Analysis Match Report Premier League

အာဆင်နယ်တို့ ဖောရက်စ်ကို ဝုန်းတဲ့ပွဲက မှတ်မှတ်ရရ ပြောစရာ အချက်များ

မာတီနယ်လီရဲ့ နိုင်ပွဲရှာဖွေမှု
ဂါဘရီယယ်လ် မာတီနယ်လီတစ်ယောက် စောစောစီးစီး ဂိုးသွင်းတိုင်း နိုင်ပွဲနဲ့အတူ ပွဲကို စိုးမိုးနိုင်မှုကို ရယူနိုင်လေ့ရှိပါတယ်။ ဒါက လီဗာပူးလ်နဲ့ ပွဲမှာ တစ်ကြိမ် ကြီးမားတဲ့ သက်ရောက်မှုကို ဖြစ်စေခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ အဝေးကွင်းပွဲမှာ ဒိုင်ညစ်ပြီး မပေးခဲ့လို့ သူတို့တွေ နိုင်ပွဲနဲ့ လွဲချော်ခဲ့ဖူးတာပါ။ ဒီနေ့ပွဲမှာလည်း ပွဲချိန် ၄ မိနစ်ကတည်းက ဘရာဇီးလ်သားရဲ့ အကွက်မြင်မြင် ခေါင်းဝင်တိုက်ခဲ့တဲ့ သွင်းဂိုးနဲ့အတူ အာဆင်နယ်တို့ အခြေအနေကောင်းခဲ့တာဖြစ်ပြီး သူ့ရဲ့ ရွေ့လျားမှုတွေက ဖောရက်စ်တို့ကို ထိန်းချုပ်ဖို့ ခက်ခဲစေခဲ့ပါတယ်။

ဆာကာရဲ့ ဒဏ်ရာပြဿနာ
ပြီးခဲ့တဲ့ ပွဲတွေမှာကတည်းက လူစာရင်းမှာ မြင်ရမှ အာဆင်နယ်ပရိသတ်တွေကို ဟင်းချစေနိုင်ခဲ့တဲ့ ဘူကာယို ဆာကာဟာ ပြိုင်ဘက်တွေရဲ့ လွယ်ကူတဲ့ ပစ်မှတ်ဖြစ်နေပြီး သူ့အနေနဲ့ မပါးနပ်မှုတချို့မှာ အနိုင်ကျင့်ခံခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ကစားသမားအများစုရဲ့ ထိတာနဲ့ လှဲမချဘဲ လိုတာထက်ပိုပြီး သတ္တိကောင်းချင်တဲ့ ပုံစံတွေက တစ်ဖက်ခံစစ်သမားတွေ အခွင့်ကောင်းယူချင်စရာဖြစ်ခဲ့သလို ကိုယ့်အသင်းအတွက်တော့ အလဟဿ နစ်နာစေခဲ့တာပါ။ ဆာကာအနေနဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားမတိုင်ခင် အာဆင်နယ်ရဲ့ လက်ကျန် ပရီးမီးယားလိဂ် နှစ်ပွဲကို လွဲချော်ဖို့ ခန့်မှန်းနေကြပြီး ကာတာကို သွားနိုင်ဖို့တော့ မျှော်လင့်ချက်တွေ ကျန်နေပါသေးတယ်။

အရန်ခုံက ကွာလတီကို ပြနိုင်ခဲ့တဲ့ နယ်လ်ဆန်
ရီးစ် နယ်လ်ဆန်အနေနဲ့ အာဆင်နယ်တို့အတွက် ဒဏ်ရာကနေ ပြန်လာချိန်မှာ ဘိုဒို/ဂလင့်မ်နဲ့ပွဲကို ဝင်ကစားခဲ့ပေမယ့် ပရိသတ်တွေ အဆဲခံရတာသာ အဖတ်တင်ခဲ့ပြီး ဒီနေ့ပွဲမှာမှ အရန်ခုံကနေ Impact Sub လို့ ခေါ်တဲ့ ထိရောက်တဲ့ လူစားဝင်ကစားသမားဖြစ်လာခဲ့တာပါ။ ဆာကာ ထွက်သွားတော့ ပရိသတ်တွေအနေနဲ့ စိုးရိမ်ခဲ့ရပေမယ့် သူ့နေရာမှာ ဝင်ကစားတဲ့ နယ်လ်ဆန်အနေနဲ့ ပါးနပ်တဲ့ အဝင်အထွက်နဲ့ နေရာယူမှုတွေကို ပြသနိုင်ခဲ့ပြီး တစ်ဖက်က လူချကစားမှုတွေကိုပါ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ဒုတိယပိုင်းမှာတော့ အသင်းရဲ့ ကျဆင်းမှု ထုံးစံကို ပြောင်းပြန်လှန်ပြီး နှစ်ဂိုး သွင်းပေးလိုက်တာက ဒီနေ့ပွဲရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းလည်းဖြစ်ခဲ့ပါတယ်။

ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ လင်ဂတ်
မန်ချက်စတာယူနိုက်တက်ကနေ ဝက်စ်ဟမ်းကို မပြောင်းဖြစ်ခဲ့တဲ့ ဂျက်ဆီ လင်ဂတ်အနေနဲ့ တန်းတက်အသင်းငယ်လေးမှာ ဆီးသီးဗန်း မှောက်တုန်း ရသလောက် ကျုံးယူမယ်လို့ လာခဲ့တာလား၊ တကယ်ပဲ အရေးပါတဲ့ ကစားသမားနေရာ သရုပ်ဆောင်ပြီး ကမ္ဘာ့ဖလားကို သွားချင်လို့လား ဆိုတာကတော့ ပရိသတ်တွေကြား အငြင်းပွားစရာဖြစ်နေခဲ့တာပါ။ လင်ဂတ်အနေနဲ့ နေရာသစ် နော့တင်ဟမ် ဖောရက်စ်မှာ အသားကျမှုလည်း နည်းနေပြီး နည်းပြ စတိဗ် ကူးပါးရဲ့ နည်းစနစ်တွေနဲ့လည်း လမိုင်းမကပ်သလို အသင်းရဲ့ တန်းဆင်းဇုန်တိုက်ပွဲမှာ အသားကျတတ်ဖို့သာ ရုန်းကန်ရမှာဖြစ်ပါတယ်။

ဆရာပါတေးရဲ့ Trade Mark
သောမတ်စ် ပါတေးကတော့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဘောလုံးဖြန့်ပုံ၊ တစ်ဖက်တိုက်စစ်ကို ဟန့်တားပုံတွေနဲ့ ထောက်ကန်ပေးထားနိုင်သလို သူပါတဲ့ ပွဲနဲ့ မပါတဲ့ ပွဲတွေက ခြားနားလွန်းတာကို ပရိသတ်တွေ သိမြင်အောင် လုပ်ပြထားနိုင်ခဲ့ပါတယ်။ ဂါနာသားအနေနဲ့ ဒီနေ့မှာလည်း ကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုးကို ဧရိယာထိပ်ကနေ နောက်ကျမှ ရောက်လာတဲ့ ပုံစံနဲ့ ညာဘက်အပေါ်ထောင့်ကို ကန်သွင်း ပြသခဲ့ပြီး စပါးစ်နဲ့ မြောက်လန်ဒန်ဒါဘီက သွင်းဂိုးနဲ့ တစ်ထပ်တည်း တူညီနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လူချတာကလွဲရင် ဘာမှ တိုးတက်မလာတဲ့ ဖောရက်စ်
မာယာများတဲ့ သစ်ပင်တွေလား၊ ညစ်ပတ်တဲ့ သစ်ပင်တွေလားလို့ အာဆင်နယ်ပရိသတ်တွေကတော့ မေးခွန်းထုတ်နေကြပါပြီ။ ဒီနေ့ပွဲမှာ တန်းဆင်းဇုန် တိုက်ပွဲအတွက် အသင်းကို တစ်ခုခုပြောင်းလဲဖို့ တိုးတက်လာတယ်ဆိုရင် အင်အားသုံးကစားပြီး လူချတာ တစ်ခုပဲ တိုးတက်လာခဲ့ပြီး ဘာမှ အဖြစ်မရှိတဲ့ စတိဗ် ကူးပါးအတွက်တော့ ဒီပုံစံက ပိုပြီး ကဲ့ရဲ့စရာပဲဖြစ်ခဲ့ရတာပါ။ ဘယ်သူ့ကို ထည့်ထည့် ၄-၅-၁ နဲ့ တိုင်ပတ်နေပြီး တိုက်စစ်ကို ဘယ်လို အကွက်ဖော်ရမယ်ဆိုတာ နားမလည်တဲ့ ဘုရားစူး လူငယ်ကမ္ဘာ့ဖလားချန်ပီယံ ပဲ့ကိုင်ရှင်ဟာ လူကြီးအဆင့်မှာတော့ ပရီးမီးယားလိဂ် အရည်အသွေးမျိုး ရှိမနေတာ သေချာပြီး ပိုင်ရှင် မာရီနာကစ်ကတော့ နောက်နှစ် ချန်ပီယံရှစ်မှာ ဆက်ကိုင်ဖို့ သက်တမ်းတိုးခဲ့တာလို့ပဲ လှောင်စရာဖြစ်ခဲ့ရပါတယ်။

ပီအက်စ်ဗီအရှုံးကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တဲ့ အာဆင်နယ်
ပီအက်စ်ဗီနဲ့ပွဲက ဖရိုဖရဲနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အရှုံးကို အာဆင်နယ်တို့ ဒီနေ့မှာ မှန်ကန်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်ပြနိုင်ခဲ့ပါတယ်။ နှစ်ဂိုးဖန်ပေးခဲ့တဲ့ ဂျေဆူးစ် ဂိုးရသင့်ခဲ့တာကလွဲလို့ တိုက်စစ်က မာတီနယ်လီနဲ့ အော်ဒီဂွါဒ်တို့ ဂိုးပြန်သွင်းနိုင်ခဲ့သလို ရှေ့တန်းတွေရဲ့ ထိရောက်တဲ့ ကစားဟန်ကိုလည်း ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကို ဆက်လက်ဦးဆောင်ဖို့နဲ့ လာမယ့်ပွဲမှာလည်း ဇူးရစ်ချ်ကို အနိုင်ယူပြီး ရှုံးထွက်အဆင့်မှာ အုပ်စုဗိုလ်အဖြစ် Play-off ကစားရမယ့်အဖြစ်ကို ရှောင်လွှဲနိုင်မယ့် ခြေစွမ်းကို ဖော်ဆောင်လာနိုင်ခဲ့ပါတယ်။ အရန်ကစားသမားတွေကိုလည်း အရင်ထက်ပိုပြီး အားကိုးနိုင်မယ့် အချိန်မှာ ဒီနေ့ပွဲက အာဆင်နယ်တို့အတွက် အမြတ်ထွက်ခဲ့တယ်လို့ပဲ ဆိုရဦးမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မာတီနယ္လီရဲ႕ ႏိုင္ပြဲရွာေဖြမႈ
ဂါဘရီယယ္လ္ မာတီနယ္လီတစ္ေယာက္ ေစာေစာစီးစီး ဂိုးသြင္းတိုင္း ႏိုင္ပြဲနဲ႔အတူ ပြဲကို စိုးမိုးႏိုင္မႈကို ရယူႏိုင္ေလ့ရွိပါတယ္။ ဒါက လီဗာပူးလ္နဲ႔ ပြဲမွာ တစ္ႀကိမ္ ႀကီးမားတဲ့ သက္ေရာက္မႈကို ျဖစ္ေစခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ အေဝးကြင္းပြဲမွာ ဒိုင္ညစ္ၿပီး မေပးခဲ့လို႔ သူတို႔ေတြ ႏိုင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ဖူးတာပါ။ ဒီေန႔ပြဲမွာလည္း ပြဲခ်ိန္ ၄ မိနစ္ကတည္းက ဘရာဇီးလ္သားရဲ႕ အကြက္ျမင္ျမင္ ေခါင္းဝင္တိုက္ခဲ့တဲ့ သြင္းဂိုးနဲ႔အတူ အာဆင္နယ္တို႔ အေျခအေနေကာင္းခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ေ႐ြ႕လ်ားမႈေတြက ေဖာရက္စ္တို႔ကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲေစခဲ့ပါတယ္။

ဆာကာရဲ႕ ဒဏ္ရာျပႆနာ
ၿပီးခဲ့တဲ့ ပြဲေတြမွာကတည္းက လူစာရင္းမွာ ျမင္ရမွ အာဆင္နယ္ပရိသတ္ေတြကို ဟင္းခ်ေစႏိုင္ခဲ့တဲ့ ဘူကာယို ဆာကာဟာ ၿပိဳင္ဘက္ေတြရဲ႕ လြယ္ကူတဲ့ ပစ္မွတ္ျဖစ္ေနၿပီး သူ႔အေနနဲ႔ မပါးနပ္မႈတခ်ိဳ႕မွာ အႏိုင္က်င့္ခံခဲ့ရတာျဖစ္ပါတယ္။ အာဆင္နယ္ကစားသမားအမ်ားစုရဲ႕ ထိတာနဲ႔ လွဲမခ်ဘဲ လိုတာထက္ပိုၿပီး သတၱိေကာင္းခ်င္တဲ့ ပုံစံေတြက တစ္ဖက္ခံစစ္သမားေတြ အခြင့္ေကာင္းယူခ်င္စရာျဖစ္ခဲ့သလို ကိုယ့္အသင္းအတြက္ေတာ့ အလဟႆ နစ္နာေစခဲ့တာပါ။ ဆာကာအေနနဲ႔ ဒဏ္ရာေၾကာင့္ ကမာၻ႔ဖလားမတိုင္ခင္ အာဆင္နယ္ရဲ႕ လက္က်န္ ပရီးမီးယားလိဂ္ ႏွစ္ပြဲကို လြဲေခ်ာ္ဖို႔ ခန႔္မွန္းေနၾကၿပီး ကာတာကို သြားႏိုင္ဖို႔ေတာ့ ေမွ်ာ္လင့္ခ်က္ေတြ က်န္ေနပါေသးတယ္။

အရန္ခုံက ကြာလတီကို ျပႏိုင္ခဲ့တဲ့ နယ္လ္ဆန္
ရီးစ္ နယ္လ္ဆန္အေနနဲ႔ အာဆင္နယ္တို႔အတြက္ ဒဏ္ရာကေန ျပန္လာခ်ိန္မွာ ဘိုဒို/ဂလင့္မ္နဲ႔ပြဲကို ဝင္ကစားခဲ့ေပမယ့္ ပရိသတ္ေတြ အဆဲခံရတာသာ အဖတ္တင္ခဲ့ၿပီး ဒီေန႔ပြဲမွာမွ အရန္ခုံကေန Impact Sub လို႔ ေခၚတဲ့ ထိေရာက္တဲ့ လူစားဝင္ကစားသမားျဖစ္လာခဲ့တာပါ။ ဆာကာ ထြက္သြားေတာ့ ပရိသတ္ေတြအေနနဲ႔ စိုးရိမ္ခဲ့ရေပမယ့္ သူ႔ေနရာမွာ ဝင္ကစားတဲ့ နယ္လ္ဆန္အေနနဲ႔ ပါးနပ္တဲ့ အဝင္အထြက္နဲ႔ ေနရာယူမႈေတြကို ျပသႏိုင္ခဲ့ၿပီး တစ္ဖက္က လူခ်ကစားမႈေတြကိုပါ ပါးပါးနပ္နပ္ ကိုင္တြယ္ၿပီး ဒုတိယပိုင္းမွာေတာ့ အသင္းရဲ႕ က်ဆင္းမႈ ထုံးစံကို ေျပာင္းျပန္လွန္ၿပီး ႏွစ္ဂိုး သြင္းေပးလိုက္တာက ဒီေန႔ပြဲရဲ႕ ႀကီးမားတဲ့ အလွည့္အေျပာင္းလည္းျဖစ္ခဲ့ပါတယ္။

ဘယ္သူ႔အတြက္မွ အက်ိဳးမရွိတဲ့ လင္ဂတ္
မန္ခ်က္စတာယူႏိုက္တက္ကေန ဝက္စ္ဟမ္းကို မေျပာင္းျဖစ္ခဲ့တဲ့ ဂ်က္ဆီ လင္ဂတ္အေနနဲ႔ တန္းတက္အသင္းငယ္ေလးမွာ ဆီးသီးဗန္း ေမွာက္တုန္း ရသေလာက္ က်ဳံးယူမယ္လို႔ လာခဲ့တာလား၊ တကယ္ပဲ အေရးပါတဲ့ ကစားသမားေနရာ သ႐ုပ္ေဆာင္ၿပီး ကမာၻ႔ဖလားကို သြားခ်င္လို႔လား ဆိုတာကေတာ့ ပရိသတ္ေတြၾကား အျငင္းပြားစရာျဖစ္ေနခဲ့တာပါ။ လင္ဂတ္အေနနဲ႔ ေနရာသစ္ ေနာ့တင္ဟမ္ ေဖာရက္စ္မွာ အသားက်မႈလည္း နည္းေနၿပီး နည္းျပ စတိဗ္ ကူးပါးရဲ႕ နည္းစနစ္ေတြနဲ႔လည္း လမိုင္းမကပ္သလို အသင္းရဲ႕ တန္းဆင္းဇုန္တိုက္ပြဲမွာ အသားက်တတ္ဖို႔သာ ႐ုန္းကန္ရမွာျဖစ္ပါတယ္။

ဆရာပါေတးရဲ႕ Trade Mark
ေသာမတ္စ္ ပါေတးကေတာ့ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မွာ အေရးပါတဲ့ အခန္းက႑ကေန ေဘာလုံးျဖန႔္ပုံ၊ တစ္ဖက္တိုက္စစ္ကို ဟန႔္တားပုံေတြနဲ႔ ေထာက္ကန္ေပးထားႏိုင္သလို သူပါတဲ့ ပြဲနဲ႔ မပါတဲ့ ပြဲေတြက ျခားနားလြန္းတာကို ပရိသတ္ေတြ သိျမင္ေအာင္ လုပ္ျပထားႏိုင္ခဲ့ပါတယ္။ ဂါနာသားအေနနဲ႔ ဒီေန႔မွာလည္း ေကာင္းမြန္တဲ့ သြင္းဂိုးတစ္ဂိုးကို ဧရိယာထိပ္ကေန ေနာက္က်မွ ေရာက္လာတဲ့ ပုံစံနဲ႔ ညာဘက္အေပၚေထာင့္ကို ကန္သြင္း ျပသခဲ့ၿပီး စပါးစ္နဲ႔ ေျမာက္လန္ဒန္ဒါဘီက သြင္းဂိုးနဲ႔ တစ္ထပ္တည္း တူညီႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

လူခ်တာကလြဲရင္ ဘာမွ တိုးတက္မလာတဲ့ ေဖာရက္စ္
မာယာမ်ားတဲ့ သစ္ပင္ေတြလား၊ ညစ္ပတ္တဲ့ သစ္ပင္ေတြလားလို႔ အာဆင္နယ္ပရိသတ္ေတြကေတာ့ ေမးခြန္းထုတ္ေနၾကပါၿပီ။ ဒီေန႔ပြဲမွာ တန္းဆင္းဇုန္ တိုက္ပြဲအတြက္ အသင္းကို တစ္ခုခုေျပာင္းလဲဖို႔ တိုးတက္လာတယ္ဆိုရင္ အင္အားသုံးကစားၿပီး လူခ်တာ တစ္ခုပဲ တိုးတက္လာခဲ့ၿပီး ဘာမွ အျဖစ္မရွိတဲ့ စတိဗ္ ကူးပါးအတြက္ေတာ့ ဒီပုံစံက ပိုၿပီး ကဲ့ရဲ႕စရာပဲျဖစ္ခဲ့ရတာပါ။ ဘယ္သူ႔ကို ထည့္ထည့္ ၄-၅-၁ နဲ႔ တိုင္ပတ္ေနၿပီး တိုက္စစ္ကို ဘယ္လို အကြက္ေဖာ္ရမယ္ဆိုတာ နားမလည္တဲ့ ဘုရားစူး လူငယ္ကမာၻ႔ဖလားခ်န္ပီယံ ပဲ့ကိုင္ရွင္ဟာ လူႀကီးအဆင့္မွာေတာ့ ပရီးမီးယားလိဂ္ အရည္အေသြးမ်ိဳး ရွိမေနတာ ေသခ်ာၿပီး ပိုင္ရွင္ မာရီနာကစ္ကေတာ့ ေနာက္ႏွစ္ ခ်န္ပီယံရွစ္မွာ ဆက္ကိုင္ဖို႔ သက္တမ္းတိုးခဲ့တာလို႔ပဲ ေလွာင္စရာျဖစ္ခဲ့ရပါတယ္။

ပီအက္စ္ဗီအရႈံးကို အေကာင္းဆုံး တုံ႔ျပန္ႏိုင္ခဲ့တဲ့ အာဆင္နယ္
ပီအက္စ္ဗီနဲ႔ပြဲက ဖ႐ိုဖရဲနဲ႔ ရႈံးနိမ့္ခဲ့ရတဲ့ အရႈံးကို အာဆင္နယ္တို႔ ဒီေန႔မွာ မွန္ကန္တဲ့ နည္းလမ္းနဲ႔ တုံ႔ျပန္ျပႏိုင္ခဲ့ပါတယ္။ ႏွစ္ဂိုးဖန္ေပးခဲ့တဲ့ ေဂ်ဆူးစ္ ဂိုးရသင့္ခဲ့တာကလြဲလို႔ တိုက္စစ္က မာတီနယ္လီနဲ႔ ေအာ္ဒီဂြါဒ္တို႔ ဂိုးျပန္သြင္းႏိုင္ခဲ့သလို ေရွ႕တန္းေတြရဲ႕ ထိေရာက္တဲ့ ကစားဟန္ကိုလည္း ျပသႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ကို ဆက္လက္ဦးေဆာင္ဖို႔နဲ႔ လာမယ့္ပြဲမွာလည္း ဇူးရစ္ခ်္ကို အႏိုင္ယူၿပီး ရႈံးထြက္အဆင့္မွာ အုပ္စုဗိုလ္အျဖစ္ Play-off ကစားရမယ့္အျဖစ္ကို ေရွာင္လႊဲႏိုင္မယ့္ ေျခစြမ္းကို ေဖာ္ေဆာင္လာႏိုင္ခဲ့ပါတယ္။ အရန္ကစားသမားေတြကိုလည္း အရင္ထက္ပိုၿပီး အားကိုးႏိုင္မယ့္ အခ်ိန္မွာ ဒီေန႔ပြဲက အာဆင္နယ္တို႔အတြက္ အျမတ္ထြက္ခဲ့တယ္လို႔ပဲ ဆိုရဦးမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.