Premier League

မပျော်ရွှင်နိုင်ဖြစ်နေတဲ့ ချဲလ်ဆီးကြယ်ပွင့်ကို အမ်းမရိတ်စ်လာစေချင်တဲ့ အီယန် ရိုက်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က ပြီးခဲ့တဲ့နွေရာသီမှာ ရာဟင်း စတားလင်းကို ပြီးခဲ့တဲ့နွေရာသီမှာ အမ်းမရိတ်စ် ပြောင်းရွှေ့လာစေချင်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး အင်္ဂလန်တောင်ပံကစားသမားဟာ အခုအချိန်အထိ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့မှုကို မပျော်ရွှင်နိုင်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

စတားလင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာစီးတီးကနေ ထွက်ခွာခွင့်တောင်းခံခဲ့ပြီးနောက် ချဲလ်ဆီးကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ဟာ အစ်တီဟတ်မှာ အောင်မြင်မှုအများအပြား ရရှိခဲ့ပေမယ့်လည်း ၇ နှစ်အတွင်း ဥရောပအောင်မြင်မှု ရရှိခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

စတားလင်းဟာ ၂၀၁၆ ခုနှစ်မှာ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် အာတီတာ ပြောင်းရွှေ့လာပြီးနောက် ပိုမို တိုးတက်လာခဲ့သူဖြစ်ပြီး စပိန်လူမျိုးနည်းပြက လီဗာပူးလ်ကြယ်ပွင့်ဟောင်းကို ဂိုးသွင်းရှင်တစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အာတီတာကို အမ်းမရိတ်စ်မှာ နည်းပြသစ်အဖြစ် ခန့်အပ်ပြီးကတည်းက စတားလင်းကို ခေါ်ယူဖို့ သတင်းတွေ ပုံမှန်ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့်လည်း ဂန်းနားတွေဟာ ဂျေဆူးစ်ကို ခေါ်ယူခဲ့ပြီးဖြစ်တဲ့အတွက် အင်္ဂလန်ကြယ်ပွင့်အတွက် ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ခေါ်ယူခြင်း မရှိခဲ့တာဖြစ်ပါတယ်။

အီယန် ရိုက်က ချဲလ်ဆီးတောင်ပံကစားသမားကို မြောက်လန်ဒန် ပြောင်းရွှေ့လာတာကို မြင်ချင်ခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး စတားလင်းအနေနဲ့ လက်ရှိ စတမ်းဖို့ဒ် ဘရစ်ချ်က အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မပျော်ရွှင်နိုင်ဖြစ်နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခင်ဗျားကို ကျွန်တော် မေးခဲ့တယ်။ အာဆင်နယ်က အဲဒီအပတ်မှာ ခေါ်ယူဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ ကျွန်တော် ဆုတောင်းနေခဲ့တာက ခင်ဗျား လာတော့မယ်ဆိုတဲ့အကြောင်း ပြောနေတာတွေ မှန်ပါစေပေါ့။ ဒါပေမယ့် အဲဒါက မဖြစ်ခဲ့ဘူး။ ကျွန်တော် ခင်ဗျားကို အနီရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့အကြောင်းတွေးရင်း ဆိုက်ကိုတွေ ဖောက်ခဲ့တယ်။ ဂရေဟမ် ပေါ့တား ခုလုပ်နေတာတွေက စိတ်ရှုပ်ထွေးစရာ အရာတွေထဲက တစ်ခုပါ။ ကျွန်တော် ခေါင်းတွေတောင် မကြည်တော့ပါဘူး။ ကျွန်တော် ပွဲစဉ်အပေါ်မှာ ခွဲခြမ်းစိတ်ဖြာခဲ့တဲ့အချိန်မှာတောင်မှ နောက်ခံတောင်ပံဧရိယာက ဘရိုက်တန်အသင်း တစ်စစီ စုတ်ဖြဲဖို့ ရှိနေခဲ့သလိုပဲ”

“ခင်ဗျားမှာ ချာလိုဘက်နဲ့ ကူကူရယ်လာတို့ကို အကူအညီပေးရမယ့် ပူလီရှစ်နဲ့ စတားလင်းတို့ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒါက မဖြစ်လာခဲ့ဘူး။ ကျွန်တော် အဲဒါကို နားမလည်နိုင်ဘူး။ သူ အဲဒီအခန်းကဏ္ဍမှာ ကစားနေရတာကို ပျော်ရွှင်နိုင်စရာ အကြောင်းကို မရှိဘူး။ အထူးသဖြင့် စီးတီးတုန်းက သူလုပ်ခဲ့တာတွေကို ခင်ဗျား ပြန်ကြည့်လိုက်ရင် အရာအားလုံးက သူ့အတွက်က တိုက်စစ်ဆင်ဖို့ပဲ အာရုံစိုက်ခဲ့ရတာပါ။ အဲဒါက တယ်ကို ထူးဆန်းနေပြီး သူ့အတွက် ဒီလိုမျိုး နေရာသစ်မှာ ကစားရတာက ခက်ခဲနေမှာပါ။ သူ့အတွက် သူတို့တွေ ဒီပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က ၿပီးခဲ့တဲ့ေႏြရာသီမွာ ရာဟင္း စတားလင္းကို ၿပီးခဲ့တဲ့ေႏြရာသီမွာ အမ္းမရိတ္စ္ ေျပာင္းေ႐ႊ႕လာေစခ်င္ခဲ့တယ္လို႔ ဝန္ခံခဲ့ၿပီး အဂၤလန္ေတာင္ပံကစားသမားဟာ အခုအခ်ိန္အထိ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ခဲ့မႈကို မေပ်ာ္႐ႊင္ႏိုင္ျဖစ္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

စတားလင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာစီးတီးကေန ထြက္ခြာခြင့္ေတာင္းခံခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးကို ေပါင္သန္း ၅၀ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး အဂၤလန္ၾကယ္ပြင့္ဟာ အစ္တီဟတ္မွာ ေအာင္ျမင္မႈအမ်ားအျပား ရရွိခဲ့ေပမယ့္လည္း ၇ ႏွစ္အတြင္း ဥေရာပေအာင္ျမင္မႈ ရရွိခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

စတားလင္းဟာ ၂၀၁၆ ခုႏွစ္မွာ ဂြါဒီယိုလာရဲ႕ လက္ေထာက္နည္းျပအျဖစ္ အာတီတာ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ပိုမို တိုးတက္လာခဲ့သူျဖစ္ၿပီး စပိန္လူမ်ိဳးနည္းျပက လီဗာပူးလ္ၾကယ္ပြင့္ေဟာင္းကို ဂိုးသြင္းရွင္တစ္ေယာက္အျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အာတီတာကို အမ္းမရိတ္စ္မွာ နည္းျပသစ္အျဖစ္ ခန႔္အပ္ၿပီးကတည္းက စတားလင္းကို ေခၚယူဖို႔ သတင္းေတြ ပုံမွန္ထြက္ေပၚခဲ့တာျဖစ္ေပမယ့္လည္း ဂန္းနားေတြဟာ ေဂ်ဆူးစ္ကို ေခၚယူခဲ့ၿပီးျဖစ္တဲ့အတြက္ အဂၤလန္ၾကယ္ပြင့္အတြက္ ခ်ဲလ္ဆီးနဲ႔ ယွဥ္ၿပိဳင္ေခၚယူျခင္း မရွိခဲ့တာျဖစ္ပါတယ္။

အီယန္ ႐ိုက္က ခ်ဲလ္ဆီးေတာင္ပံကစားသမားကို ေျမာက္လန္ဒန္ ေျပာင္းေ႐ႊ႕လာတာကို ျမင္ခ်င္ခဲ့တာျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး စတားလင္းအေနနဲ႔ လက္ရွိ စတမ္းဖို႔ဒ္ ဘရစ္ခ်္က အခန္းက႑နဲ႔ပတ္သက္ၿပီး မေပ်ာ္႐ႊင္ႏိုင္ျဖစ္ေနတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ခင္ဗ်ားကို ကြၽန္ေတာ္ ေမးခဲ့တယ္။ အာဆင္နယ္က အဲဒီအပတ္မွာ ေခၚယူဖို႔ လုပ္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္လာတယ္။ ကြၽန္ေတာ္ ဆုေတာင္းေနခဲ့တာက ခင္ဗ်ား လာေတာ့မယ္ဆိုတဲ့အေၾကာင္း ေျပာေနတာေတြ မွန္ပါေစေပါ့။ ဒါေပမယ့္ အဲဒါက မျဖစ္ခဲ့ဘူး။ ကြၽန္ေတာ္ ခင္ဗ်ားကို အနီေရာင္ဝတ္စုံ ဝတ္ဆင္ထားတဲ့အေၾကာင္းေတြးရင္း ဆိုက္ကိုေတြ ေဖာက္ခဲ့တယ္။ ဂေရဟမ္ ေပါ့တား ခုလုပ္ေနတာေတြက စိတ္ရႈပ္ေထြးစရာ အရာေတြထဲက တစ္ခုပါ။ ကြၽန္ေတာ္ ေခါင္းေတြေတာင္ မၾကည္ေတာ့ပါဘူး။ ကြၽန္ေတာ္ ပြဲစဥ္အေပၚမွာ ခြဲျခမ္းစိတ္ျဖာခဲ့တဲ့အခ်ိန္မွာေတာင္မွ ေနာက္ခံေတာင္ပံဧရိယာက ဘ႐ိုက္တန္အသင္း တစ္စစီ စုတ္ၿဖဲဖို႔ ရွိေနခဲ့သလိုပဲ”

“ခင္ဗ်ားမွာ ခ်ာလိုဘက္နဲ႔ ကူကူရယ္လာတို႔ကို အကူအညီေပးရမယ့္ ပူလီရွစ္နဲ႔ စတားလင္းတို႔ ရွိခဲ့တယ္။ ဒါေပမယ့္ အဲဒါက မျဖစ္လာခဲ့ဘူး။ ကြၽန္ေတာ္ အဲဒါကို နားမလည္ႏိုင္ဘူး။ သူ အဲဒီအခန္းက႑မွာ ကစားေနရတာကို ေပ်ာ္႐ႊင္ႏိုင္စရာ အေၾကာင္းကို မရွိဘူး။ အထူးသျဖင့္ စီးတီးတုန္းက သူလုပ္ခဲ့တာေတြကို ခင္ဗ်ား ျပန္ၾကည့္လိုက္ရင္ အရာအားလုံးက သူ႔အတြက္က တိုက္စစ္ဆင္ဖို႔ပဲ အာ႐ုံစိုက္ခဲ့ရတာပါ။ အဲဒါက တယ္ကို ထူးဆန္းေနၿပီး သူ႔အတြက္ ဒီလိုမ်ိဳး ေနရာသစ္မွာ ကစားရတာက ခက္ခဲေနမွာပါ။ သူ႔အတြက္ သူတို႔ေတြ ဒီျပႆနာကို ေျဖရွင္းေပးႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.