La Liga Premier League

အပြီးပြည့်စုံဆုံးနည်းပြကို ရွေးချယ်ရာမှာ အန်ဆလော့တီကို မရွေးချယ်ခဲ့တဲ့ တိုနီ ခရူးစ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် တိုနီ ခရူးစ်က ဘာစီလိုနာနည်းပြဟောင်း ပက် ဂွါဒီယိုလာဟာ ၎င်းအတွက်တော့ ပြီးပြည့်စုံတဲ့နည်းပြဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျာမန်ကွင်းလယ်ကစားသမားဟာ လက်ရှိ မန်ချက်စတာစီးတီးနည်းပြ ဘိုင်ယန်မြူးနစ်အသင်းကို နည်းပြခဲ့စဉ်အချိန်တုန်းက အတူတူလက်တွဲခဲ့ဖူးသူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ တိုနီ ခရူးစ်ဟာ နည်းပြ ဂွါဒီယိုလာလက်အောက် ၂၀၁၃-၂၀၁၄ ဘွန်ဒက်စ်လီဂါဖလားရရှိခဲ့ပေမယ့်လည်း ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယမြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ တိုနီ ခရူးစ်ဟာ အဲဒီနွေရာသီမှာပဲ ရီးရဲလ်မက်ဒရစ်အသင်းကို ယူရို ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဂွါဒီယိုလာက ၎င်းကို ထိန်းသိမ်းထားနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းကတော့ တခြားအစီအစဉ်ရှိနေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

“ဂွါဒီယိုလာက ကျွန်တော် ဘိုင်ယန်မှာ ဆက်နေဖို့ နောက်ဆုံးနေ့အထိ တိုက်ပွဲဝင်ခဲ့တယ်။ ခင်ဗျား ကျွန်တော့်ရဲ့ပွဲစဉ်အတွက် ပြီးပြည့်စုံတဲ့နည်းပြက ဘယ်သူလဲလို့ ရွေးချယ်ခိုင်းရင် အဲဒါက ဂွါဒီယိုလာပဲ။ ကျွန်တော် သူနဲ့ရှိခဲ့ရတဲ့ နှစ်တွေကို တကယ်ပျော်ရွှင်မိခဲ့ပါတယ်။ သူက ကျွန်တော့်ကို အများကြီးတိုးတက်အောင် လုပ်ပေးခဲ့တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တိုနီ ခရူးစ်ဟာ ဆန်တီယေဂို ဘာနေဗျူးမှာ ရှိနေခဲ့တဲ့ ကာလအတွင်း ခေတ်သစ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့သူဖြစ်ပြီး လာလီဂါထိပ်သီးအသင်းကြီးနဲ့ အတူရှိနေခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်း ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ လာလီဂါဖလား ၃ ကြိမ်အထိ ကိုင်မြှောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခဲ့တဲ့ ကာလအတွင်း တိုနီ ခရူးစ်ဟာ ဘွန်ဒက်စ်လီဂါဘီလူးကြီးနဲ့ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်နဲ့ ဘွန်ဒက်စ်လီဂါ ၃ ကြိမ် ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီကုန်မှာ လာလီဂါ၊ လက်ရှိ ဥရောပချန်ပီယံတွေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ တိုနီ ခ႐ူးစ္က ဘာစီလိုနာနည္းျပေဟာင္း ပက္ ဂြါဒီယိုလာဟာ ၎အတြက္ေတာ့ ၿပီးျပည့္စုံတဲ့နည္းျပျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ာမန္ကြင္းလယ္ကစားသမားဟာ လက္ရွိ မန္ခ်က္စတာစီးတီးနည္းျပ ဘိုင္ယန္ျမဴးနစ္အသင္းကို နည္းျပခဲ့စဥ္အခ်ိန္တုန္းက အတူတူလက္တြဲခဲ့ဖူးသူျဖစ္ၿပီး ၂၀၁၄ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္တုန္းက အသက္ ၂၄ ႏွစ္အ႐ြယ္သာရွိေသးတဲ့ တိုနီ ခ႐ူးစ္ဟာ နည္းျပ ဂြါဒီယိုလာလက္ေအာက္ ၂၀၁၃-၂၀၁၄ ဘြန္ဒက္စ္လီဂါဖလားရရွိခဲ့ေပမယ့္လည္း ဆီမီးဖိုင္နယ္မွာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ဒုတိယေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ေနာက္ဆက္တြဲအေနနဲ႔ တိုနီ ခ႐ူးစ္ဟာ အဲဒီေႏြရာသီမွာပဲ ရီးရဲလ္မက္ဒရစ္အသင္းကို ယူ႐ို ၂၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဂြါဒီယိုလာက ၎ကို ထိန္းသိမ္းထားႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးပမ္းခဲ့ေပမယ့္ ဘိုင္ယန္ျမဴးနစ္အသင္းကေတာ့ တျခားအစီအစဥ္ရွိေနခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္တာျဖစ္ပါတယ္။

“ဂြါဒီယိုလာက ကြၽန္ေတာ္ ဘိုင္ယန္မွာ ဆက္ေနဖို႔ ေနာက္ဆုံးေန႔အထိ တိုက္ပြဲဝင္ခဲ့တယ္။ ခင္ဗ်ား ကြၽန္ေတာ့္ရဲ႕ပြဲစဥ္အတြက္ ၿပီးျပည့္စုံတဲ့နည္းျပက ဘယ္သူလဲလို႔ ေ႐ြးခ်ယ္ခိုင္းရင္ အဲဒါက ဂြါဒီယိုလာပဲ။ ကြၽန္ေတာ္ သူနဲ႔ရွိခဲ့ရတဲ့ ႏွစ္ေတြကို တကယ္ေပ်ာ္႐ႊင္မိခဲ့ပါတယ္။ သူက ကြၽန္ေတာ့္ကို အမ်ားႀကီးတိုးတက္ေအာင္ လုပ္ေပးခဲ့တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တိုနီ ခ႐ူးစ္ဟာ ဆန္တီေယဂို ဘာေနဗ်ဴးမွာ ရွိေနခဲ့တဲ့ ကာလအတြင္း ေခတ္သစ္ရဲ႕ အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ တိုးတက္လာခဲ့သူျဖစ္ၿပီး လာလီဂါထိပ္သီးအသင္းႀကီးနဲ႔ အတူရွိေနခဲ့တဲ့ ၈ ႏွစ္တာ ကာလအတြင္း ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္နဲ႔ လာလီဂါဖလား ၃ ႀကိမ္အထိ ကိုင္ေျမႇာက္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းမွာ ကစားခဲ့တဲ့ ကာလအတြင္း တိုနီ ခ႐ူးစ္ဟာ ဘြန္ဒက္စ္လီဂါဘီလူးႀကီးနဲ႔ ခ်န္ပီယံလိဂ္ဖလား တစ္ႀကိမ္နဲ႔ ဘြန္ဒက္စ္လီဂါ ၃ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ဟာ ယခုရာသီကုန္မွာ လာလီဂါ၊ လက္ရွိ ဥေရာပခ်န္ပီယံေတြနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.