Match Report UCL&UEL

နာပိုလီကို အနိုင်ရပေမယ့် အုပ်စုဒုတိယနဲ့သာတက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ညနေက နာပိုလီကို အနိုင်ရယူနိုင်ခဲ့ပေမယ့် အုပ်စုရဲ့ အုပ်စုဒုတိယအဖြစ်နဲ့သာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အမ်စတာဒမ်မှာ အိုင်းယက်စ်ကို ၃-၀ အနိုင်ရရှီခဲ့မှုကြောင့် လီဗာပူးလ်ဟာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ သေချာစေခဲ့ပေမယ့် ကလော့ပ်ရဲ့အသင်းဟာ လက်ရှိမှာတော့ နာပိုလီကို ကျော်ဖြတ်ပြီး အုပ်စု ပထမနေရာကို ရယူနိုင်ခြင်းမရှိခဲ့တဲ့နောက် ၁၆ သင်းရှုံးထွက်အဆင့်မဲခွဲရာမှာ ခက်ခဲကြမ်းတမ်းနိုင်တဲ့အလားအလာနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အန်းဖီးမှာ စီးရီးအေထိပ်သီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အနည်းဆုံး ၄-၀ နဲ့ နိုင်ပွဲရမှသာ အုပ်စု A ရဲ့ ဦးဆောင်သူတွေအဖြစ် နောက်တဆင့်တက်နိုင်မှာဖြစ်ပေမယ့် ကလော့ပ်ရဲ့အသင်းဟာ မိုဟာမက် ဆာလားနဲ့ ဒါဝင် နူးညက်ဇ်တို့ရဲ့ ဂိုးတွေကြောင့် ၂-၀ နဲ့သာနိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို ၈၅ မိနစ်မှာ မိုဟာမက် ဆာလားက နူးညက်ဇ်ရဲ့ ခေါင်းတိုက်ချက်ကို နာပိုလီဂိုးသမား ကာကွယ်ခဲ့ရာမှာ ဂိုးစည်းပေါ်မှာ တင်ကျန်နေတဲ့ ဘောလုံးကို ပြေးဝင်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အတွက် နောက် ဦးဆောင်ဂိုးကို နာကျင်အချိန်ပို ၉၈ မိနစ်မှာ ဒါဝင် နူးညက်ဇ်က ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမားပုတ်ထုတ်ရာကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို တချက်ထိ ပိတ်သွင်းယူခဲ့တာဖြစ်ပြီး လူကျွံအနေအထားသံသယရှိတာကြောင့် အချိန်အတော်ကြာ VAR နဲ့ စစ်ဆေးခဲ့ပြီးနောက် ဂိုးအဖြစ် ခွင့်ပြုပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်အတွက် မဲခွဲမှုကို နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၁၁ နာရီမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပေမယ့် လက်ရှိမှာတော့ အခြားအုပ်စုတွေရဲ့ အုပ်စုဗိုလ်တွေနဲ့ ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်က ပေါ်တို၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ လိုက်ပ်ဇစ်၊ ပီအက်စ်ဂျီ သို့မဟုတ် ဘင်ဖီကာတို့နဲ့ ကျရောက်ဖွယ် ရှိနေပြီး ချန်ပီယံလိဂ်မဲခွဲစည်းမျဉ်းအရ ကလော့ပ်ရဲ့အသင်းဟာ စီးတီး၊ စပါးစ်၊ ချဲလ်ဆီးတို့နဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာ အတူကျရောက်နိုင်မှာမဟုတ်တာဖြစ်ပါတယ်။

အန်းဖီးက နာပိုလီကို နိုင်ပွဲအပြီးမှာ ကလော့ပ်က “ကျွန်တော်တို့ ဒီညမှာ တကယ်ကောင်းတဲ့တုံ့ပြန်မှု ပြုလုပ်နိုင်ခဲ့တယ်။ ကျစ်လစ်မှုက ကွဲပြားခြားနားခြင်းကို ဖြစ်ပေါ်စေပါတယ်။ ချက်ချင်းဆိုသလိုပဲ ကျွန်တော်တို့က ယှဉ်ပြိုင်ကစားဖို့ ခက်ခဲတဲ့အသင်းဖြစ်ခဲ့ပြီး ခင်ဗျား နာပိုလီ အခုအချိန်မှာ ဘာလုပ်နိုင်လဲဆိုတာကို မြင်ရင် ကျွန်တော်တို့အခြေအနေ၊ ကျွန်တော်တို့ လက်ရှိအခိုက်အတန့်၊ ပြဿနာအနည်းငယ်နဲ့ ဆိုရင် တကယ်ကို ကောင်းတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ကောင်လေးတွေက ပွဲကောင်းတစ်ပွဲ ကစားခဲ့တယ်။ ရဲစွမ်းသတ္တိတွေ အများကြီးနဲ့ပေါ့။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့တဲ့ ရဲရင့်မှုတွေကို မြင်တွေ့ခဲ့ရပြီး သင့်လျော်တဲ့ တိုက်ပွဲဝင်မှုတွေ ပြုလုပ်ခဲ့တယ်။ တည်ကန်ဘော ၂ ကြိမ်က ကျွန်တော်တို့ကို အနိုင် ၃ မှတ်နဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၁၅ မှတ်ရရှိစေခဲ့တာက လုံးဝကို ရူးသွပ်စရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ အဂၤါေန႔ညေနက နာပိုလီကို အႏိုင္ရယူႏိုင္ခဲ့ေပမယ့္ အုပ္စုရဲ႕ အုပ္စုဒုတိယအျဖစ္နဲ႔သာ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က အမ္စတာဒမ္မွာ အိုင္းယက္စ္ကို ၃-၀ အႏိုင္ရရွီခဲ့မႈေၾကာင့္ လီဗာပူးလ္ဟာ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္မွာ ေသခ်ာေစခဲ့ေပမယ့္ ကေလာ့ပ္ရဲ႕အသင္းဟာ လက္ရွိမွာေတာ့ နာပိုလီကို ေက်ာ္ျဖတ္ၿပီး အုပ္စု ပထမေနရာကို ရယူႏိုင္ျခင္းမရွိခဲ့တဲ့ေနာက္ ၁၆ သင္းရႈံးထြက္အဆင့္မဲခြဲရာမွာ ခက္ခဲၾကမ္းတမ္းႏိုင္တဲ့အလားအလာနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ အန္းဖီးမွာ စီးရီးေအထိပ္သီးအသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ အနည္းဆုံး ၄-၀ နဲ႔ ႏိုင္ပြဲရမွသာ အုပ္စု A ရဲ႕ ဦးေဆာင္သူေတြအျဖစ္ ေနာက္တဆင့္တက္ႏိုင္မွာျဖစ္ေပမယ့္ ကေလာ့ပ္ရဲ႕အသင္းဟာ မိုဟာမက္ ဆာလားနဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔ရဲ႕ ဂိုးေတြေၾကာင့္ ၂-၀ နဲ႔သာႏိုင္ပြဲ ရရွိခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအတြက္ အဖြင့္ဂိုးကို ၈၅ မိနစ္မွာ မိုဟာမက္ ဆာလားက ႏူးညက္ဇ္ရဲ႕ ေခါင္းတိုက္ခ်က္ကို နာပိုလီဂိုးသမား ကာကြယ္ခဲ့ရာမွာ ဂိုးစည္းေပၚမွာ တင္က်န္ေနတဲ့ ေဘာလုံးကို ေျပးဝင္ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အတြက္ ေနာက္ ဦးေဆာင္ဂိုးကို နာက်င္အခ်ိန္ပို ၉၈ မိနစ္မွာ ဒါဝင္ ႏူးညက္ဇ္က ဗန္ဒိုက္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးသမားပုတ္ထုတ္ရာကေန ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို တခ်က္ထိ ပိတ္သြင္းယူခဲ့တာျဖစ္ၿပီး လူကြၽံအေနအထားသံသယရွိတာေၾကာင့္ အခ်ိန္အေတာ္ၾကာ VAR နဲ႔ စစ္ေဆးခဲ့ၿပီးေနာက္ ဂိုးအျဖစ္ ခြင့္ျပဳေပးျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္အတြက္ မဲခြဲမႈကို ႏိုဝင္ဘာ ၇ ရက္ေန႔ နံနက္ ၁၁ နာရီမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ေပမယ့္ လက္ရွိမွာေတာ့ အျခားအုပ္စုေတြရဲ႕ အုပ္စုဗိုလ္ေတြနဲ႔ ရင္ဆိုင္သြားရေတာ့မွာ ျဖစ္ပါတယ္။ လီဗာပူးလ္က ေပၚတို၊ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲလ္မက္ဒရစ္၊ လိုက္ပ္ဇစ္၊ ပီအက္စ္ဂ်ီ သို႔မဟုတ္ ဘင္ဖီကာတို႔နဲ႔ က်ေရာက္ဖြယ္ ရွိေနၿပီး ခ်န္ပီယံလိဂ္မဲခြဲစည္းမ်ဥ္းအရ ကေလာ့ပ္ရဲ႕အသင္းဟာ စီးတီး၊ စပါးစ္၊ ခ်ဲလ္ဆီးတို႔နဲ႔ ၁၆ သင္းရႈံးထြက္အဆင့္မွာ အတူက်ေရာက္ႏိုင္မွာမဟုတ္တာျဖစ္ပါတယ္။

အန္းဖီးက နာပိုလီကို ႏိုင္ပြဲအၿပီးမွာ ကေလာ့ပ္က “ကြၽန္ေတာ္တို႔ ဒီညမွာ တကယ္ေကာင္းတဲ့တုံ႔ျပန္မႈ ျပဳလုပ္ႏိုင္ခဲ့တယ္။ က်စ္လစ္မႈက ကြဲျပားျခားနားျခင္းကို ျဖစ္ေပၚေစပါတယ္။ ခ်က္ခ်င္းဆိုသလိုပဲ ကြၽန္ေတာ္တို႔က ယွဥ္ၿပိဳင္ကစားဖို႔ ခက္ခဲတဲ့အသင္းျဖစ္ခဲ့ၿပီး ခင္ဗ်ား နာပိုလီ အခုအခ်ိန္မွာ ဘာလုပ္ႏိုင္လဲဆိုတာကို ျမင္ရင္ ကြၽန္ေတာ္တို႔အေျခအေန၊ ကြၽန္ေတာ္တို႔ လက္ရွိအခိုက္အတန႔္၊ ျပႆနာအနည္းငယ္နဲ႔ ဆိုရင္ တကယ္ကို ေကာင္းတဲ့ပြဲျဖစ္ခဲ့ပါတယ္။ ေကာင္ေလးေတြက ပြဲေကာင္းတစ္ပြဲ ကစားခဲ့တယ္။ ရဲစြမ္းသတၱိေတြ အမ်ားႀကီးနဲ႔ေပါ့။ စိန္ေခၚမႈေတြကို ရင္ဆိုင္ခဲ့တဲ့ ရဲရင့္မႈေတြကို ျမင္ေတြ႕ခဲ့ရၿပီး သင့္ေလ်ာ္တဲ့ တိုက္ပြဲဝင္မႈေတြ ျပဳလုပ္ခဲ့တယ္။ တည္ကန္ေဘာ ၂ ႀကိမ္က ကြၽန္ေတာ္တို႔ကို အႏိုင္ ၃ မွတ္နဲ႔ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ၁၅ မွတ္ရရွိေစခဲ့တာက လုံးဝကို ႐ူးသြပ္စရာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.