Bundesliga Premier League Transfer News

ပစ်မှတ်ကစားသမားကို လီဗာပူးလ်ခေါ်ယူနိုင်တော့မယ်လို့ အတည်ပြုခဲ့တဲ့ ဂျာနယ်လစ်

လီဗာပူးလ်အသင်းဟာ ဒေါ့မွန်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်ဟာ ယခုရာသီကို ဆိုးရွားတဲ့ ပုံစံနဲ့ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဆင့် ၄ နေရာက နယူးကာဆယ်လ်နဲ့ ၈ မှတ်အကွာ အဆင့် ၉ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ ရာသီအစောပိုင်း ရုန်းကန်နေရမှု အားလုံးဟာ ကွင်းလယ်မှာ အားနည်းနေခဲ့တာကြောင့် ဖြစ်ခဲ့ပြီး သီယေဂို အယ်လ်ကန်တာရာ ဒဏ်ရာရရှိသွားခဲ့တာက အဓိကထိုးနှက်ချက်ကြီးဖြစ်ခဲ့တာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ကြံ့ခိုင်မှုကလည်း ယာဂန် ကလော့ပ်အတွက် အလိုအလျောက် ပွဲထွက်ခွင့်ရ ကစားသမားမဖြစ်နိုင်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး ဖာဘင်ညိုကလည်း ဒီရာသီမှာ ခြေစွမ်းကျဆင်းနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၁၉ နှစ်အရွယ် ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်က လီဗာပူးလ်ရဲ့ ကွင်းလယ်ပြဿနာကို ဖြေရှင်းပေးဖို့ ရှိနေတာဖြစ်ပြီး ဂျာနယ်လစ် ရူဒီ ဂယ်လက်တီက လီဗာပူးလ်ဟာ အင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ထက် အသာစီးရနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ရီးရဲလ်နဲ့ ဒေါ့မွန်တို့ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးက ဆွေးနွေးညှိနှိုင်းမှုကို အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က အင်္ဂလန်ကွင်းလယ်ကစားသမားကို ကာလရှည် လိုက်နေတဲ့ လီဗာပူးလ်ကိုတော့ အာရုံစိုက်ထားရပါမယ်။ ဂျုဒ်က အခုအချိန်မှာ လာလီဂါထက်စာရင် ပရီးမီးယားလိဂ်ကို ပိုပြီး ပြောင်းရွှေ့ချင်နေတယ်”

“အဲဒါက ဖြတ်ကျော်ရမယ့် အဓိက အတားအဆီးတစ်ခုပါ။ ကွင်းလယ်ကစားသမားရဲ့ စာချုပ်က ၂၀၂၅ မှာ သက်တမ်းကုန်မှာဖြစ်ပြီး အေးဂျင့်နဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သဘောတူညီမှု ရယူဖို့က ပြဿနာရှိမယ့်ပုံမပေါ်ပါဘူး”

“ဒါပေမယ့်လည်း သူ့ရဲ့ မွေးရပ်မြေ အင်္ဂလန်ကို အိမ်ပြန်ချင်နေတဲ့ ဆန္ဒက တခြား စာချုပ်တွေထက် ပိုပြီးတော့ အားကောင်းနေတာကြောင့် ဖလော်ရန်တီနို ပီးရက်ဇ်အတွက် ခေါင်းကိုက်စရာ ဖြစ်စေမှာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘာမင်ဟမ်ဖွား ကွင်းလယ်ကြယ်ပွင့်ဟာ ဂျာမနီမှာ နောက်ထပ် အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေပြီး ဒေါ့မွန်အတွက် ၁၉ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ ေဒါ့မြန္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္ကို ေခၚယူဖို႔အတြက္ ထိပ္ဆုံးကေန ဦးေဆာင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

လီဗာပူးလ္ဟာ ယခုရာသီကို ဆိုး႐ြားတဲ့ ပုံစံနဲ႔ စတင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အဆင့္ ၄ ေနရာက နယူးကာဆယ္လ္နဲ႔ ၈ မွတ္အကြာ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။ လီဗာပူးလ္ရဲ႕ ရာသီအေစာပိုင္း ႐ုန္းကန္ေနရမႈ အားလုံးဟာ ကြင္းလယ္မွာ အားနည္းေနခဲ့တာေၾကာင့္ ျဖစ္ခဲ့ၿပီး သီေယဂို အယ္လ္ကန္တာရာ ဒဏ္ရာရရွိသြားခဲ့တာက အဓိကထိုးႏွက္ခ်က္ႀကီးျဖစ္ခဲ့တာျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ ႀကံ့ခိုင္မႈကလည္း ယာဂန္ ကေလာ့ပ္အတြက္ အလိုအေလ်ာက္ ပြဲထြက္ခြင့္ရ ကစားသမားမျဖစ္ႏိုင္ေတာ့ဘူးဆိုတဲ့အဓိပၸာယ္ျဖစ္ၿပီး ဖာဘင္ညိဳကလည္း ဒီရာသီမွာ ေျခစြမ္းက်ဆင္းေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၁၉ ႏွစ္အ႐ြယ္ ေဒါ့မြန္ၾကယ္ပြင့္ ဘယ္လင္ဟမ္က လီဗာပူးလ္ရဲ႕ ကြင္းလယ္ျပႆနာကို ေျဖရွင္းေပးဖို႔ ရွိေနတာျဖစ္ၿပီး ဂ်ာနယ္လစ္ ႐ူဒီ ဂယ္လက္တီက လီဗာပူးလ္ဟာ အဂၤလန္ၾကယ္ပြင့္ကို ေခၚယူမယ့္ၿပိဳင္ပြဲမွာ ရီးရဲလ္မက္ဒရစ္ထက္ အသာစီးရေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ရီးရဲလ္နဲ႔ ေဒါ့မြန္တို႔ၾကားက ေကာင္းမြန္တဲ့ ဆက္ဆံေရးက ေဆြးေႏြးညႇိႏႈိင္းမႈကို အေထာက္အပံ့ျဖစ္ေစပါလိမ့္မယ္။ ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္က အဂၤလန္ကြင္းလယ္ကစားသမားကို ကာလရွည္ လိုက္ေနတဲ့ လီဗာပူးလ္ကိုေတာ့ အာ႐ုံစိုက္ထားရပါမယ္။ ဂ်ဳဒ္က အခုအခ်ိန္မွာ လာလီဂါထက္စာရင္ ပရီးမီးယားလိဂ္ကို ပိုၿပီး ေျပာင္းေ႐ႊ႕ခ်င္ေနတယ္”

“အဲဒါက ျဖတ္ေက်ာ္ရမယ့္ အဓိက အတားအဆီးတစ္ခုပါ။ ကြင္းလယ္ကစားသမားရဲ႕ စာခ်ဳပ္က ၂၀၂၅ မွာ သက္တမ္းကုန္မွာျဖစ္ၿပီး ေအးဂ်င့္နဲ႔ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြ သေဘာတူညီမႈ ရယူဖို႔က ျပႆနာရွိမယ့္ပုံမေပၚပါဘူး”

“ဒါေပမယ့္လည္း သူ႔ရဲ႕ ေမြးရပ္ေျမ အဂၤလန္ကို အိမ္ျပန္ခ်င္ေနတဲ့ ဆႏၵက တျခား စာခ်ဳပ္ေတြထက္ ပိုၿပီးေတာ့ အားေကာင္းေနတာေၾကာင့္ ဖေလာ္ရန္တီႏို ပီးရက္ဇ္အတြက္ ေခါင္းကိုက္စရာ ျဖစ္ေစမွာ ျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဘာမင္ဟမ္ဖြား ကြင္းလယ္ၾကယ္ပြင့္ဟာ ဂ်ာမနီမွာ ေနာက္ထပ္ အလြန္ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ေနၿပီး ေဒါ့မြန္အတြက္ ၁၉ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.