Match Report UCL&UEL

ဝက်စ်ဟမ်းကို သရေကစားပြီး ၄၄ ပွဲ ရှုံးပွဲမရှိစံချိန်နဲ့ ဆီမီးတက်ခဲ့တဲ့ လေဗာကူဆင်

ကြာသပတေးနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ လေဗာကူဆင်တို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုး သရေကျခဲ့တာကြောင့် လေဗာကူဆင် အသင်းက နှစ်ကျော့ပေါင်း ၁-၃ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါဖလား ပူပူနွေးနွေး ရရှိထားတဲ့ လေဗာကူဆင်တို့ကတော့ ရှုံးပွဲမရှိ စံချိန်ကို ၄၄ ပွဲအထိ ဆက်လက် တိုးမြှင့်နိုင်ခဲ့တာဖြစ်ပြီး လန်ဒန်ကွင်းမှာ ထုံးစံအတိုင်း ဦးဆောင်ဂိုးပေးပြီးနောက် ပွဲပြီးခါနီးမှ ချေပဂိုးပြန်သွင်းပြီး ၁-၁ ရလဒ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လေဗာကူဆင် အိမ်ကွင်းမှာတုန်းက ၂ ဂိုးပြတ် ရှုံးနိမ့်ထားတဲ့ ဝက်စ်ဟမ်းတို့ကတော့ အိမ်ကွင်းပရိသတ်တွေရှေ့မှာ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပေမယ့်လည်း ဇာဘီ အလွန်ဆိုရဲ့အသင်း ကစားပုံက ပထမအကျော့တုန်းကလိုပဲ အလွန်ကောင်းမွန်ခဲ့တာကြောင့် ထင်သလောက် တိုးမပေါက်နိုင်ခဲ့တာဖြစ်ပါတယ်။

အန်တိုနီယို၊ ကူးဒက်စ်၊ ဝါ့ဒ်-ပရောက်စ်၊ ဘိုဝင်၊ အယ်လ်ဗာရက်ဇ်၊ ဆူးချက်တို့လို အဓိကကစားသမားတွေနဲ့ မိုရက်စ်က ပွဲထွက်လာခဲ့ပေမယ့် လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်ပိုင်းနဲ့ နောက်တန်းပိုင်းက အမှားအယွင်းမရှိ ကစားသွားခဲ့ပြီး ဂန်းနားကြယ်ပွင့်ဟောင်း ချာကာ ဦးဆောင်တဲ့ ကွင်းလယ်က ဝက်စ်ဟမ်းကွင်းလယ်ကို လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ အိမ်ရှင် ဝက်စ်ဟမ်းတို့က အရင်ရခဲ့တာဖြစ်ပြီး ပထမပိုင်း ၁၃ မိနစ်မှာပဲ အန်တိုနီယိုက ဘိုဝင် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို လေဗာကူဆင် ဂိုးသမား ကိုဗာထက် ခေါင်းဦးအောင် တိုက်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဝက်စ်ဟမ်းတို့ဟာ ဦးဆောင်ဂိုး ရရှိခဲ့ပြီးနောက် နောက်ထပ် ဦးဆောင်ဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် လေဗာကူဆင်ကွင်းလယ်ကို လုံးဝ လွှမ်းမိုးနိုင်အောင် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘဲ အလွန်ဆိုရဲ့ အသင်းကလည်း အခွင့်အရေး အတော်များများ ပြန်လည် ဖန်တီးနိုင်ခဲ့ကြပါတယ်။

ပွဲကစားချိန် ၈၉ မိနစ် အရောက်မှာတော့ လေဗာကူဆင်အသင်းအတွက် နောက်တစ်ဆင့် တက်ရောက်နိုင်မှာ သေချာစေမယ့် သွင်းဂိုးကို ဖရင်းပေါင်က စတာနီစစ်ရဲ့ ပေးပို့မှုကို ပင်နယ်တီဧရိယာထဲ ရယူပြီးနောက် အော့ဂ်ဘွန်နာ ပိတ်ဆို့ထားတဲ့ကြားက ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ခရက်စ်ဝဲလ်နဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်ဝက်စ်ဟမ်းတို့ဟာ နောက်ကျချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် အဆုံးသတ်ခဲ့ရပြီး ဇာဘီ အလွန်ဆိုရဲ့ အသင်းကတော့ ၄၄ ပွဲ ရှုံးပွဲမရှိစံချိန်ကို တိုးမြှင့်ရင်း ဆီမီးဖိုင်နယ်အဆင့်မှာ ရိုးမားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက မော်ရင်ဟိုရဲ့ ရိုးမားက လေဗာကူဆင်တို့ကို ဆီမီးဖိုင်နယ်အဆင့်ကနေ ဖြုတ်ပစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အလွန်ဆိုရဲ့အသင်းအနေနဲ့ လက်စားပြန်ချေဖို့ အခွင့်အရေး ရရှိခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၾကာသပေတးေန႔ညက ကစားခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ ေလဗာကူဆင္တို႔ရဲ႕ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္ပြဲစဥ္မွာ တစ္ဖက္တစ္ဂိုး သေရက်ခဲ့တာေၾကာင့္ ေလဗာကူဆင္ အသင္းက ႏွစ္ေက်ာ့ေပါင္း ၁-၃ နဲ႔ အႏိုင္ရၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဘြန္ဒက္စ္လီဂါဖလား ပူပူေႏြးေႏြး ရရွိထားတဲ့ ေလဗာကူဆင္တို႔ကေတာ့ ရႈံးပြဲမရွိ စံခ်ိန္ကို ၄၄ ပြဲအထိ ဆက္လက္ တိုးျမႇင့္ႏိုင္ခဲ့တာျဖစ္ၿပီး လန္ဒန္ကြင္းမွာ ထုံးစံအတိုင္း ဦးေဆာင္ဂိုးေပးၿပီးေနာက္ ပြဲၿပီးခါနီးမွ ေခ်ပဂိုးျပန္သြင္းၿပီး ၁-၁ ရလဒ္ကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေလဗာကူဆင္ အိမ္ကြင္းမွာတုန္းက ၂ ဂိုးျပတ္ ရႈံးနိမ့္ထားတဲ့ ဝက္စ္ဟမ္းတို႔ကေတာ့ အိမ္ကြင္းပရိသတ္ေတြေရွ႕မွာ အစြမ္းကုန္ ႀကိဳးစားအားထုတ္ခဲ့ေပမယ့္လည္း ဇာဘီ အလြန္ဆိုရဲ႕အသင္း ကစားပုံက ပထမအေက်ာ့တုန္းကလိုပဲ အလြန္ေကာင္းမြန္ခဲ့တာေၾကာင့္ ထင္သေလာက္ တိုးမေပါက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အန္တိုနီယို၊ ကူးဒက္စ္၊ ဝါ့ဒ္-ပေရာက္စ္၊ ဘိုဝင္၊ အယ္လ္ဗာရက္ဇ္၊ ဆူးခ်က္တို႔လို အဓိကကစားသမားေတြနဲ႔ မိုရက္စ္က ပြဲထြက္လာခဲ့ေပမယ့္ ေလဗာကူဆင္အသင္းရဲ႕ ကြင္းလယ္ပိုင္းနဲ႔ ေနာက္တန္းပိုင္းက အမွားအယြင္းမရွိ ကစားသြားခဲ့ၿပီး ဂန္းနားၾကယ္ပြင့္ေဟာင္း ခ်ာကာ ဦးေဆာင္တဲ့ ကြင္းလယ္က ဝက္စ္ဟမ္းကြင္းလယ္ကို လႊမ္းမိုးထားႏိုင္ခဲ့တာျဖစ္ပါတယ္။

အဖြင့္ဂိုးကိုေတာ့ အိမ္ရွင္ ဝက္စ္ဟမ္းတို႔က အရင္ရခဲ့တာျဖစ္ၿပီး ပထမပိုင္း ၁၃ မိနစ္မွာပဲ အန္တိုနီယိုက ဘိုဝင္ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေလဗာကူဆင္ ဂိုးသမား ကိုဗာထက္ ေခါင္းဦးေအာင္ တိုက္ၿပီး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဝက္စ္ဟမ္းတို႔ဟာ ဦးေဆာင္ဂိုး ရရွိခဲ့ၿပီးေနာက္ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ ထပ္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေလဗာကူဆင္ကြင္းလယ္ကို လုံးဝ လႊမ္းမိုးႏိုင္ေအာင္ လုပ္ေဆာင္ႏိုင္ျခင္းမရွိခဲ့ဘဲ အလြန္ဆိုရဲ႕ အသင္းကလည္း အခြင့္အေရး အေတာ္မ်ားမ်ား ျပန္လည္ ဖန္တီးႏိုင္ခဲ့ၾကပါတယ္။

ပြဲကစားခ်ိန္ ၈၉ မိနစ္ အေရာက္မွာေတာ့ ေလဗာကူဆင္အသင္းအတြက္ ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္မွာ ေသခ်ာေစမယ့္ သြင္းဂိုးကို ဖရင္းေပါင္က စတာနီစစ္ရဲ႕ ေပးပို႔မႈကို ပင္နယ္တီဧရိယာထဲ ရယူၿပီးေနာက္ ေအာ့ဂ္ဘြန္နာ ပိတ္ဆို႔ထားတဲ့ၾကားက ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ခရက္စ္ဝဲလ္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္း ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ဝက္စ္ဟမ္းတို႔ဟာ ေနာက္က်ေခ်ပဂိုးကို ျပန္လည္ခြင့္ျပဳခဲ့ရတာေၾကာင့္ ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ အဆုံးသတ္ခဲ့ရၿပီး ဇာဘီ အလြန္ဆိုရဲ႕ အသင္းကေတာ့ ၄၄ ပြဲ ရႈံးပြဲမရွိစံခ်ိန္ကို တိုးျမႇင့္ရင္း ဆီမီးဖိုင္နယ္အဆင့္မွာ ႐ိုးမားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းက ေမာ္ရင္ဟိုရဲ႕ ႐ိုးမားက ေလဗာကူဆင္တို႔ကို ဆီမီးဖိုင္နယ္အဆင့္ကေန ျဖဳတ္ပစ္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အလြန္ဆိုရဲ႕အသင္းအေနနဲ႔ လက္စားျပန္ေခ်ဖို႔ အခြင့္အေရး ရရွိခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.