Match Report UCL&UEL

အေစီကို ၂ ကျော့စလုံးဖုတ်ပြီး ဆီမီးဖိုင်နယ်ကို ၄ နှစ်ဆက်တက်တဲ့ ရိုးမား

ရိုးမားအသင်းဟာ ကြာသပတေးနေ့ညက အေစီမီလန်ကို အိမ်ကွင်း အိုလင်ပီကိုမှာ ၂-၁ နဲ့ အနိုင်ယူပြီး ၂ ကျော့ပေါင်း ၃-၁ နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂျန်လူကာ မန်စီနီက ပထမပိုင်း ၁၂ မိနစ်မှာ အိမ်ရှင်ရိုးမားတို့အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် နောက်ထပ် ၁၀ မိနစ်အကြာမှာ ဒီဘာလာက ၂ ကျော့ပေါင်း ၃-၁ နဲ့ အနိုင်သေချာစေမယ့် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီရော့ဆီရဲ့အသင်းဟာ ရာဖေး လီအိုကို ဆီလစ်ခ် ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီနဲ့ ထုတ်ခံခဲ့ရပြီးနောက် တစ်ယောက်လျော့နဲ့ အေစီမီလန်ကို ရင်ဆိုင်ခဲ့ရပြီး ၈၅ မိနစ်မှာ ဂက်ဘီယာက ဧည့်သည်တွေအတွက် နှစ်သိမ့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရိုးမားနောက်ခံလူ မန်စီနီဟာ ပယ်လီဂရီနီရဲ့ ကန်ချက်က ဂိုးတိုင်ထိပြီး ပြန်လျှံထွက်လာတာကို လျင်လျင်မြန်မြန်ပဲ ပိတ်သွင်းယူပြီး ရိုးမားအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပြီး ဒီဘာလာက ပင်နယ်တီဧရိယာအစွန်ကနေ ဘယ်ခြေနဲ့ ဂိုးဘယ်ဖက်အပေါ်ထောင့်ထဲကို ဝိုက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ဝက်စ်ဟမ်းကို အနိုင်ယူပြီး ၄၄ ပွဲရှုံးပွဲမရှိစံချိန်တင်ထားတဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံ လေဗာကူဆင်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
႐ိုးမားအသင္းဟာ ၾကာသပေတးေန႔ညက ေအစီမီလန္ကို အိမ္ကြင္း အိုလင္ပီကိုမွာ ၂-၁ နဲ႔ အႏိုင္ယူၿပီး ၂ ေက်ာ့ေပါင္း ၃-၁ နဲ႔ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဂ်န္လူကာ မန္စီနီက ပထမပိုင္း ၁၂ မိနစ္မွာ အိမ္ရွင္႐ိုးမားတို႔အတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ ဒီဘာလာက ၂ ေက်ာ့ေပါင္း ၃-၁ နဲ႔ အႏိုင္ေသခ်ာေစမယ့္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒီေရာ့ဆီရဲ႕အသင္းဟာ ရာေဖး လီအိုကို ဆီလစ္ခ္ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့လို႔ တိုက္႐ိုက္အနီနဲ႔ ထုတ္ခံခဲ့ရၿပီးေနာက္ တစ္ေယာက္ေလ်ာ့နဲ႔ ေအစီမီလန္ကို ရင္ဆိုင္ခဲ့ရၿပီး ၈၅ မိနစ္မွာ ဂက္ဘီယာက ဧည့္သည္ေတြအတြက္ ႏွစ္သိမ့္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

႐ိုးမားေနာက္ခံလူ မန္စီနီဟာ ပယ္လီဂရီနီရဲ႕ ကန္ခ်က္က ဂိုးတိုင္ထိၿပီး ျပန္လွ်ံထြက္လာတာကို လ်င္လ်င္ျမန္ျမန္ပဲ ပိတ္သြင္းယူၿပီး ႐ိုးမားအတြက္ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ၿပီး ဒီဘာလာက ပင္နယ္တီဧရိယာအစြန္ကေန ဘယ္ေျခနဲ႔ ဂိုးဘယ္ဖက္အေပၚေထာင့္ထဲကို ဝိုက္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

႐ိုးမားအသင္းဟာ ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္အဆင့္မွာ ဝက္စ္ဟမ္းကို အႏိုင္ယူၿပီး ၄၄ ပြဲရႈံးပြဲမရွိစံခ်ိန္တင္ထားတဲ့ ဘြန္ဒက္စ္လီဂါခ်န္ပီယံ ေလဗာကူဆင္နဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.