Match Report UCL&UEL

ကင်မင်ဂျေးရောင်းသမျှ ဒိုင်ခံဝယ်သွားတဲ့ ဗင်နီးရှပ်စ်ကြောင့် သရေနဲ့ ကျေနပ်လိုက်ရတဲ့ ဘိုင်ယန်

ဗင်နီးရှပ်စ် ဂျူနီယာက ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး အဝေးကွင်းမှာ သရေရလဒ် ရရှိအောင် ကူညိပေးခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ကင်မင်ဂျေးရဲ့ အမှား ၂ ကြိမ်စလုံးကို အခွင့်ကောင်း ယူနိုင်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားနောက်ခံလူကို မြန်နှုန်းနဲ့ အနိုင်ယူပြီး ဂိုးသမား နူအာ ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒုတိယဂိုးမှာလည်း တောင်ကိုရီးယားနောက်ခံလူက ပင်နယ်တီဧရိယာထဲမှာ ရိုဒရီဂိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး ထွက်လာတဲ့ဘောလုံးကို ဗင်နီးရှပ်စ်က သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဟာရီ ကိန်းက ဒုတိယပိုင်းအစောပိုင်းမှာ မူစီအားလားကို ဗက်ဇ်ကွက်ဇ် ပင်နယ်တီဧရိယာထဲမှာ ခြေချိတ်လှဲခဲ့ပြီးနောက် ရခဲ့တဲ့ ပင်နယ်တီကနေ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ၄ မိနစ်လောက်မှာ လီရွိုင်း ဆာနေးက ကြောက်မက်ဖွယ်ကန်ချက်နဲ့ ဗင်နီးရှပ်စ်ရဲ့ အဖွင့်ဂိုးကို ချေပနိုင်ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဟာ အစောပိုင်း လွှမ်းမိုးထားနိုင်မှုကို အခွင့်အရေးယူနိုင်ခြင်းမရှိတဲ့နောက် ပွဲထိန်းချုပ်နိုင်စွမ်းက ရီးရဲလ်မက်ဒရစ်ဘက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း မိနစ် ၂၀ အတွင်း ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော်နဲ့ ဂိုးကန်သွင်းမှု ၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဆာနေးနဲ့ ကိန်းတို့ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်း မိနစ် ၅၀ ကျော်က ၄ မိနစ်အတွင်း သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ပွဲအခြေအနေက ပြန်ပြောင်းသွားခဲ့ပြီး ဂျာမန်ဘီလူးကြီးတွေဟာ အရှိန်အဟုန် ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

ကင်မင်ဂျေးရဲ့ ၈၃ မိနစ်မှာ မလိုအပ်ဘဲ ရိုဒရီဂိုရဲ့ ရှပ်ကို သွားဆွဲတာကြောင့် ရီးရဲလ်မက်ဒရစ်တို့ကို ပြိုင်ပွဲထဲ ပြန်ရောက်လာစေခဲ့ပြီး အနိုင်ရလဒ်ကို မထိန်းသိမ်းနိုင်ခဲ့တာကြောင့် လာမယ့်အပတ် ဒုတိယအကျော့အဖြစ် ဘာနေဗျူးမှာ ကစားရမယ့်ပွဲစဉ်မှာ ခက်ခက်ခဲခဲ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဗင္နီးရွပ္စ္ ဂ်ဴနီယာက ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အတြက္ ၂ ဂိုး သြင္းယူေပးခဲ့ၿပီး အေဝးကြင္းမွာ သေရရလဒ္ ရရွိေအာင္ ကူညိေပးခဲ့ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ကင္မင္ေဂ်းရဲ႕ အမွား ၂ ႀကိမ္စလုံးကို အခြင့္ေကာင္း ယူႏိုင္ခဲ့တာျဖစ္ၿပီး ေတာင္ကိုရီးယားေနာက္ခံလူကို ျမန္ႏႈန္းနဲ႔ အႏိုင္ယူၿပီး ဂိုးသမား ႏူအာ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ကန္သြင္းခဲ့တာျဖစ္ပါတယ္။

ဒုတိယဂိုးမွာလည္း ေတာင္ကိုရီးယားေနာက္ခံလူက ပင္နယ္တီဧရိယာထဲမွာ ႐ိုဒရီဂိုကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီး ထြက္လာတဲ့ေဘာလုံးကို ဗင္နီးရွပ္စ္က သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ ဟာရီ ကိန္းက ဒုတိယပိုင္းအေစာပိုင္းမွာ မူစီအားလားကို ဗက္ဇ္ကြက္ဇ္ ပင္နယ္တီဧရိယာထဲမွာ ေျခခ်ိတ္လွဲခဲ့ၿပီးေနာက္ ရခဲ့တဲ့ ပင္နယ္တီကေန ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အဲဒီမတိုင္ခင္ ၄ မိနစ္ေလာက္မွာ လီ႐ြိဳင္း ဆာေနးက ေၾကာက္မက္ဖြယ္ကန္ခ်က္နဲ႔ ဗင္နီးရွပ္စ္ရဲ႕ အဖြင့္ဂိုးကို ေခ်ပႏိုင္ခဲ့တာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ဟာ အေစာပိုင္း လႊမ္းမိုးထားႏိုင္မႈကို အခြင့္အေရးယူႏိုင္ျခင္းမရွိတဲ့ေနာက္ ပြဲထိန္းခ်ဳပ္ႏိုင္စြမ္းက ရီးရဲလ္မက္ဒရစ္ဘက္ေရာက္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း မိနစ္ ၂၀ အတြင္း ေဘာလုံးပိုင္ဆိုင္မႈ ၆၀ ရာခိုင္ႏႈန္းေက်ာ္နဲ႔ ဂိုးကန္သြင္းမႈ ၆ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ဆာေနးနဲ႔ ကိန္းတို႔ အပိုင္အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒုတိယပိုင္း မိနစ္ ၅၀ ေက်ာ္က ၄ မိနစ္အတြင္း သြင္းယူခဲ့တဲ့ ၂ ဂိုးေၾကာင့္ ပြဲအေျခအေနက ျပန္ေျပာင္းသြားခဲ့ၿပီး ဂ်ာမန္ဘီလူးႀကီးေတြဟာ အရွိန္အဟုန္ ျပန္လည္ရရွိခဲ့တာျဖစ္ပါတယ္။

ကင္မင္ေဂ်းရဲ႕ ၈၃ မိနစ္မွာ မလိုအပ္ဘဲ ႐ိုဒရီဂိုရဲ႕ ရွပ္ကို သြားဆြဲတာေၾကာင့္ ရီးရဲလ္မက္ဒရစ္တို႔ကို ၿပိဳင္ပြဲထဲ ျပန္ေရာက္လာေစခဲ့ၿပီး အႏိုင္ရလဒ္ကို မထိန္းသိမ္းႏိုင္ခဲ့တာေၾကာင့္ လာမယ့္အပတ္ ဒုတိယအေက်ာ့အျဖစ္ ဘာေနဗ်ဴးမွာ ကစားရမယ့္ပြဲစဥ္မွာ ခက္ခက္ခဲခဲ ႐ုန္းကန္ရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.