Match Report UCL&UEL

ဘိုင်ယန်ကို ရှုံးသင့်လို့ ရှုံးခဲ့ရပြီး ချန်ပီယံလိဂ်ကို နှုတ်ဆက်လိုက်ရပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက မြူးနစ်မှာ ဘိုင်ယန်မြူးနစ်ရဲ့ ၁-၀ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စိတ်ပျက်ဖွယ် ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ဂျိုရွှာ ကင်းမစ်ချ်ရဲ့ ၆၃ မိနစ်မှာ ဂွါရဲရိုးရဲ့ ဖြတ်တင်ပေးပို့မှုကို အားပါပြင်းထန်တဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့တဲ့ဂိုးက ဂျာမန်ကလပ်ကို ၂ ကျော့ပေါင်း ၃-၂ နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်စေဖို့ လုံလောက်ခဲ့ပါတယ်။

အာဆင်နယ်ဟာ အမ်းမရိတ်စ်မှာ ဘိုင်ယန်နဲ့ ၂-၂ သရေကျခဲ့ပေမယ့်လည်း ပြည်တွင်းမှာ ဆိုးရွားတဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်ဘက်မှာ ဂနာဘရီနဲ့ ကိုးမန်းတို့လို အဓိကကစားသမားတွေ မပါနိုင်တာကြောင့် အခွင့်ကောင်းယူနိုင်မယ်လို့ ယုံကြည်ချက်ရှိခဲ့ကြတာဖြစ်ပါတယ်။

ကစားရကြပ်ပြီး ရှင်းလင်းပြတ်သားတဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ဒုတိယအကျော့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ မာတီနယ်လီ အကောင်းဆုံးအခွင့်အရေးကို ရရှိခဲ့ပေမယ့်လည်း နျူအာကိုမှ တည့်တည့်ကန်မိခဲ့တာဖြစ်ပါတယ်။ ဟာရီ ကိန်းဟာ ပထမပိုင်း ၄၅ မိနစ်အတွင်းမှာ ဘောလုံးထိတွေ့မှု ၉ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး နျူအာက အော်ဒီဂွါဒ်ရဲ့ လူထိလမ်းကြောင်း ပြောင်းလာတဲ့ ကန်ချက်ကို အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။

နှစ်သင်းစလုံးဟာ ဂိုးသွင်းယူနိုင်ဖို့အတွက် တိကျပြတ်သားတဲ့အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ တိုက်စစ်စတင်ချိန်မှာ ဆာနေးကို မထိန်းနိုင်ခဲ့တာကြောင့် ဂွါရဲရိုး ဘောလုံးရသွားပြီး ဖြတ်တင်ပေးလိုက်ချိန်မှာ ကင်းမစ်ချ်က အပိုင်ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒီပွဲမှာ အနိုင်ရခဲ့လို့ ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အလဲထိုးနိုင်ခဲ့တဲ့ ဥရောပဖလား ၁၄ ကြိမ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်တို့နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညက ျမဴးနစ္မွာ ဘိုင္ယန္ျမဴးနစ္ရဲ႕ ၁-၀ နဲ႔ အႏိုင္ယူျခင္းကို ခံခဲ့ရၿပီးေနာက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန စိတ္ပ်က္ဖြယ္ ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။

ဂ်ိဳ႐ႊာ ကင္းမစ္ခ်္ရဲ႕ ၆၃ မိနစ္မွာ ဂြါရဲ႐ိုးရဲ႕ ျဖတ္တင္ေပးပို႔မႈကို အားပါျပင္းထန္တဲ့ ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူခဲ့တဲ့ဂိုးက ဂ်ာမန္ကလပ္ကို ၂ ေက်ာ့ေပါင္း ၃-၂ နဲ႔ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ေစဖို႔ လုံေလာက္ခဲ့ပါတယ္။

အာဆင္နယ္ဟာ အမ္းမရိတ္စ္မွာ ဘိုင္ယန္နဲ႔ ၂-၂ သေရက်ခဲ့ေပမယ့္လည္း ျပည္တြင္းမွာ ဆိုး႐ြားတဲ့ရာသီနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဘိုင္ယန္ျမဴးနစ္ဘက္မွာ ဂနာဘရီနဲ႔ ကိုးမန္းတို႔လို အဓိကကစားသမားေတြ မပါႏိုင္တာေၾကာင့္ အခြင့္ေကာင္းယူႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိခဲ့ၾကတာျဖစ္ပါတယ္။

ကစားရၾကပ္ၿပီး ရွင္းလင္းျပတ္သားတဲ့ အခြင့္အေရးေတြ ဖန္တီးႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတဲ့ ဒုတိယအေက်ာ့ပြဲစဥ္ရဲ႕ ပထမပိုင္းမွာ မာတီနယ္လီ အေကာင္းဆုံးအခြင့္အေရးကို ရရွိခဲ့ေပမယ့္လည္း န်ဴအာကိုမွ တည့္တည့္ကန္မိခဲ့တာျဖစ္ပါတယ္။ ဟာရီ ကိန္းဟာ ပထမပိုင္း ၄၅ မိနစ္အတြင္းမွာ ေဘာလုံးထိေတြ႕မႈ ၉ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး န်ဴအာက ေအာ္ဒီဂြါဒ္ရဲ႕ လူထိလမ္းေၾကာင္း ေျပာင္းလာတဲ့ ကန္ခ်က္ကို အသည္းအသန္ ကာကြယ္ခဲ့ရပါတယ္။

ႏွစ္သင္းစလုံးဟာ ဂိုးသြင္းယူႏိုင္ဖို႔အတြက္ တိက်ျပတ္သားတဲ့အခြင့္အေရးေတြ ဖန္တီးႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ဒုတိယပိုင္းမွာေတာ့ တိုက္စစ္စတင္ခ်ိန္မွာ ဆာေနးကို မထိန္းႏိုင္ခဲ့တာေၾကာင့္ ဂြါရဲ႐ိုး ေဘာလုံးရသြားၿပီး ျဖတ္တင္ေပးလိုက္ခ်ိန္မွာ ကင္းမစ္ခ်္က အပိုင္ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ဒီပြဲမွာ အႏိုင္ရခဲ့လို႔ ဆီမီးဖိုင္နယ္မွာ မန္စီးတီးကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အလဲထိုးႏိုင္ခဲ့တဲ့ ဥေရာပဖလား ၁၄ ႀကိမ္ ခ်န္ပီယံ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.