Match Report UCL&UEL

တီကိုကို အပီငိုအောင် ဗျင်းပြီး ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် ဆီမီးတက်ခဲ့တဲ့ ဒေါ့မွန်

ဘိုရပ်ရှား ဒေါ့မွန်ဟာ အက်သလက်တီကို မက်ဒရစ်ကို အင်္ဂါနေ့ညက အလွန်ကောင်းမွန်တဲ့ ဒုတိယပိုင်း ပြန်လာနိုင်မှုကြောင့် ၂ ကျော့ပေါင်း ၅-၄ နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပါပြီ။

ပထမအကျော့တုန်းက မက်ဒရစ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒေါ့မွန်ဟာ ပထမပိုင်းမှာ ဂျူလီယန် ဘရန့်တ်နဲ့ ချဲလ်ဆီးကနေ အငှားနဲ့ လာကစားနေတဲ့ အီယန် မတ်ဆန်တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အက်သလက်တီကို မက်ဒရစ်က ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာပဲ ဟာမိုဆိုရဲ့ ခေါင်းတိုက်ချက်က ဟန်းမဲလ်စ်နဲ့ ထိပြီး လမ်းကြောင်း ပြောင်း ဂိုးထဲဝင်သွားခဲ့ပြီးနောက် ချေပဂိုး ပြန်ရခဲ့လို့ ၂ ကျော့ပေါင်း ၃-၃ ညီမျှသွားခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အတွက် အိန်ဂျယ် ကော်ရီယာက ၆၄ မိနစ်မှာ ပြန်လျှံထွက်လာတဲ့ဘောလုံးကို အနီးကပ်ပိတ်သွင်းယူပြီး နောက်ထပ် ချေပဂိုး သွင်းယူသွားခဲ့တာကြောင့် ၂ ကျော့ပေါင်း ၄-၃ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၇၁ မိနစ်မှာ ဆာဘစ်ဇာရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ဖားလ်ခရုဂျ်က ဒေါ့မွန်အတွက် နောက်ထပ်တစ်ကြိမ် ဦးဆောင်ခွင့်ပြန်ပေးခဲ့ပြီး နောက်ထပ် ၃ မိနစ်အကြာမှာ အိမ်ရှင်တို့ ဆီမီးဖိုင်နယ် တက်လှမ်းနိုင်စေမယ့် အဆုံးအဖြတ်ဂိုးကို ဆာဘစ်ဇာက ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်ဟာ အက်သလက်တီကိုမက်ဒရစ်ကို ၂ ကျော့ပေါင်း ၅-၄ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို အံ့အားသင့်ဖွယ် ကမ်းဘက်နိုင်ပွဲယူပြီး တက်လာတဲ့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘိုရပ္ရွား ေဒါ့မြန္ဟာ အက္သလက္တီကို မက္ဒရစ္ကို အဂၤါေန႔ညက အလြန္ေကာင္းမြန္တဲ့ ဒုတိယပိုင္း ျပန္လာႏိုင္မႈေၾကာင့္ ၂ ေက်ာ့ေပါင္း ၅-၄ နဲ႔ အႏိုင္ရခဲ့ၿပီး ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္ကို ၁၁ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ တက္လွမ္းႏိုင္ခဲ့ပါၿပီ။

ပထမအေက်ာ့တုန္းက မက္ဒရစ္မွာ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္လည္း ေဒါ့မြန္ဟာ ပထမပိုင္းမွာ ဂ်ဴလီယန္ ဘရန႔္တ္နဲ႔ ခ်ဲလ္ဆီးကေန အငွားနဲ႔ လာကစားေနတဲ့ အီယန္ မတ္ဆန္တို႔ရဲ႕ ဂိုးေတြနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အက္သလက္တီကို မက္ဒရစ္က ဒုတိယပိုင္း ျပန္စၿပီး သိပ္မၾကာခင္မွာပဲ ဟာမိုဆိုရဲ႕ ေခါင္းတိုက္ခ်က္က ဟန္းမဲလ္စ္နဲ႔ ထိၿပီး လမ္းေၾကာင္း ေျပာင္း ဂိုးထဲဝင္သြားခဲ့ၿပီးေနာက္ ေခ်ပဂိုး ျပန္ရခဲ့လို႔ ၂ ေက်ာ့ေပါင္း ၃-၃ ညီမွ်သြားခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အတြက္ အိန္ဂ်ယ္ ေကာ္ရီယာက ၆၄ မိနစ္မွာ ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို အနီးကပ္ပိတ္သြင္းယူၿပီး ေနာက္ထပ္ ေခ်ပဂိုး သြင္းယူသြားခဲ့တာေၾကာင့္ ၂ ေက်ာ့ေပါင္း ၄-၃ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ၇၁ မိနစ္မွာ ဆာဘစ္ဇာရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ဖားလ္ခ႐ုဂ်္က ေဒါ့မြန္အတြက္ ေနာက္ထပ္တစ္ႀကိမ္ ဦးေဆာင္ခြင့္ျပန္ေပးခဲ့ၿပီး ေနာက္ထပ္ ၃ မိနစ္အၾကာမွာ အိမ္ရွင္တို႔ ဆီမီးဖိုင္နယ္ တက္လွမ္းႏိုင္ေစမယ့္ အဆုံးအျဖတ္ဂိုးကို ဆာဘစ္ဇာက ဂိုးေအာက္ေထာင့္ထဲကို ကန္သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္ဟာ အက္သလက္တီကိုမက္ဒရစ္ကို ၂ ေက်ာ့ေပါင္း ၅-၄ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ဘာစီလိုနာကို အံ့အားသင့္ဖြယ္ ကမ္းဘက္ႏိုင္ပြဲယူၿပီး တက္လာတဲ့ ပီအက္စ္ဂ်ီနဲ႔ ရင္ဆိုင္သြားရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.