Match Report UCL&UEL

အပိုင်အလုံးတွေဖြုန်းတဲ့ ပီအက်စ်ဂျီကို အနိုင်ယူပြီး နောက်တဆင့်တက်ဖို့ အခြေအနေကောင်းခဲ့တဲ့ ဒေါ့မွန်

နစ်ကလပ် ဖားခရုဂျ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ဗုဒ္ဓဟူးနေ့ညက ပီအက်စ်ဂျီကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တဆင့်တက်ရောက်နိုင်ဖို့အတွက် အခွင့်အရေးကောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါအသင်းအတွက် ဖားခရုဂျ်က ၃၆ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ ဘောလုံးထိန်းသိမ်းမှု ပြုလုပ်ပေးခဲ့ပြီး အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုး ရရှိစေမယ့် အပြင်းကန်ချက်နဲ့ ဒွန်နာရမ်းမား ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေကတော့ ဧည့်သည်တွေရဲ့ တိုက်စစ်မှာ ခြေမပေါ်ခဲ့ဘဲ ဒုတိယပိုင်းမှာတော့ ပုံမှန်ခြေစွမ်း ပြန်လည်ပြသခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိင်ခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဖားခရုဂျ်ကလည်း နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ဆန်ချိုရဲ့ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုကို မြေမကျကန်သွင်းယူခဲ့ရာမှာ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီးအထိ နှစ်ဖက်စလုံးက ဂိုးသွင်းယူနိုင်ဖို့ အရမ်းနီးစပ်ခဲ့ကြပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီဟာ ဇွန်လ ၁ ရက်နေ့ ဝင်ဘလေမှာ ရီးရဲလ်(သို့)ဘိုင်ယန်နဲ့ ဗိုလ်လုပွဲကစားချင်တယ်ဆိုရင် အင်္ဂါနေ့မှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာ ဒေါ့မွန်ကို အိမ်ကွင်းမှာ ကြီးမားတဲ့ နိုင်ပွဲ ရယူနိုင်ဖို့ မဖြစ်မနေ လိုအပ်နေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
နစ်ကလပ် ဖားခရုဂ်ျရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ဗုဒ္ဓဟူးနေ့ညက ပီအက်စ်ဂျီကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တဆင့်တက်ရောက်နိုင်ဖို့အတွက် အခွင့်အရေးကောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါအသင်းအတွက် ဖားခရုဂ်ျက ၃၆ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ ဘောလုံးထိန်းသိမ်းမှု ပြုလုပ်ပေးခဲ့ပြီး အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုး ရရှိစေမယ့် အပြင်းကန်ချက်နဲ့ ဒွန်နာရမ်းမား ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။


ဖားခရုဂ်ျကလည်း နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ဆန်ချိုရဲ့ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုကို မြေမကျကန်သွင်းယူခဲ့ရာမှာ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.