Ligue1 Premier League

GOAT မှန်ရင် အမေရိကားမသွားဘူးလို့ ယုံကြည်နေတဲ့ ပရိသတ်များ

ဘောလုံးပရိသတ်တွေဟာ လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကြားက GOAT အငြင်းအခုံဟာ အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ မေဂျာလိဂ်ကိုသာ ပြောင်းရွှေ့သွားခဲ့ရင် ပြီးဆုံးသွားလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

မက်ဆီဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေကလည်း ကြီးထွားလာနေတာ ဖြစ်ပါတယ်။ ဘလွန်ဒေါ ၇ ဆုရှင်အတွက် လက်ရှိအချိန်မှာ တတိယမြောက် ရွေးချယ်စရာရှိနေတယ်လို့ သိရပြီး ပီအက်စ်ဂျီမှာ စာချုပ်သက်တမ်းတိုးပြီး ဆက်နေမလား၊ နူးကမ့်ပြန်မလား ဒါမှမဟုတ် အင်တာ မိုင်ယာမီအသင်းအတွက် မေဂျာလိဂ်ကို ပြောင်းရွှေ့မလားဆိုတဲ့ ရွေးချယ်စရာတွေရှိနေတာဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ဒေးဗစ် ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာ မိုင်ယာမီအသင်းဟာ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မက်ဆီကို ခေါ်ယူဖို့ ယုံကြည်ချက်တွေ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ မက်ဆီဟာ အရင်တုန်းက ကစားသမားဘဝ အဆုံးမသတ်ခင်မှာ အမေရိကားမှာ ကစားချင်တယ်လို့ ပြောကြားခဲ့ဖူးပြီး ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ သတင်းဟာ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေအတွက် ပြောစရာ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြင်သစ်မှာ ပြီးခဲ့တဲ့ ၂ ရာသီကို ကုန်ဆုံးခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီက ကျန်တဲ့အသင်းတွေအားလုံးထက် မယှဉ်သာအောင် ကောင်းမွန်နေတာကြောင့် လိဂန်းဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုထဲမှာ အားအနည်းဆုံးလိဂ်အဖြစ် ရှုမြင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ၂၀၂၁ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆော်ဒီ အာရေဗျကလပ်အသင်းတစ်သင်းတည်းဆီကနေ ကမ်းလှမ်းမှု ရရှိခဲ့တာကြောင့် အိုးထရက်ဖို့ဒ်မှာသာ ဆက်နေခဲ့ရတာဖြစ်ပါတယ်။ အများစုကတော့ မက်ဆီဟာ ကစားသမားဘဝနဲ့ပတ်သက်လာရင် မက်ဆီက အလွယ်လမ်းလိုက်ပြီး ရော်နယ်လ်ဒိုကတော့ ကြာနိုင်သမျှကြာကြာ ထိပ်တန်းအဆင့်မှာ ဆက်လက် ရှိနေချင်တယ်လို့ ပြောကြားနေကြတာဖြစ်ပါတယ်။

“လီယွန်နယ် မက်ဆီက ခရစ္စတီယာနို ရော်နယ်လ်ဒို လုပ်လိမ့်မယ်လို့ ပြောတဲ့အရာမှန်သမျှ အကုန်လိုက်လုပ်နေတာပဲ။ လိဂန်းကို သွားပြီး အခုဆိုရင် မေဂျာလိဂ်ကိုပါ သွားပြီး အသက် ၃၅ နှစ်မှာ အနားယူဖို့ လုပ်နေပြီ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း “ရော်နယ်လ်ဒိုက အသက် ၃၇ နှစ်အရွယ်မှာတောင် အခက်ခဲဆုံးလိဂ်မှာ အသင်းအတွက် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေချိန်မှာ မက်ဆီက အသက် ၃၅ နှစ်အရွယ်နဲ့ မေဂျာလိဂ်ကို ထွက်ပြေးဖို့ လုပ်နေပြီ။ ငါ့ရဲ့ GOAT ကဘယ်သူလဲဆိုတာ ငါသိတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မက်ဆီဟာ ပြင်သစ်က ပွဲဦးထွက်ရာသီမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ယခုရာသီမှာတော့ ကမ္ဘာ့ထိပ်တန်းခြေစွမ်း ပြန်လည်ပြသနိုင်နေတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ အံ့မခန်း စွမ်းဆောင်ပေးထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလုံးပရိသတ္ေတြဟာ လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ၾကားက GOAT အျငင္းအခုံဟာ အာဂ်င္တီးနားၾကယ္ပြင့္အေနနဲ႔ ေမဂ်ာလိဂ္ကိုသာ ေျပာင္းေ႐ႊ႕သြားခဲ့ရင္ ၿပီးဆုံးသြားလိမ့္မယ္လို႔ ယုံၾကည္ေနၾကပါတယ္။

မက္ဆီဟာ ယခုရာသီကုန္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ၎ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာဟလေတြကလည္း ႀကီးထြားလာေနတာ ျဖစ္ပါတယ္။ ဘလြန္ေဒါ ၇ ဆုရွင္အတြက္ လက္ရွိအခ်ိန္မွာ တတိယေျမာက္ ေ႐ြးခ်ယ္စရာရွိေနတယ္လို႔ သိရၿပီး ပီအက္စ္ဂ်ီမွာ စာခ်ဳပ္သက္တမ္းတိုးၿပီး ဆက္ေနမလား၊ ႏူးကမ့္ျပန္မလား ဒါမွမဟုတ္ အင္တာ မိုင္ယာမီအသင္းအတြက္ ေမဂ်ာလိဂ္ကို ေျပာင္းေ႐ႊ႕မလားဆိုတဲ့ ေ႐ြးခ်ယ္စရာေတြရွိေနတာျဖစ္ပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ေဒးဗစ္ ဘက္ခမ္း ပူးတြဲပိုင္ဆိုင္တဲ့ အင္တာ မိုင္ယာမီအသင္းဟာ အာဂ်င္တီးနားလက္ေ႐ြးစင္တိုက္စစ္မႉးနဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ မက္ဆီကို ေခၚယူဖို႔ ယုံၾကည္ခ်က္ေတြ ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။ မက္ဆီဟာ အရင္တုန္းက ကစားသမားဘဝ အဆုံးမသတ္ခင္မွာ အေမရိကားမွာ ကစားခ်င္တယ္လို႔ ေျပာၾကားခဲ့ဖူးၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ရဲ႕ သတင္းဟာ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြအတြက္ ေျပာစရာ ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ျပင္သစ္မွာ ၿပီးခဲ့တဲ့ ၂ ရာသီကို ကုန္ဆုံးခဲ့သူျဖစ္ၿပီး ပီအက္စ္ဂ်ီက က်န္တဲ့အသင္းေတြအားလုံးထက္ မယွဥ္သာေအာင္ ေကာင္းမြန္ေနတာေၾကာင့္ လိဂန္းဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုထဲမွာ အားအနည္းဆုံးလိဂ္အျဖစ္ ရႈျမင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ ၂၀၂၁ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၿပိဳင္ပြဲစုံ ၂၄ ဂိုး သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေဆာ္ဒီ အာေရဗ်ကလပ္အသင္းတစ္သင္းတည္းဆီကေန ကမ္းလွမ္းမႈ ရရွိခဲ့တာေၾကာင့္ အိုးထရက္ဖို႔ဒ္မွာသာ ဆက္ေနခဲ့ရတာျဖစ္ပါတယ္။ အမ်ားစုကေတာ့ မက္ဆီဟာ ကစားသမားဘဝနဲ႔ပတ္သက္လာရင္ မက္ဆီက အလြယ္လမ္းလိုက္ၿပီး ေရာ္နယ္လ္ဒိုကေတာ့ ၾကာႏိုင္သမွ်ၾကာၾကာ ထိပ္တန္းအဆင့္မွာ ဆက္လက္ ရွိေနခ်င္တယ္လို႔ ေျပာၾကားေနၾကတာျဖစ္ပါတယ္။

“လီယြန္နယ္ မက္ဆီက ခရစၥတီယာႏို ေရာ္နယ္လ္ဒို လုပ္လိမ့္မယ္လို႔ ေျပာတဲ့အရာမွန္သမွ် အကုန္လိုက္လုပ္ေနတာပဲ။ လိဂန္းကို သြားၿပီး အခုဆိုရင္ ေမဂ်ာလိဂ္ကိုပါ သြားၿပီး အသက္ ၃၅ ႏွစ္မွာ အနားယူဖို႔ လုပ္ေနၿပီ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “ေရာ္နယ္လ္ဒိုက အသက္ ၃၇ ႏွစ္အ႐ြယ္မွာေတာင္ အခက္ခဲဆုံးလိဂ္မွာ အသင္းအတြက္ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနခ်ိန္မွာ မက္ဆီက အသက္ ၃၅ ႏွစ္အ႐ြယ္နဲ႔ ေမဂ်ာလိဂ္ကို ထြက္ေျပးဖို႔ လုပ္ေနၿပီ။ ငါ့ရဲ႕ GOAT ကဘယ္သူလဲဆိုတာ ငါသိတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

မက္ဆီဟာ ျပင္သစ္က ပြဲဦးထြက္ရာသီမွာ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ယခုရာသီမွာေတာ့ ကမာၻ႔ထိပ္တန္းေျခစြမ္း ျပန္လည္ျပသႏိုင္ေနတာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၇ ပြဲမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္အထိ အံ့မခန္း စြမ္းေဆာင္ေပးထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.