Match Report UCL&UEL

ကြောက်မက်ဖွယ်ရုန်းအားနဲ့ အိမ်ရှင်မာဆေးလ်ကို လိုက်ဖြုတ်ပြီး ရှုံးထွက်တက်တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အင်္ဂါနေ့ညက မာဆေးလ်အသင်းအိမ်ကွင်းမှာ အလွန်ပြင်းထန်တဲ့ ညနေခင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ၂-၁ နဲ့ နိုင်ပွဲကြောင့် ၁၆ သင်းရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

စပါးစ်အသင်းဟာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ၁ မှတ်သာ လိုအပ်ခဲ့တာဖြစ်ပေမယ့် ကလဲမွန့် လွန်ဂလေနဲ့ ဟော့ဗျက်တို့ရဲ့ သွင်းဂိုးတွေကြောင့် နောက်ကနေ လိုက်ကစားပြီး အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် မာဆေးလ်အသင်းဟာ ပထမပိုင်းမှာ လွှမ်းမိုးထားနိုင်ခဲ့ပြီး ပထမပိုင်းမပြီးခင် ဦးဆောင်ဂိုးသွင်းယူထားနိုင်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံနေရတဲ့အတွက် ပွဲကြည့်စင်ကနေသာ ကြည့်ရှုခဲ့ရတဲ့ ကွန်တီအတွက် အလွန်အမင်း စိတ်ပူစရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဧည့်သည်တွေဟာ ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့ပြီး လွန်ဂလေက ပွဲကစားချိန်ပြည့်ဖို့ ၉ မိနစ်သာ လိုတော့တဲ့အချိန်မှာ ပါရီဆစ်ရဲ့ အလွတ်တည်ကန်ဘောကနေ ကန်တင်ပေးလိုက်တဲ့ဘောလုံးကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မာဆေးလ်အသင်းဟာ လက်ကျန်ပွဲကစားချိန်တလျှောက်လုံး အနိုင်ဂိုး လိုအပ်ခဲ့တာကြောင့် အသည်းအသန် ရုန်းကန်ခဲ့ပေမယ့် ပရီးမီးယားလိဂ်အသင်းက နောက်တဆင့်ကျိန်းသေပေါက်တက်ရောက်နိုင်စေမယ့် ရလဒ်ကို အမိအရ ဆုပ်ကိုင်ထားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် နောက်ခံကစားသမားဟောင်း ကိုလာစီနက်က ပွဲကစားချိန်နှောင်းပိုင်းမှာ မာဆေးလ်အတွက် ရွှေရောင်အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း ဖြုန်းတီးမိခဲ့တာဖြစ်ပြီး ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အချိန်မှာ တစ်ဖက် ၁ ဂိုးစီ သရေနဲ့သာ ပွဲပြီးဆုံးတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟော့ဗျက်က နာကျင်အချိန်ပို ၉၅ မိနစ်မှာ ဟာရီ ကိန်းရဲ့ ဘယ်တောင်ပံကနေ ခင်းပေးလိုက်တဲ့ ဘောလုံးကို အပြင်းကန်သွင်းယူပြီး နောက်ကျ အနိုင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာ ကစားနေတဲ့ဖရန့်ဖွတ်နဲ့ စပို့တင်းလစ္စဘွန်းတို့ပွဲစဉ်မှာ ဂျာမန်ကလပ်အသင်းက အနိုင်ရရှိခဲ့တာကြောင့် အုပ်စု ဒုတိယအဖြစ်နဲ့ နောက်တဆင့် တက်ရောက်နိုင်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းကတော့ အုပ်စုဗိုလ်အဖြစ် နောက်တဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အဂၤါေန႔ညက မာေဆးလ္အသင္းအိမ္ကြင္းမွာ အလြန္ျပင္းထန္တဲ့ ညေနခင္းတစ္ခုကို ပိုင္ဆိုင္ခဲ့ၿပီး ၂-၁ နဲ႔ ႏိုင္ပြဲေၾကာင့္ ၁၆ သင္းရႈံးထြက္အဆင့္ကို အုပ္စုဗိုလ္အျဖစ္ တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

စပါးစ္အသင္းဟာ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ၁ မွတ္သာ လိုအပ္ခဲ့တာျဖစ္ေပမယ့္ ကလဲမြန႔္ လြန္ဂေလနဲ႔ ေဟာ့ဗ်က္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ေနာက္ကေန လိုက္ကစားၿပီး အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ မာေဆးလ္အသင္းဟာ ပထမပိုင္းမွာ လႊမ္းမိုးထားႏိုင္ခဲ့ၿပီး ပထမပိုင္းမၿပီးခင္ ဦးေဆာင္ဂိုးသြင္းယူထားႏိုင္ခဲ့တာေၾကာင့္ ပြဲပယ္ျပစ္ဒဏ္က်ခံေနရတဲ့အတြက္ ပြဲၾကည့္စင္ကေနသာ ၾကည့္ရႈခဲ့ရတဲ့ ကြန္တီအတြက္ အလြန္အမင္း စိတ္ပူစရာ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဧည့္သည္ေတြဟာ ဒုတိယပိုင္းမွာ ျပန္လာႏိုင္ခဲ့ၿပီး လြန္ဂေလက ပြဲကစားခ်ိန္ျပည့္ဖို႔ ၉ မိနစ္သာ လိုေတာ့တဲ့အခ်ိန္မွာ ပါရီဆစ္ရဲ႕ အလြတ္တည္ကန္ေဘာကေန ကန္တင္ေပးလိုက္တဲ့ေဘာလုံးကို ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ မာေဆးလ္အသင္းဟာ လက္က်န္ပြဲကစားခ်ိန္တေလွ်ာက္လုံး အႏိုင္ဂိုး လိုအပ္ခဲ့တာေၾကာင့္ အသည္းအသန္ ႐ုန္းကန္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္အသင္းက ေနာက္တဆင့္က်ိန္းေသေပါက္တက္ေရာက္ႏိုင္ေစမယ့္ ရလဒ္ကို အမိအရ ဆုပ္ကိုင္ထားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ ေနာက္ခံကစားသမားေဟာင္း ကိုလာစီနက္က ပြဲကစားခ်ိန္ေႏွာင္းပိုင္းမွာ မာေဆးလ္အတြက္ ေ႐ႊေရာင္အခြင့္အေရး ရရွိခဲ့ေပမယ့္လည္း ျဖဳန္းတီးမိခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ မိနစ္ ၉၀ ျပည့္တဲ့အခ်ိန္မွာ တစ္ဖက္ ၁ ဂိုးစီ သေရနဲ႔သာ ပြဲၿပီးဆုံးေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဟာ့ဗ်က္က နာက်င္အခ်ိန္ပို ၉၅ မိနစ္မွာ ဟာရီ ကိန္းရဲ႕ ဘယ္ေတာင္ပံကေန ခင္းေပးလိုက္တဲ့ ေဘာလုံးကို အျပင္းကန္သြင္းယူၿပီး ေနာက္က် အႏိုင္ဂိုးကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

တစ္ဖက္မွာ ကစားေနတဲ့ဖရန႔္ဖြတ္နဲ႔ စပို႔တင္းလစၥဘြန္းတို႔ပြဲစဥ္မွာ ဂ်ာမန္ကလပ္အသင္းက အႏိုင္ရရွိခဲ့တာေၾကာင့္ အုပ္စု ဒုတိယအျဖစ္နဲ႔ ေနာက္တဆင့္ တက္ေရာက္ႏိုင္ခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကေတာ့ အုပ္စုဗိုလ္အျဖစ္ ေနာက္တဆင့္ တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.