားလဲလှယ်မှုတွေ ပြုလုပ်ရင်း တိုက်စစ်ကို မြှင့်တင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နှစ်ဖက်အသင်းရဲ့ ခံစစ်ကစားသမားတွေနဲ့ ဂိုးသမားတွေရဲ့ ကာကွယ်ပိတ်ဆို့မှုတွေကြောင့် နောက်ထပ်သွင်းဂိုးတွေမမြင်ရဘဲ ၁-၀ နဲ့ သာ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပြီး ရီးရဲလ် ဆိုစီဒက်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်ကို ဂိုးကွာခြားချက်နဲ့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ၃၂ သင်းရှုံးထွက်အဆင့်မှာ ချန်ပီယံလိဂ်က ပြုတ်လာတဲ့ အသင်းတွေထဲက တစ်သင်းနဲ့ Play-offs ၂ ကျော့ကစားသွားရတော့မှာဖြစ်ပြီး တနင်္လာနေ့မှာ Play-off ပွဲစဉ်တွေအတွက် မဲခွဲပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဒီပွဲစဉ်ကို လာမယ့်ဖေဖော်ဝါရီလမှ ကစားသွားရမှာဖြစ်ပြီး အိုင်းယက်စ်၊ ဂျူဗင်တပ်၊ ဘာစီလိုနာ၊ လေဗာကူဆင်၊ ဆာ့လ်ဇ်ဘတ်၊ ဆီဗီလာ၊ ရှက်တာဒိုးနတ်၊ စပို့တင်းလစ္စဘွန်းတို့ထဲက တစ်သင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႔ညမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ရီးရဲလ္ ဆိုစီဒက္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ပြဲစဥ္မွာ ဧည့္သည္ သရဲနီေတြက ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္လည္း ဂိုးကြာျခားခ်က္ေၾကာင့္ အုပ္စုဒုတိယေနရာသာ ရရွိခဲ့ၿပီး ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

အိမ္ရွင္ ရီးရဲလ္ ဆိုစီဒက္အသင္းဟာ အုပ္စု ၅ ပြဲစလုံးမွာ အႏိုင္ ရရွိခဲ့ၿပီး သြင္းဂိုး ၁၀ ဂိုးနဲ႔ ေပးဂိုး ၁ ဂိုးသာ ရွိခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အုပ္စု ၅ ပြဲမွာ ၄ ပြဲႏိုင္ ၁ ပြဲရႈံးနိမ့္ထားၿပီး သြင္းဂိုး ၉ ဂိုးနဲ႔ ေပးဂိုး ၃ ဂိုးအထိ ရွိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို အုပ္စုဗိုလ္အျဖစ္ တိုက္႐ိုက္တက္ေရာက္ခ်င္တယ္ဆိုရင္ အနည္းဆုံး ၂-၀ နဲ႔ အႏိုင္ရရွိဖို႔ လိုအပ္မွာျဖစ္ၿပီး အဲဒီထက္ နည္းပါးတဲ့ဂိုးရလဒ္နဲ႔ဆိုရင္ ဂိုးကြာျခားခ်က္ေၾကာင့္ အုပ္စုဒုတိယေနရာသာ ရရွိမွာျဖစ္ပါတယ္။

ပထမပိုင္း စတင္ခ်ိန္ကတည္းက အိမ္ရွင္ ရီးရဲလ္ ဆိုစီဒက္က ဖိအားေပး တိုက္စစ္ဆင္ကစားႏိုင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပိဳင္ဘက္ကြင္းဘက္ျခမ္းေရာက္ရွိဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ ၁၇ မိနစ္မွာေတာ့ ဒေဟးယား ကန္တင္ေပးလိုက္တဲ့ေဘာလုံးကို ဘ႐ူႏို ဖာနန္ဒက္စ္က ေရာ္နယ္လ္ဒိုဆီ ေပးပို႔ခဲ့ရာမွာ ေပၚတူဂီၾကယ္ပြင့္က ဘယ္ေတာင္ပံက ဂါနာခ်ိဳဆီ ခင္းေပးခဲ့ခ်ိန္မွာေတာ့ မန္ယူႏိုက္တက္လူငယ္ၾကယ္ပြင့္ဟာ အလြန္အားပါတဲ့ကန္ခ်က္နဲ႔ ဂိုးအေပၚေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ ဂါနာခ်ိဳကပဲ ရီးရဲလ္ ဆိုစီဒက္ ေနာက္ခံလူကို အေယာင္ျပ လွည့္စားၿပီး ဂိုးကန္သြင္းခဲ့ေပမယ့္လည္း ဟန္ခ်က္ပ်က္ေနခဲ့တာေၾကာင့္ ေဘာလုံးက ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းၿပီးဆုံးခါနီးမွာ ဂို႐ိုဆာဘယ္ ကန္သြင္းလိုက္တဲ့ေဘာလုံးကို ဒေဟးယား ပုတ္ထုတ္လို႔ လွ်ံထြက္လာခ်ိန္မွာ မာရင္က ထပ္မံပိတ္သြင္းခဲ့ေပမယ့္လည္း မန္ယူႏိုက္တက္ဂိုးသမား ေခါင္းနဲ႔ထိသြားခဲ့တာ ျဖစ္ၿပီး အိမ္ရွင္အသင္းဟာ ဂိုးသြင္းခြင့္ကို အသုံးမခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ၂ သင္းစလုံးက ဂိုးေတြ ရရွိဖို႔ အျပင္းအထန္ ႀကိဳးပမ္းခဲ့ၾကၿပီး ၅၈ မိနစ္မွာ အၿပိဳင္အဆိုင္ လူစားလဲလွယ္မႈေတြ ျပဳလုပ္ရင္း တိုက္စစ္ကို ျမႇင့္တင္ဖို႔ လုပ္ေဆာင္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ႏွစ္ဖက္အသင္းရဲ႕ ခံစစ္ကစားသမားေတြနဲ႔ ဂိုးသမားေတြရဲ႕ ကာကြယ္ပိတ္ဆို႔မႈေတြေၾကာင့္ ေနာက္ထပ္သြင္းဂိုးေတြမျမင္ရဘဲ ၁-၀ နဲ႔ သာ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ၿပီး ရီးရဲလ္ ဆိုစီဒက္အသင္းဟာ ၁၆ သင္းရႈံးထြက္အဆင့္ကို ဂိုးကြာျခားခ်က္နဲ႔ တိုက္႐ိုက္တက္ေရာက္ခြင့္ ရရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ ၃၂ သင္းရႈံးထြက္အဆင့္မွာ ခ်န္ပီယံလိဂ္က ျပဳတ္လာတဲ့ အသင္းေတြထဲက တစ္သင္းနဲ႔ Play-offs ၂ ေက်ာ့ကစားသြားရေတာ့မွာျဖစ္ၿပီး တနလၤာေန႔မွာ Play-off ပြဲစဥ္ေတြအတြက္ မဲခြဲပြဲကို ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အဲဒီပြဲစဥ္ကို လာမယ့္ေဖေဖာ္ဝါရီလမွ ကစားသြားရမွာျဖစ္ၿပီး အိုင္းယက္စ္၊ ဂ်ဴဗင္တပ္၊ ဘာစီလိုနာ၊ ေလဗာကူဆင္၊ ဆာ့လ္ဇ္ဘတ္၊ ဆီဗီလာ၊ ရွက္တာဒိုးနတ္၊ စပို႔တင္းလစၥဘြန္းတို႔ထဲက တစ္သင္းနဲ႔ ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.