Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၉.၉.၂၀၂၀

– ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါအတြက္ သူနဲ႔ အာဆင္နယ္ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတုိ႔ၾကားမွာ ေဆြးေႏြးေနခဲ့တယ္ဆုိတာ မွန္ကန္တဲ့ သတင္းျဖစ္ေၾကာင္းနဲ႔ ဂန္ဒူဇီကေတာ့ လီယြန္နဲ႔ မသင့္ေတာ္လို႔ ကမ္းလွမ္းမွဳကို ပယ္ခ်ထားခဲ့ရေၾကာင္း အားကစားဒါ႐ိုက္တာ ဂ်ဴနင္ညဳိ ရွင္းလင္း။

– ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို အလိုရွိေနတဲ့ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ အသင္းႏွစ္သင္းၾကား ဆက္ဆံေရးေကာင္းေအာင္ ေဆာင္ရြက္တဲ့ အေနနဲ႔ ဂိုးသမားေနရာအတြက္ စိုးရိမ္ေနရတဲ့ အာဆင္နယ္အသင္းဆီကို အရန္ဂိုးသမား အယ္လ္ဖြန္ဆီ အာရီယိုလာကို အငွားခ်ေပးမယ္လို႔ ကမ္းလွမ္းထား။

– အာဆင္နယ္အသင္းရဲ႕ လူငယ္တုိက္စစ္မွဴး အက္ဒီ နကီးတီးယားအေနနဲ႔ အဂၤလန္ယူ-၂၁ အသင္းရဲ႕ ေနာက္ဆုံးႏွစ္ပြဲစလုံးကို အသင္း ေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ၿပီး ကိုဆုိဗိုကို ဟက္ထရစ္နဲ႔ မေန႔ညက ၾသစႀတီးယားကို တစ္ဂိုးသြင္းယူၿပီး ႏွစ္ပြဲကစား ႏွစ္ပြဲအႏုိင္ရဖို႔ စြမ္းေဆာင္ေပးႏုိင္ခဲ့။

– အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာဟာ ေအာဝါကို အလြန္သေဘာက်ေနတယ္လို႔ လီယြန္အႀကီးအကဲ ဂ်ဴနင္ညဳိက ထုတ္ေဖာ္သြားခဲ့ခ်ိန္မွာ တစ္ခ်ိန္တည္းလိုပဲ ေသာမတ္စ္ ပါေတးက အက္သလက္တီကို မက္ဒရစ္အသင္းကေန ထြက္ခြာဖို႔အတြက္ အတင္းအက်ပ္ ေတာင္းဆုိသြားမွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့။

– လူးကပ္စ္ ေတာ္ရဲရားကို အာဆင္နယ္အသင္းဘက္က ယူ႐ိုသန္း ၃၀ မရရင္ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ဆုိခဲ့ၿပီး အေျပာင္းအေရႊ႕ေတြမွာ အလိုက္ကစားသမားအျဖစ္ အသုံးျပဳသြားဖို႔ စီစဥ္ေနသလို တုိရီႏိုကေတာ့ ယူ႐ို ၂၄ သန္းနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး ဖီအုိရင္တီးနား လက္ေလွ်ာ့သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.

UNICODE:

– ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် သူနဲ့ အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးတို့ကြားမှာ ဆွေးနွေးနေခဲ့တယ်ဆိုတာ မှန်ကန်တဲ့ သတင်းဖြစ်ကြောင်းနဲ့ ဂန်ဒူဇီကတော့ လီယွန်နဲ့ မသင့်တော်လို့ ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ရကြောင်း အားကစားဒါရိုက်တာ ဂျူနင်ညို ရှင်းလင်း။

– ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို အလိုရှိနေတဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းနှစ်သင်းကြား ဆက်ဆံရေးကောင်းအောင် ဆောင်ရွက်တဲ့ အနေနဲ့ ဂိုးသမားနေရာအတွက် စိုးရိမ်နေရတဲ့ အာဆင်နယ်အသင်းဆီကို အရန်ဂိုးသမား အယ်လ်ဖွန်ဆီ အာရီယိုလာကို အငှားချပေးမယ်လို့ ကမ်းလှမ်းထား။

– အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားအနေနဲ့ အင်္ဂလန်ယူ-၂၁ အသင်းရဲ့ နောက်ဆုံးနှစ်ပွဲစလုံးကို အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ကိုဆိုဗိုကို ဟက်ထရစ်နဲ့ မနေ့ညက သြစတြီးယားကို တစ်ဂိုးသွင်းယူပြီး နှစ်ပွဲကစား နှစ်ပွဲအနိုင်ရဖို့ စွမ်းဆောင်ပေးနိုင်ခဲ့။

– အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာဟာ အောဝါကို အလွန်သဘောကျနေတယ်လို့ လီယွန်အကြီးအကဲ ဂျူနင်ညိုက ထုတ်ဖော်သွားခဲ့ချိန်မှာ တစ်ချိန်တည်းလိုပဲ သောမတ်စ် ပါတေးက အက်သလက်တီကို မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့အတွက် အတင်းအကျပ် တောင်းဆိုသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့။

– လူးကပ်စ် တော်ရဲရားကို အာဆင်နယ်အသင်းဘက်က ယူရိုသန်း ၃၀ မရရင် ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပြီး အပြောင်းအရွှေ့တွေမှာ အလိုက်ကစားသမားအဖြစ် အသုံးပြုသွားဖို့ စီစဉ်နေသလို တိုရီနိုကတော့ ယူရို ၂၄ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ဖီအိုရင်တီးနား လက်လျှော့သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.