Match Report UCL&UEL

ပင်နယ်တီအဆုံးအဖြတ်နဲ့ အသည်းကွဲခဲ့ရတဲ့ မန်စီးတီး

လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ မန်ချက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့ညက အစ်တီဟတ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျောပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်ကြောင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက အိမ်ရှင် မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ရီးရဲလ်မက်ဒရစ်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း ၁၂ မိနစ်မှာ ရိုဒရီဂိုက ဗင်နီးရှပ်စ်ရဲ့ ကန်သွင်းယူမှုကို အီဒါဆန် ပုတ်ထုတ်လိုက်လို့ ပြန်လျှံလာတဲ့ဘောလုံးကို ပိတ်သွင်းယူပြီး ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်ဖက်စလုံး အပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့ကြလို့ ဘယ်သူမှ ထပ်ဂိုးမသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်း ပြန်စချိန်မှာလည်း မန်စီးတီးကပဲ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး လူနင် လက်စွမ်းပြ ကာကွယ်နေခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ သက်သာရာရခဲ့တာဖြစ်ပါတယ်။

၇၆ မိနစ်မှာတော့ အိမ်ရှင် မန်စီးတီးက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဒိုကု ချိုးပေးလိုက်တဲ့ ဘောလုံးကို ရူဒီဂါ ပိတ်ဆို့ခဲ့ရာမှာ ဒီဘရိုင်းနားဆီ တန်းတန်းမတ်မတ် ရောက်သွားခဲ့ပြီးနောက် ဘယ်လ်ဂျီယမ်ကြယ်ပွင့်က အားပါပြင်းထန်တဲ့ကန်ချက်နဲ့ ဂိုးပိုက်အမိုးပွင့်သွားမလားထင်ရလောက်အောင် အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

သာမန်ပွဲကစားချိန် ပြည့်တဲ့အထိ ဘယ်သူမှ ဂိုးထပ်မသွင်းနိုင်ခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း နှစ်သင်းစလုံး ဖြုန်းအားကောင်းခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာ မန်စီးတီးဘက်က ဆေးလ်ဗား၊ ကိုဗာချစ်တို့ လွဲချော်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဘက် မိုဒရစ်တစ်ဦးတည်းသာ လွဲချော်ခဲ့တဲ့အတွက် ရီးရဲလ်မက်ဒရစ်က ၄-၃ နဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အာဆင်နယ်ကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ယူပြီး ၂ ကျော့ပေါင်း ၃-၂ နဲ့ နောက်တဆင့် တက်လာတဲ့ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လက္ရွိ ခ်န္ပီယံေတြျဖစ္တဲ့ မန္ခ်က္စတာစီးတီးဟာ ဗုဒၶဟူးေန႔ညက အစ္တီဟတ္မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ဒုတိယအေက်ာပြဲစဥ္မွာ ပင္နယ္တီအဆုံးအျဖတ္ေၾကာင့္ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။

ပထမပိုင္း စတင္ခ်ိန္ကတည္းက အိမ္ရွင္ မန္စီးတီးက ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ရီးရဲလ္မက္ဒရစ္ကို ဖိအားေပးကစားႏိုင္ခဲ့ေပမယ့္လည္း ၁၂ မိနစ္မွာ ႐ိုဒရီဂိုက ဗင္နီးရွပ္စ္ရဲ႕ ကန္သြင္းယူမႈကို အီဒါဆန္ ပုတ္ထုတ္လိုက္လို႔ ျပန္လွ်ံလာတဲ့ေဘာလုံးကို ပိတ္သြင္းယူၿပီး ဦးေဆာင္ဂိုး သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ႏွစ္ဖက္စလုံး အပိုင္အခြင့္အေရးေတြ ျဖဳန္းတီးခဲ့ၾကလို႔ ဘယ္သူမွ ထပ္ဂိုးမသြင္းႏိုင္ခဲ့ဘဲ ဒုတိယပိုင္း ျပန္စခ်ိန္မွာလည္း မန္စီးတီးကပဲ ဆက္လက္ဖိအားေပးႏိုင္ခဲ့ၿပီး လူနင္ လက္စြမ္းျပ ကာကြယ္ေနခဲ့လို႔ ရီးရဲလ္မက္ဒရစ္တို႔ သက္သာရာရခဲ့တာျဖစ္ပါတယ္။

၇၆ မိနစ္မွာေတာ့ အိမ္ရွင္ မန္စီးတီးက ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ဒိုကု ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ႐ူဒီဂါ ပိတ္ဆို႔ခဲ့ရာမွာ ဒီဘ႐ိုင္းနားဆီ တန္းတန္းမတ္မတ္ ေရာက္သြားခဲ့ၿပီးေနာက္ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္က အားပါျပင္းထန္တဲ့ကန္ခ်က္နဲ႔ ဂိုးပိုက္အမိုးပြင့္သြားမလားထင္ရေလာက္ေအာင္ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

သာမန္ပြဲကစားခ်ိန္ ျပည့္တဲ့အထိ ဘယ္သူမွ ဂိုးထပ္မသြင္းႏိုင္ခဲ့လို႔ အခ်ိန္ပို ဆက္ကစားခဲ့ရၿပီး အခ်ိန္ပိုမွာလည္း ႏွစ္သင္းစလုံး ျဖဳန္းအားေကာင္းခဲ့လို႔ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရပါတယ္။

ပင္နယ္တီအဆုံးအျဖတ္မွာ မန္စီးတီးဘက္က ေဆးလ္ဗား၊ ကိုဗာခ်စ္တို႔ လြဲေခ်ာ္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ဘက္ မိုဒရစ္တစ္ဦးတည္းသာ လြဲေခ်ာ္ခဲ့တဲ့အတြက္ ရီးရဲလ္မက္ဒရစ္က ၄-၃ နဲ႔ အႏိုင္ရရွိၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ဆီမီးဖိုင္နယ္အဆင့္မွာ အာဆင္နယ္ကို အိမ္ကြင္းမွာ ၁-၀ နဲ႔ အႏိုင္ယူၿပီး ၂ ေက်ာ့ေပါင္း ၃-၂ နဲ႔ ေနာက္တဆင့္ တက္လာတဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.