Ligue1

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့နီးတဲ့ပွဲတွေကို အနားယူသွားမယ့် မက်ဆီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ၎င်းရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေပြီး ယခုလ အသင်းရဲ့ နောက်ဆုံးပွဲစဉ်ကို မကစားဘဲနေခွင့်ပေးဖို့ ပီအက်စ်ဂျီကို တောင်းဆိုသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ အူးဆဲနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အာဂျင်တီးနားအသင်းရဲ့ ကာတာ ခရီးစဉ်ဟာ နိုဝင်ဘာ ၂၂ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဂျာနယ်လစ် ဂက်စ်တန် အက်ဂျူးလ်ရဲ့ ပြောကြားချက်အရ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ အူးဆဲနဲ့ ကစားရမယ့် လိဂန်းပွဲစဉ်ကို ပါဝင်ကစားပေးခြင်းမရှိဘဲ အနားယူသွားနိုင်ခြေရှိတယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီဟာ လက်ရှိမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာပေါ်က ဂုဏ်သိက္ခာအကြီးမားဆုံး နိုင်ငံတကာဆုဖလားကြီးကို အရယူသွားဖို့ အာရုံစိုက်နေတာဖြစ်ပြီး ၎င်းရဲ့အနာဂတ်ကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး အဲဒါကြောင့် ကမ္ဘာ့ဖလားမတိုင်ခင် ပီအက်စ်ဂျီရဲ့ နောက်ဆုံးလိဂ်ပွဲစဉ်မှာ ပါဝင်ကစားပေးခြင်းမရှိဘဲ နေခွင့်တောင်းဆိုမှုက ခွင့်ပြုခြင်းခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ယခုရာသီမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

မက်ဆီရဲ့ ပီအက်စ်ဂျီက အနာဂတ်နဲ့ပတ်သက်ပြီး သတင်းတွေ အများအပြား ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဘာစီလိုနာဂန္တဝင်ဟာ လိဂန်းချန်ပီယံတွေနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့အတွက် စိတ်ဝင်စားနေပေမယ့်လည်း ပုံမှန်ခြေစွမ်းရရှိနေတဲ့ မက်ဆီဟာ လက်ရှိအချိန်မှာ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်ဦးမှာမဟုတ်သေးတာဖြစ်ပါတယ်။ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ ၎င်းရဲ့အနာဂတ်က ဘယ်မှာ ဆက်ရှိနေမလဲဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ၎ရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္ေနၿပီး ယခုလ အသင္းရဲ႕ ေနာက္ဆုံးပြဲစဥ္ကို မကစားဘဲေနခြင့္ေပးဖို႔ ပီအက္စ္ဂ်ီကို ေတာင္းဆိုသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ႏိုဝင္ဘာ ၁၃ ရက္ေန႔မွာ အူးဆဲနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး အာဂ်င္တီးနားအသင္းရဲ႕ ကာတာ ခရီးစဥ္ဟာ ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ စတင္ေတာ့မွာ ျဖစ္ပါတယ္။ ဂ်ာနယ္လစ္ ဂက္စ္တန္ အက္ဂ်ဴးလ္ရဲ႕ ေျပာၾကားခ်က္အရ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ အူးဆဲနဲ႔ ကစားရမယ့္ လိဂန္းပြဲစဥ္ကို ပါဝင္ကစားေပးျခင္းမရွိဘဲ အနားယူသြားႏိုင္ေျခရွိတယ္လို႔ သိရပါတယ္။

လီယြန္နယ္ မက္ဆီဟာ လက္ရွိမွာ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းနဲ႔အတူ ကမာၻေပၚက ဂုဏ္သိကၡာအႀကီးမားဆုံး ႏိုင္ငံတကာဆုဖလားႀကီးကို အရယူသြားဖို႔ အာ႐ုံစိုက္ေနတာျဖစ္ၿပီး ၎ရဲ႕အနာဂတ္ကိုလည္း ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးမွ ဆုံးျဖတ္သြားမွာျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီနည္းျပ ခရစၥတိုဖီ ဂဲလ္တီယာနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိသူျဖစ္ၿပီး အဲဒါေၾကာင့္ ကမာၻ႔ဖလားမတိုင္ခင္ ပီအက္စ္ဂ်ီရဲ႕ ေနာက္ဆုံးလိဂ္ပြဲစဥ္မွာ ပါဝင္ကစားေပးျခင္းမရွိဘဲ ေနခြင့္ေတာင္းဆိုမႈက ခြင့္ျပဳျခင္းခံရဖြယ္ရွိေနတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းရဲ႕ အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ယခုရာသီမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

မက္ဆီရဲ႕ ပီအက္စ္ဂ်ီက အနာဂတ္နဲ႔ပတ္သက္ၿပီး သတင္းေတြ အမ်ားအျပား ထြက္ေပၚေနခဲ့တာျဖစ္ၿပီး ဘာစီလိုနာဂႏၲဝင္ဟာ လိဂန္းခ်န္ပီယံေတြနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနသူ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ စာခ်ဳပ္ကို သက္တမ္းတိုးဖို႔အတြက္ စိတ္ဝင္စားေနေပမယ့္လည္း ပုံမွန္ေျခစြမ္းရရွိေနတဲ့ မက္ဆီဟာ လက္ရွိအခ်ိန္မွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ဆုံးျဖတ္ခ်က္ ခ်မွတ္ဦးမွာမဟုတ္ေသးတာျဖစ္ပါတယ္။ ဖက္ဘရီဇီယို ႐ိုမာႏိုရဲ႕ ေျပာၾကားခ်က္အရ မက္ဆီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွသာ ၎ရဲ႕အနာဂတ္က ဘယ္မွာ ဆက္ရွိေနမလဲဆိုတာကို ဆုံးျဖတ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.