La Liga

အွန်နရီရဲ့ မျက်နှာကို ဘာလို့ မကြည့်ရဲခဲ့လဲဆိုတာ ရှင်းပြခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းကို ပြင်သစ်ဂန္တဝင်တိုက်စစ်မှူး စတင်ရောက်ရှိလာတဲ့အချိန်မှာ သေချာတောင် မကြည့်ရဲလောက်အောင် ရှိန်နေခဲ့ပါတယ်။

အွန်နရီဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့ပြီး အင်္ဂလန်မှာ ကြောက်မက်ဖွယ် တိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်မှာ ဂန်းနားတွေကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။

အွန်နရီဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရပြီး အနာဂတ်မှာ တသက်တာအကောင်းဆုံးကစားသမားဖြစ်လာမယ့် မက်ဆီဟာ အဲဒီအချိန်မှာ ၎င်းရဲ့ ပါရမီတွေကို ဖြည့်ကျင့်နေဆဲ ရှိသေးတာဖြစ်ပါတယ်။

မက်ဆီဟာ အသက် ၁၃ နှစ်သား အရွယ် နူးကမ့်ကို စတင်ရောက်ရှိခဲ့ချိန်ကစပြီး ဘာစီလိုနာအသင်းရဲ့ အရည်အသွေးကြောင့် ထင်ပေါ်ကျော်ကြားတဲ့ စူပါစတားအများအပြားကို တွေ့ဆုံခဲ့ရတာဖြစ်ပြီး ပထမအသင်းမှာ စတင်ပါဝင်ကစားခွင့်ရရှိခဲ့ပြီးနောက် ရော်နယ်လ်ဒင်ညိုရဲ့ ရင်အုပ်မကွာ စောင့်ရှောက်ပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီဟာ သီယာရီ အွန်နရီကို မြင်တွေ့ရချိန်မှာ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတာဖြစ်ပြီး အဲဒီအချိန်မှာ ဟုန်းဟုန်းတောက် အောင်မြင်ကျော်ကြားနေတဲ့ ပြင်သစ်ဂန္တဝင်တိုက်စစ်မှူးကို မျက်နှာစေ့စေ့ မကြည့်ရဲခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“သူ အဝတ်လဲခန်းထဲကို ဝင်လာခဲ့တဲ့ ပထမဆုံးနေ့မှာ ကျွန်တော် သူ့မျက်နှာကိုတောင် သေချာ မကြည့်ရဲခဲ့ပါဘူး။ သူ အင်္ဂလန်မှာလုပ်ခဲ့တာတွေအားလုံးကို ကျွန်တော် သိခဲ့တယ်။ ကျွန်တော့်မှာ သူ့ရဲ့ ပုံရှိပြီး ရုတ်တရက်ပဲ ကျွန်တော်တို့က တစ်သင်းတည်းဖြစ်သွားခဲ့တယ်။ ကျွန်တော် သီယာရီအတွက် ဘာခံစားချက်ရှိလဲဆိုရင် လေးစားအားကျတဲ့ပုံစံမျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော် အွန်နရီကို ချစ်မြတ်နိုးတယ်။ သက်တောင့်သက်သာ အဆုံးသတ်တဲ့ လှုပ်ရှားမှု၊ သွင်းဂိုးတွေ သွင်းယူနိုင်အောင် သူလုပ်ခဲ့တဲ့ပုံစံနဲ့ ကစားတာကို အဆုံးသတ်တဲ့ပုံစံက အရမ်းကို သဘာဝကျပြီး အဲဒါက ကျွန်တော့်ကို သဘောကျစေခဲ့တယ်။ သူ့ရဲ့ ကစားသမားဘဝ၊ သူ့ရဲ့အလိမ်အခေါက်၊ နောက်ဆုံး အပြုအမူ။ အဲဒါက အလွယ်တကူ စီးဆင်းနိုင်ပြီး အချိုးကျပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အွန်နရီရဲ့ နူးကမ့်က ပွဲဦးထွက်ရာသီ ၂၀၀၇-၂၀၀၈ ရာသီမှာ သွင်းဂိုး ၁၉ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပြီး မက်ဆီကတော့ ဖရန့်ခ် ရစ်ကတ်ရဲ့ ဘာစီလိုနာနည်းပြဘဝနောက်ဆုံးနှစ်မှာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ ဘာဆုဖလားမှ ရယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပြီး နောက်နှစ်မှာတော့ မက်ဆီနဲ့ အွန်နရီတို့ဟာ ဆမ်မြူရယ် အီတူးနဲ့အတူ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ်ဖလား ၃ လုံးတပြိုင်နက် ရယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းကို ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉး စတင္ေရာက္ရွိလာတဲ့အခ်ိန္မွာ ေသခ်ာေတာင္ မၾကည့္ရဲေလာက္ေအာင္ ရွိန္ေနခဲ့ပါတယ္။

အြန္နရီဟာ အာဆင္နယ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္ ရရွိခဲ့ၿပီး အဂၤလန္မွာ ေၾကာက္မက္ဖြယ္ တိုက္စစ္မႉးတစ္ဦး ျဖစ္လာခဲ့ၿပီးေနာက္ ၂၀၀၇ ခုႏွစ္မွာ ဂန္းနားေတြကို စြန႔္ခြာခဲ့တာျဖစ္ပါတယ္။

အြန္နရီဟာ ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံခဲ့ရၿပီး အနာဂတ္မွာ တသက္တာအေကာင္းဆုံးကစားသမားျဖစ္လာမယ့္ မက္ဆီဟာ အဲဒီအခ်ိန္မွာ ၎ရဲ႕ ပါရမီေတြကို ျဖည့္က်င့္ေနဆဲ ရွိေသးတာျဖစ္ပါတယ္။

မက္ဆီဟာ အသက္ ၁၃ ႏွစ္သား အ႐ြယ္ ႏူးကမ့္ကို စတင္ေရာက္ရွိခဲ့ခ်ိန္ကစၿပီး ဘာစီလိုနာအသင္းရဲ႕ အရည္အေသြးေၾကာင့္ ထင္ေပၚေက်ာ္ၾကားတဲ့ စူပါစတားအမ်ားအျပားကို ေတြ႕ဆုံခဲ့ရတာျဖစ္ၿပီး ပထမအသင္းမွာ စတင္ပါဝင္ကစားခြင့္ရရွိခဲ့ၿပီးေနာက္ ေရာ္နယ္လ္ဒင္ညိဳရဲ႕ ရင္အုပ္မကြာ ေစာင့္ေရွာက္ေပးျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီယြန္နယ္ မက္ဆီဟာ သီယာရီ အြန္နရီကို ျမင္ေတြ႕ရခ်ိန္မွာ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတာျဖစ္ၿပီး အဲဒီအခ်ိန္မွာ ဟုန္းဟုန္းေတာက္ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉးကို မ်က္ႏွာေစ့ေစ့ မၾကည့္ရဲခဲ့ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“သူ အဝတ္လဲခန္းထဲကို ဝင္လာခဲ့တဲ့ ပထမဆုံးေန႔မွာ ကြၽန္ေတာ္ သူ႔မ်က္ႏွာကိုေတာင္ ေသခ်ာ မၾကည့္ရဲခဲ့ပါဘူး။ သူ အဂၤလန္မွာလုပ္ခဲ့တာေတြအားလုံးကို ကြၽန္ေတာ္ သိခဲ့တယ္။ ကြၽန္ေတာ့္မွာ သူ႔ရဲ႕ ပုံရွိၿပီး ႐ုတ္တရက္ပဲ ကြၽန္ေတာ္တို႔က တစ္သင္းတည္းျဖစ္သြားခဲ့တယ္။ ကြၽန္ေတာ္ သီယာရီအတြက္ ဘာခံစားခ်က္ရွိလဲဆိုရင္ ေလးစားအားက်တဲ့ပုံစံမ်ိဳး ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္ အြန္နရီကို ခ်စ္ျမတ္ႏိုးတယ္။ သက္ေတာင့္သက္သာ အဆုံးသတ္တဲ့ လႈပ္ရွားမႈ၊ သြင္းဂိုးေတြ သြင္းယူႏိုင္ေအာင္ သူလုပ္ခဲ့တဲ့ပုံစံနဲ႔ ကစားတာကို အဆုံးသတ္တဲ့ပုံစံက အရမ္းကို သဘာဝက်ၿပီး အဲဒါက ကြၽန္ေတာ့္ကို သေဘာက်ေစခဲ့တယ္။ သူ႔ရဲ႕ ကစားသမားဘဝ၊ သူ႔ရဲ႕အလိမ္အေခါက္၊ ေနာက္ဆုံး အျပဳအမူ။ အဲဒါက အလြယ္တကူ စီးဆင္းႏိုင္ၿပီး အခ်ိဳးက်ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အြန္နရီရဲ႕ ႏူးကမ့္က ပြဲဦးထြက္ရာသီ ၂၀၀၇-၂၀၀၈ ရာသီမွာ သြင္းဂိုး ၁၉ ဂိုးနဲ႔ ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္ခဲ့ၿပီး မက္ဆီကေတာ့ ဖရန႔္ခ္ ရစ္ကတ္ရဲ႕ ဘာစီလိုနာနည္းျပဘဝေနာက္ဆုံးႏွစ္မွာ ၁၆ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘာစီလိုနာအသင္းဟာ ဘာဆုဖလားမွ ရယူႏိုင္ခဲ့ျခင္းမရွိတာျဖစ္ၿပီး ေနာက္ႏွစ္မွာေတာ့ မက္ဆီနဲ႔ အြန္နရီတို႔ဟာ ဆမ္ျမဴရယ္ အီတူးနဲ႔အတူ လာလီဂါ၊ ကိုပါဒယ္ေရးနဲ႔ ခ်န္ပီယံလိဂ္ဖလား ၃ လုံးတၿပိဳင္နက္ ရယူႏိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.