Premier League

ဒီရာသီ ၁၁ ဂိုးသွင်းထားတဲ့ တိုက်စစ်မှူးကို မခေါ်လို့ ဂန်းနားတို့ နောင်တရမယ်ဆိုတဲ့ ပေါ်တိုဂန္တဝင်

အာဆင်နယ်အသင်းဟာ ပေါ်တိုတိုက်စစ်မှူး မက်ဒီ တာရေမီကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တဲ့အတွက် အာဆင်နယ်တို့ နောင်တရလိမ့်မယ်လို့ ပေါ်တိုတိုက်စစ်မှူးဟောင်းက ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ဇန်နဝါရီလတုန်းက တာရေမီကို ခေါ်ယူဖို့အတွက် အခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်လည်း ငြင်းပယ်ခဲ့တယ်လို့ CBS က ဖော်ပြခဲ့ပြီး အဲဒီနောက်ပိုင်း အီရန်တိုက်စစ်မှူးရဲ့ ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

တာရေမီဟာ ယခုရာသီမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်က သွင်းဂိုး ၄ ဂိုးအပါအဝင် ပေါ်တိုအသင်းအတွက် စုစုပေါင်း ၁၁ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ကစားသမားဖြစ်ပြီး တကယ်တော့ အီရန်တိုက်စ်မှူးရဲ့ ချန်ပီယံလိဂ်သွင်းဂိုးထက် ပိုမိုသာလွန်တဲ့ကစားသမားဆိုလို့ အမ်ဘာပေ၊ အာလင်း ဟာလန်း၊ ဆာလားနဲ့ လီဗန်ဒေါ့ဗ်စကီးတို့သာ ရှိတော့တာဖြစ်ပါတယ်။

တာရေမီဟာ ယခုလ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်သွားဖွယ်ရှိနေပြီး ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်က နောက်ပြန်ကန်ချက်အတွက်လည်း ၂၀၂၁ ခုနှစ်အတွက် ပွတ်စ်ကပ်ဆု ဆန်ခါတင်စာရင်းထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ တာရေမီကို မခေါ်ယူဖို့ ဆုံးဖြတ်ချက်ဟာ နောင်တရစရာ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ပေါ်တိုနဲ့ ပေါ်တူဂီတိုက်စစ်မှူးဟောင်း ဒိုမင်းဂို့စ် ပါစီယန်စယာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မက်ဒီ တာရေမီက ဘယ်လိုခံစစ်မျိုးကိုမှ အနားမပေးတဲ့ ကစားသမားမျိုးပါ။ သူ့ရဲ့လုပ်အားနှုန်းက ပြင်းထန်ပါတယ်။ အဲဒီလို ဇွဲလုံ့လရှိတဲ့၊ အရှုံးမပေးတတ်တဲ့၊ အသင်းကို အများကြီး ကူညီပေးနေတဲ့ တိုက်စစ်မှူးပါ။ ပေါ်တိုမှာရှိနေတဲ့ အကောင်းဆုံးအရာက တာရေမီ ကွင်းထဲမှာ ရှိနေတာပါ။ ဒီနောက်ပိုင်း ကျွန်တော် သူ့လောက် ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး မမြင်တွေ့ခဲ့ဖူးပါဘူး။ သူ့ရဲ့ ခံစစ်ပိုင်း ကူညီပေးနိုင်စွမ်း၊ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကလည်း အရမ်းအားကောင်းပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာကြောင့် အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းကို ရောင်းချဖို့ ကမ်းလှမ်းခြင်းခံခဲ့ရလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရဘဲ ပေါ်တိုအသင်းဟာ ၂၀၂၀ ခုနှစ်မှာ အီရန်တိုက်စစ်မှူးကို Rio Ave ကနေ ပေါင် ၄.၂၅ သန်းတည်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ပေါ်တူဂီထိပ်သီးအသင်းကြီးအတွက် ကြယ်ပွင့်ကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ တာရေမီဟာ ဇန်နဝါရီလမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ထက် ပေါ်တိုအသင်းမှာသာ ဆက်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ၄၈ ပွဲမှာ သွင်းဂိုး ၂၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ေပၚတိုတိုက္စစ္မႉး မက္ဒီ တာေရမီကို ေခၚယူႏိုင္မယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့တဲ့အတြက္ အာဆင္နယ္တို႔ ေနာင္တရလိမ့္မယ္လို႔ ေပၚတိုတိုက္စစ္မႉးေဟာင္းက ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ဇန္နဝါရီလတုန္းက တာေရမီကို ေခၚယူဖို႔အတြက္ အခြင့္အေရး ကမ္းလွမ္းျခင္းခံခဲ့ရေပမယ့္လည္း ျငင္းပယ္ခဲ့တယ္လို႔ CBS က ေဖာ္ျပခဲ့ၿပီး အဲဒီေနာက္ပိုင္း အီရန္တိုက္စစ္မႉးရဲ႕ ေျခစြမ္းဟာ အေကာင္းဆုံးပုံစံမွာ ရွိေနခဲ့တာျဖစ္ပါတယ္။

တာေရမီဟာ ယခုရာသီမွာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္က သြင္းဂိုး ၄ ဂိုးအပါအဝင္ ေပၚတိုအသင္းအတြက္ စုစုေပါင္း ၁၁ ဂိုးအထိ သြင္းယူထားႏိုင္တဲ့ ကစားသမားျဖစ္ၿပီး တကယ္ေတာ့ အီရန္တိုက္စ္မႉးရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုးထက္ ပိုမိုသာလြန္တဲ့ကစားသမားဆိုလို႔ အမ္ဘာေပ၊ အာလင္း ဟာလန္း၊ ဆာလားနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔သာ ရွိေတာ့တာျဖစ္ပါတယ္။

တာေရမီဟာ ယခုလ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အီရန္အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္သြားဖြယ္ရွိေနၿပီး ခ်ဲလ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္က ေနာက္ျပန္ကန္ခ်က္အတြက္လည္း ၂၀၂၁ ခုႏွစ္အတြက္ ပြတ္စ္ကပ္ဆု ဆန္ခါတင္စာရင္းထဲမွာ ပါဝင္ခဲ့သူျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ တာေရမီကို မေခၚယူဖို႔ ဆုံးျဖတ္ခ်က္ဟာ ေနာင္တရစရာ ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္လာလိမ့္မယ္လို႔ ေပၚတိုနဲ႔ ေပၚတူဂီတိုက္စစ္မႉးေဟာင္း ဒိုမင္းဂို႔စ္ ပါစီယန္စယာက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“မက္ဒီ တာေရမီက ဘယ္လိုခံစစ္မ်ိဳးကိုမွ အနားမေပးတဲ့ ကစားသမားမ်ိဳးပါ။ သူ႔ရဲ႕လုပ္အားႏႈန္းက ျပင္းထန္ပါတယ္။ အဲဒီလို ဇြဲလုံ႔လရွိတဲ့၊ အရႈံးမေပးတတ္တဲ့၊ အသင္းကို အမ်ားႀကီး ကူညီေပးေနတဲ့ တိုက္စစ္မႉးပါ။ ေပၚတိုမွာရွိေနတဲ့ အေကာင္းဆုံးအရာက တာေရမီ ကြင္းထဲမွာ ရွိေနတာပါ။ ဒီေနာက္ပိုင္း ကြၽန္ေတာ္ သူ႔ေလာက္ ၿပီးျပည့္စုံတဲ့ တိုက္စစ္မႉး မျမင္ေတြ႕ခဲ့ဖူးပါဘူး။ သူ႔ရဲ႕ ခံစစ္ပိုင္း ကူညီေပးႏိုင္စြမ္း၊ သူ႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးကလည္း အရမ္းအားေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘာေၾကာင့္ အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ အာဆင္နယ္အသင္းကို ေရာင္းခ်ဖို႔ ကမ္းလွမ္းျခင္းခံခဲ့ရလဲဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရဘဲ ေပၚတိုအသင္းဟာ ၂၀၂၀ ခုႏွစ္မွာ အီရန္တိုက္စစ္မႉးကို Rio Ave ကေန ေပါင္ ၄.၂၅ သန္းတည္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ေပၚတူဂီထိပ္သီးအသင္းႀကီးအတြက္ ၾကယ္ပြင့္ကစားသမား ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ တာေရမီဟာ ဇန္နဝါရီလမွာ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ဖို႔ထက္ ေပၚတိုအသင္းမွာသာ ဆက္ေနခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ၄၈ ပြဲမွာ သြင္းဂိုး ၂၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၇ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.