Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၉.၉.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ လက္ေထာက္နည္းျပတစ္ဦးျဖစ္တဲ့ မုိက္ခ္ ဖီလန္က ေဂ်ဒန္ ဆန္ခ်ဳိကို ေဒါ့မြန္ကေန ေခၚယူႏုိင္ဖို႔ ကိစၥဟာ ျဖစ္ႏိုင္ေျခမ်ားေနၿပီး ဒီေႏြရာသီ အေျပာင္းအေရႊ႕ကာလ မကုန္ခင္ အၿပီးသတ္ႏုိင္မယ္လုိ႔ ယုံၾကည္ေၾကာင္းဆို။

– ရီးရဲလ္မက္ရစ္ေနာက္ခံလူ ဆာဂ်ီယို ရက္ဂီလြန္က မန္ခ်က္စတာယူႏုိက္တက္နည္းျပ ဆုိးလ္ရွားရဲ႕ စိတ္ဝင္စားမွဳအတြက္ ႀကဳိဆုိလိုက္ၿပီး တာဝန္ရွိသူေတြအေနနဲ႔ ယူ႐ိုသန္း ၃၀ နဲ႔ ကမ္းလွမ္းဖို႔ ရွိေနသလို တစ္ပတ္လုပ္ခ ေပါင္ ၈၇၀၀၀ ေပးေခ်သြားမယ္လုိ႔ သတင္းထြက္လာ။

– အသင္းရဲ႕ ဒုတိယဂိုးသမားအျဖစ္ ဒီရာသီမွာ အရန္ခုံကေန စတင္ရမယ့္ အဂၤလန္လူငယ္ ဒင္းန္ ဟန္ဒါဆန္က သူ႕အေနနဲ႔ ပထမေနရာကို ရရွိဖို႔အတြက္ ဘယ္လို ေတာင္းဆုိမွဳမ်ဳိးကိုပဲျဖစ္ျဖစ္ ႀကဳိးစားလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းဆုိ။

– ေနာက္ခံလူ ခရစၥ စေမာလင္းနဲ႔ ပုဂၢဳိလ္ေရး ညႇိႏွဳိင္းမွဳေတြမွာ သေဘာတူညီမွဳ ရယူႏုိင္ခဲ့တဲ့ ႐ိုးမားအသင္းအေနနဲ႔ လာမယ့္ရက္ပုိင္း အတြင္းမွာ မန္ခ်က္စတာယူႏုိက္တက္တာဝန္ရွိသူေတြနဲ႔ ထပ္မံေဆြးေႏြးသြားဖို႔ ရွိေနၿပီး အဂၤလန္သားကို အၿပီးသတ္ ေခၚယူသြားႏုိင္ဖို႔ ႀကဳိးစားသြားမယ္လုိ႔ဆုိ။

– မန္ခ်က္စတာယူႏိုက္တက္တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ကိုဗစ္-၁၉ ေၾကာင့္ အဂၤလန္ႏုိင္ငံရဲ႕ ေလာ့ခ္ေဒါင္းကာလအတြင္း ဆင္းရဲႏြမ္းပါးတဲ့ ကေလးငယ္ေတြကို အစာေရစာ ေထာက္ပံ့ခဲ့တဲ့ လုပ္ေဆာင္ခ်က္ေၾကာင့္ PFA ရဲ႕ အမွတ္တရ ဂုဏ္ျပဳဆုကို ရရွိခဲ့။

– ေပၚတူဂီလက္ေရြးစင္အသင္းအတြက္ ရာျပည့္ဂိုးနဲ႔ ၁၀၁ ဂိုးေျမာက္ ဂိုးေတြကို သြင္းယူႏုိင္ခဲ့တဲ့ အသင္းတုိက္စစ္မွဴးေဟာင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ တြစ္တာနဲ႔ အင္စတာဂရမ္အေကာင့္ေတြကေန ဂုဏ္ျပဳေၾကာင္းထုတ္ျပန္။

– အဂၤလန္အသင္းရဲ႕ ေခၚယူမွဳမွာ မန္ခ်က္စတာၿမဳိ႕ရဲ႕ မ်က္ႏွာကို အုိးမည္းသုတ္ခဲ့တဲ့ ဖီးလ္ ဖိုဒန္နဲ႔ ေမဆန္ ဂရင္းဝုဒ္တုိ႔ကို နည္းျပ ဂယ္ရက္ ေဆာက္သ္ဂိတ္က အမွားဆုိတာ က်ဴးလြန္တတ္တဲ့ အရာျဖစ္ၿပီး နားလည္ေပးႏုိင္ေၾကာင္းနဲ႔ သူတုိ႔အေနနဲ႔ အဂၤလန္အသင္းရဲ႕ ယုံၾကည္မွဳကို ရယူႏုိင္ဖို႔ မွန္ကန္တဲ့ အျပဳအမူေတြနဲ႔ ျပန္လည္ႀကဳိးစားတည္ေဆာက္သင့္တယ္လုိ႔ တုိက္တြန္းသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ထောက်နည်းပြတစ်ဦးဖြစ်တဲ့ မိုက်ခ် ဖီလန်က ဂျေဒန် ဆန်ချိုကို ဒေါ့မွန်ကနေ ခေါ်ယူနိုင်ဖို့ ကိစ္စဟာ ဖြစ်နိုင်ခြေများနေပြီး ဒီနွေရာသီ အပြောင်းအရွှေ့ကာလ မကုန်ခင် အပြီးသတ်နိုင်မယ်လို့ ယုံကြည်ကြောင်းဆို။

– ရီးရဲလ်မက်ရစ်နောက်ခံလူ ဆာဂျီယို ရက်ဂီလွန်က မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ စိတ်ဝင်စားမှုအတွက် ကြိုဆိုလိုက်ပြီး တာဝန်ရှိသူတွေအနေနဲ့ ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ ရှိနေသလို တစ်ပတ်လုပ်ခ ပေါင် ၈၇၀၀၀ ပေးချေသွားမယ်လို့ သတင်းထွက်လာ။

– အသင်းရဲ့ ဒုတိယဂိုးသမားအဖြစ် ဒီရာသီမှာ အရန်ခုံကနေ စတင်ရမယ့် အင်္ဂလန်လူငယ် ဒင်းန် ဟန်ဒါဆန်က သူ့အနေနဲ့ ပထမနေရာကို ရရှိဖို့အတွက် ဘယ်လို တောင်းဆိုမှုမျိုးကိုပဲဖြစ်ဖြစ် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ကြောင်းဆို။

– နောက်ခံလူ ခရစ္စ စမောလင်းနဲ့ ပုဂ္ဂိုလ်ရေး ညှိနှိုင်းမှုတွေမှာ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ရိုးမားအသင်းအနေနဲ့ လာမယ့်ရက်ပိုင်း အတွင်းမှာ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေနဲ့ ထပ်မံဆွေးနွေးသွားဖို့ ရှိနေပြီး အင်္ဂလန်သားကို အပြီးသတ် ခေါ်ယူသွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ဆို။

– မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ကိုဗစ်-၁၉ ကြောင့် အင်္ဂလန်နိုင်ငံရဲ့ လော့ခ်ဒေါင်းကာလအတွင်း ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို အစာရေစာ ထောက်ပံ့ခဲ့တဲ့ လုပ်ဆောင်ချက်ကြောင့် PFA ရဲ့ အမှတ်တရ ဂုဏ်ပြုဆုကို ရရှိခဲ့။

– ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ရာပြည့်ဂိုးနဲ့ ၁၀၁ ဂိုးမြောက် ဂိုးတွေကို သွင်းယူနိုင်ခဲ့တဲ့ အသင်းတိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တွစ်တာနဲ့ အင်စတာဂရမ်အကောင့်တွေကနေ ဂုဏ်ပြုကြောင်းထုတ်ပြန်။

– အင်္ဂလန်အသင်းရဲ့ ခေါ်ယူမှုမှာ မန်ချက်စတာမြို့ရဲ့ မျက်နှာကို အိုးမည်းသုတ်ခဲ့တဲ့ ဖီးလ် ဖိုဒန်နဲ့ မေဆန် ဂရင်းဝုဒ်တို့ကို နည်းပြ ဂယ်ရက် ဆောက်သ်ဂိတ်က အမှားဆိုတာ ကျူးလွန်တတ်တဲ့ အရာဖြစ်ပြီး နားလည်ပေးနိုင်ကြောင်းနဲ့ သူတို့အနေနဲ့ အင်္ဂလန်အသင်းရဲ့ ယုံကြည်မှုကို ရယူနိုင်ဖို့ မှန်ကန်တဲ့ အပြုအမူတွေနဲ့ ပြန်လည်ကြိုးစားတည်ဆောက်သင့်တယ်လို့ တိုက်တွန်းသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.