Ligue1 Serie A

ပီအက်စ်ဂျီထက် ပိုပြီးကြီးမားသယောင်လုပ်နေတယ်လို့ အမ်ဘာပေကို ပြစ်တင်ခဲ့တဲ့ မိုဗစ်

အေစီမီလန်တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်က ပြင်သစ်တိုက်စစ်မှူးရဲ့ ကြောက်မက်ဖွယ် စာချုပ်သစ်ရဲ့ အသေးစိတ်အချက်အလက်တွေ ထုတ်ဖော်ခြင်းခံခဲ့ရပြီးနောက် ပီအက်စ်ဂျီထက် ကိုယ့်ကိုကိုယ် အရေးပါအောင် လုပ်နေတယ်လို့ အမ်ဘာပေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့မေလမှာ လိဂန်းချန်ပီယံတွေကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ပီအက်စ်ဂျီအသင်းနဲ့ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ စာချုပ်ပါ အသေးစိတ်အချက်အလက်တွေဟာ မကြာသေးမီက ထုတ်ဖော်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အမ်ဘာပေရဲ့ စာချုပ်သစ်ကြောင့် ပီအက်စ်ဂျီအသင်းဟာ ၃ နှစ်တာ ကာလအတွင်း ပေါင်သန်း ၅၄၀ ဝန်းကျင်အထိ ကုန်ကျမှာဖြစ်ပြီး နောက်ဆုံး တတိယနှစ်မှာ ပေါင်သန်း ၁၈၀ ဝန်းကျင် ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစာချုပ်သစ်ကြောင့် ပြင်သစ်ထိပ်သီးအသင်းကြီးဟာ ၂၀၂၁-၂၀၂၂ ရာသီအတွက် နောက်ဆုံးစာရင်းချုပ်ရာမှာ ပေါင် ၃၁၇ သန်းအထိ အရှုံးပေါ်စေခဲ့တာဖြစ်ပြီး အမ်ဘာပေရဲ့ စာချုပ်ထဲမှာ အသင်းက ဆုံးဖြတ်ချက်တွေမှာလည်း ပါဝင်ခွင့် ရရှိမယ်ဆိုတဲ့အချက်လည်း ပါဝင်တယ်လို့ ယုံကြည်ရပါတယ်။

အမ်ဘာပေဟာ လာမယ့် ဇန်နဝါရီလမှာ အသင်းကို စွန့်ခွာချင်နေတယ်လို့ သတင်းတွေ့ ဖော်ပြနေတာကြောင့် ပီအက်စ်ဂျီအသင်းမှာ ရှိနေရတဲ့ ဘဝကို လျင်လျင်မြန်မြန်ပဲ စိတ်ပျက်လက်ပျက်ဖြစ်လာခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ နည်းပြ ဂဲလ်တီယာရဲ့နည်းဗျူဟာကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့သလို အသင်းဖော်နေမာနဲ့လည်း ဆက်ဆံရေးဆိုးရွားနေတာဖြစ်ပါတယ်။

ဆွီဒင် ဂန္တဝင်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က ပြင်သစ်တိုက်စစ်မှူးက စာချုပ်သစ် ချုပ်ဆိုပြီးကတည်းက အပြုအမူတွေဟာ အသင်းထက် ပိုမိုကြီးမားသလိုဖြစ်အောင် လုပ်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

“အမ်ဘာပေက သူ့ကိုယ်သူ အသင်းထက်ပိုပြီးတော့ အရေးပါတဲ့သူဆိုတဲ့ အခြေအနေမျိုးဖြစ်အောင် လုပ်နေတာပါ။ ဒါပေမယ့် ခင်ဗျား ဘယ်တော့မှ အသင်းထက်ပိုပြီးတော့ ကြီးမားတဲ့သူဖြစ်လာမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားကို မကြီးမားလို့ပဲ”လို့ ပြင်သစ်သတင်းဌာန Canal+ ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ စိတ်ဓာတ်နဲ့ အမူအကျင့်ပိုင်း မကောင်းပေမယ့်လည်း ကွင်းအတွင်းမှာတော့ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ဆဲဖြစ်ပြီး ယခုရာသီ ၁၈ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၈ ဂိုးသွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေအစီမီလန္တိုက္စစ္မႉးႀကီး ဇလာတန္ အီဘရာဟီမိုဗစ္က ျပင္သစ္တိုက္စစ္မႉးရဲ႕ ေၾကာက္မက္ဖြယ္ စာခ်ဳပ္သစ္ရဲ႕ အေသးစိတ္အခ်က္အလက္ေတြ ထုတ္ေဖာ္ျခင္းခံခဲ့ရၿပီးေနာက္ ပီအက္စ္ဂ်ီထက္ ကိုယ့္ကိုကိုယ္ အေရးပါေအာင္ လုပ္ေနတယ္လို႔ အမ္ဘာေပကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ေမလမွာ လိဂန္းခ်န္ပီယံေတြကို စြန႔္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ ၃ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးရဲ႕ စာခ်ဳပ္ပါ အေသးစိတ္အခ်က္အလက္ေတြဟာ မၾကာေသးမီက ထုတ္ေဖာ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ အမ္ဘာေပရဲ႕ စာခ်ဳပ္သစ္ေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ ၃ ႏွစ္တာ ကာလအတြင္း ေပါင္သန္း ၅၄၀ ဝန္းက်င္အထိ ကုန္က်မွာျဖစ္ၿပီး ေနာက္ဆုံး တတိယႏွစ္မွာ ေပါင္သန္း ၁၈၀ ဝန္းက်င္ ကုန္က်မွာ ျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီစာခ်ဳပ္သစ္ေၾကာင့္ ျပင္သစ္ထိပ္သီးအသင္းႀကီးဟာ ၂၀၂၁-၂၀၂၂ ရာသီအတြက္ ေနာက္ဆုံးစာရင္းခ်ဳပ္ရာမွာ ေပါင္ ၃၁၇ သန္းအထိ အရႈံးေပၚေစခဲ့တာျဖစ္ၿပီး အမ္ဘာေပရဲ႕ စာခ်ဳပ္ထဲမွာ အသင္းက ဆုံးျဖတ္ခ်က္ေတြမွာလည္း ပါဝင္ခြင့္ ရရွိမယ္ဆိုတဲ့အခ်က္လည္း ပါဝင္တယ္လို႔ ယုံၾကည္ရပါတယ္။

အမ္ဘာေပဟာ လာမယ့္ ဇန္နဝါရီလမွာ အသင္းကို စြန႔္ခြာခ်င္ေနတယ္လို႔ သတင္းေတြ႕ ေဖာ္ျပေနတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းမွာ ရွိေနရတဲ့ ဘဝကို လ်င္လ်င္ျမန္ျမန္ပဲ စိတ္ပ်က္လက္ပ်က္ျဖစ္လာခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ နည္းျပ ဂဲလ္တီယာရဲ႕နည္းဗ်ဴဟာကို လူသိရွင္ၾကား ျပစ္တင္ေဝဖန္ခဲ့သလို အသင္းေဖာ္ေနမာနဲ႔လည္း ဆက္ဆံေရးဆိုး႐ြားေနတာျဖစ္ပါတယ္။

ဆြီဒင္ ဂႏၲဝင္တိုက္စစ္မႉးႀကီး အီဘရာဟီမိုဗစ္က ျပင္သစ္တိုက္စစ္မႉးက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီးကတည္းက အျပဳအမူေတြဟာ အသင္းထက္ ပိုမိုႀကီးမားသလိုျဖစ္ေအာင္ လုပ္ဖို႔ ႀကိဳးပမ္းေနတာျဖစ္တယ္လို႔ ေျပာၾကားလိုက္တာျဖစ္ပါတယ္။

“အမ္ဘာေပက သူ႔ကိုယ္သူ အသင္းထက္ပိုၿပီးေတာ့ အေရးပါတဲ့သူဆိုတဲ့ အေျခအေနမ်ိဳးျဖစ္ေအာင္ လုပ္ေနတာပါ။ ဒါေပမယ့္ ခင္ဗ်ား ဘယ္ေတာ့မွ အသင္းထက္ပိုၿပီးေတာ့ ႀကီးမားတဲ့သူျဖစ္လာမွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားကို မႀကီးမားလို႔ပဲ”လို႔ ျပင္သစ္သတင္းဌာန Canal+ ကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ စိတ္ဓာတ္နဲ႔ အမူအက်င့္ပိုင္း မေကာင္းေပမယ့္လည္း ကြင္းအတြင္းမွာေတာ့ စြမ္းေဆာင္ရည္ေကာင္း ျပသႏိုင္ဆဲျဖစ္ၿပီး ယခုရာသီ ၁၈ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၈ ဂိုးသြင္းယူထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.