La Liga Ligue1

မက်ဆီကို လာလီဂါတင်မဟုတ်ဘဲ ဘောလုံးကပါ လွမ်းဆွတ်နေတာဆိုတဲ့ လာလီဂါဥက္ကဌ

လာလီဂါဥက္ကဌ ဇေးဗီးယား တီဘက်စ်က ဘလွန်ဒေါ ၇ ဆုရှင်ဟာ ဘာစီလိုနာကို စွန့်ခွာပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားကတည်းက ဘောလုံးက လီယွန်နယ် မက်ဆီကို လွမ်းဆွတ်နေတာလို့ ပြောကြားပြီး လိဂန်းကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မက်ဆီဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပြင်သစ်မှာ ဒုတိယမြောက်ရာသီကို ကစားနေတာဖြစ်ပြီး ယခုရာသီမှာ ကမ္ဘာ့ထိပ်တန်းခြေစွမ်းကို ပြသနေတာ ဖြစ်ပါတယ်။ ပဲရစ်က ပထမဆုံးနှစ်မှာ စိတ်ပျက်စရာရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အာဂျင်တီးနားဂန္တဝင်ဟာ ယခုရာသီ ၁၇ ပွဲ ကစားပေးထားရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း မေဂျာလိဂ်ကိုလည်း ပြောင်းရွှေ့သွားနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

Ole Sports Summit မှာ စကားပြောဆိုရာမှာ တီဘက်စ်က မက်ဆီရဲ့လာလီဂါကို စွန့်ခွာသွားမှုကို ခါးခါးသီးသီး နောင်တရမိပြီး အာဂျင်တီးနားမှော်ဆရာဟာ ပြင်သစ်မှာ လက်ရှိ ကစားနေတာကြောင့် ဘောလုံးက လွမ်းဆွတ်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မက်ဆီကို လာလီဂါတစ်ခုတည်းတင် လွမ်းဆွတ်နေတာမဟုတ်ဘဲ ဘောလုံးကပါ လွမ်းဆွတ်နေတယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သူက ပြင်သစ်လိဂ်မှာ ကစားနေလို့ပါ။ ဟုတ်တယ်မလား။ သူ ပီအက်စ်ဂျီအသင်းမှာ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ဘာစီလိုနာဘောလုံးအသင်းမှာ ကစားခဲ့တုန်းကထက် လူသိနည်းသွားတယ်လို့ ကျွန်တော် ထင်ပါတယ်”

“အဲဒါကြောင့် ဘောလုံးက လီယွန်နယ် မက်ဆီကို လွမ်းဆွတ်နေပြီး ကျွန်တော်တို့ အရမ်းကောင်းတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူ့ကို အဲဒီမှာ နောက်ထပ်တစ်ကြိမ် မြင်တွေ့နိုင်မှာမို့လို့ပါ”

“ပီအက်စ်ဂျီအသင်းက နွန့်စ်နဲ့ ကစားတဲ့ပွဲကို ပရိသတ်တွေအားလုံးကြည့်ကြတာမျို ကျွန်တော် မမြင်ဘူး။ ကျွန်တော်လည်း အဲဒီပွဲကို မကြည့်ပါဘူး။ ဘာဆာနဲ့ လာလီဂါမှာသာ ကစားတုန်းက ကျွန်တော်သူ့ကို အများကြီးပိုပြီး မကြာခဏ ကြည့်ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လာလီဂါဥကၠဌ ေဇးဗီးယား တီဘက္စ္က ဘလြန္ေဒါ ၇ ဆုရွင္ဟာ ဘာစီလိုနာကို စြန႔္ခြာၿပီး ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕သြားကတည္းက ေဘာလုံးက လီယြန္နယ္ မက္ဆီကို လြမ္းဆြတ္ေနတာလို႔ ေျပာၾကားၿပီး လိဂန္းကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

မက္ဆီဟာ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ျပင္သစ္မွာ ဒုတိယေျမာက္ရာသီကို ကစားေနတာျဖစ္ၿပီး ယခုရာသီမွာ ကမာၻ႔ထိပ္တန္းေျခစြမ္းကို ျပသေနတာ ျဖစ္ပါတယ္။ ပဲရစ္က ပထမဆုံးႏွစ္မွာ စိတ္ပ်က္စရာရာသီနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ အာဂ်င္တီးနားဂႏၲဝင္ဟာ ယခုရာသီ ၁၇ ပြဲ ကစားေပးထားရာမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္အထိ ျပဳလုပ္ေပးထားတာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အာဂ်င္တီးနားၾကယ္ပြင့္အေနနဲ႔ ဘာစီလိုနာကို ျပန္လည္ေျပာင္းေ႐ႊ႕ႏိုင္တယ္ဆိုတဲ့ေျပာဆိုမႈေတြ ရွိေနေပမယ့္လည္း ေမဂ်ာလိဂ္ကိုလည္း ေျပာင္းေ႐ႊ႕သြားႏိုင္တယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

Ole Sports Summit မွာ စကားေျပာဆိုရာမွာ တီဘက္စ္က မက္ဆီရဲ႕လာလီဂါကို စြန႔္ခြာသြားမႈကို ခါးခါးသီးသီး ေနာင္တရမိၿပီး အာဂ်င္တီးနားေမွာ္ဆရာဟာ ျပင္သစ္မွာ လက္ရွိ ကစားေနတာေၾကာင့္ ေဘာလုံးက လြမ္းဆြတ္ေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“မက္ဆီကို လာလီဂါတစ္ခုတည္းတင္ လြမ္းဆြတ္ေနတာမဟုတ္ဘဲ ေဘာလုံးကပါ လြမ္းဆြတ္ေနတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူက ျပင္သစ္လိဂ္မွာ ကစားေနလို႔ပါ။ ဟုတ္တယ္မလား။ သူ ပီအက္စ္ဂ်ီအသင္းမွာ ဘယ္ေလာက္ပဲ ေကာင္းေနပါေစ၊ ဘာစီလိုနာေဘာလုံးအသင္းမွာ ကစားခဲ့တုန္းကထက္ လူသိနည္းသြားတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”

“အဲဒါေၾကာင့္ ေဘာလုံးက လီယြန္နယ္ မက္ဆီကို လြမ္းဆြတ္ေနၿပီး ကြၽန္ေတာ္တို႔ အရမ္းေကာင္းတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ သူ႔ကို အဲဒီမွာ ေနာက္ထပ္တစ္ႀကိမ္ ျမင္ေတြ႕ႏိုင္မွာမို႔လို႔ပါ”

“ပီအက္စ္ဂ်ီအသင္းက ႏြန႔္စ္နဲ႔ ကစားတဲ့ပြဲကို ပရိသတ္ေတြအားလုံးၾကည့္ၾကတာမ်ိဳ ကြၽန္ေတာ္ မျမင္ဘူး။ ကြၽန္ေတာ္လည္း အဲဒီပြဲကို မၾကည့္ပါဘူး။ ဘာဆာနဲ႔ လာလီဂါမွာသာ ကစားတုန္းက ကြၽန္ေတာ္သူ႔ကို အမ်ားႀကီးပိုၿပီး မၾကာခဏ ၾကည့္ျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.