Premier League

၁၆.၂.၂၀၂၀ အတြက္ မန္ခ်က္စတာစီးတီးအသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈေတြေၾကာင့္ ယူအီးအက္ဖ္ေအၿပိဳင္ပြဲေတြကေန (၂)ရာသီၾကာ ပြဲပယ္ခံခဲ့ရၿပီးေနာက္ မန္စီးတီးအသင္းတာ၀န္ရွိသူေတြအေနနဲ႔ အဓိကၾကယ္ပြင့္ကစားသမားေတြရဲ႕ အနာဂတ္အတြက္ အေက်အလည္ ေဆြးေႏြးရဖို႔ရွိလာမွာ ျဖစ္ပါတယ္။

– လာမယ့္ရာသီ ဥေရာပၿပိဳင္ပြဲေတြကို မန္စီးတီးအသင္းအေနနဲ႔ ၀င္ခြင့္ပိတ္ပင္ခံခဲ့ရေပမယ့္ သူတို႔အသင္းရဲ႕ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ေတာ့ သိပ္ထူးျခားစရာမရွိဘူးလို႔ လက္စတာစီးတီးနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က ေျပာလိုက္ပါတယ္။

– မန္စီးတီးအသင္းကို ပရီးမီးယားလိဂ္ကလည္း သူတို႔ရဲ႕ ဘ႑ာေရးစည္းမ်ဥ္းေတြနဲ႔ အေရးယူဖို႔ ျပင္ဆင္ေနရာမွာ အခန္႔မသင့္ရင္ ပရီးမီးယားလိဂ္ကေနေတာင္ တန္းဆင္းရဖို႔အထိ သတင္းေတြ ထြက္ေနပါတယ္။

– တကယ္လို႔မ်ား ရာသီကုန္မွာ မန္စီးတီးကေန နည္းျပ ဂြာဒီယိုလာသာ ထြက္ခြာသြားခဲ့ရင္ စပါးနည္းျပေဟာင္း ေမာ္ရီစီယို ပိုခ်က္တီႏိုကို ခန္႔အပ္ဖို႔ အသင္းတာ၀န္ရွိသူေတြ စဥ္းစားထားပါတယ္။

– မန္စီးတီးနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အတြက္ ကြင္းလယ္လူ အီဒင္ ဟာဇက္အေနနဲ႔ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီး ျပန္ကစားေပးႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေကြောင့် ယူအီးအက်ဖ်အေပြိုင်ပွဲတွေကနေ (၂)ရာသီကြာ ပွဲပယ်ခံခဲ့ရပြီးနောက် မန်စီးတီးအသင်းတာဝန်ရှိသူတွေအနေနဲ့ အဓိကကြယ်ပွင့်ကစားသမားတွေရဲ့ အနာဂတ်အတွက် အကျေအလည် ဆွေးနွေးရဖို့ရှိလာမှာ ဖြစ်ပါတယ်။

– လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေကို မန်စီးတီးအသင်းအနေနဲ့ ဝင်ခွင့်ပိတ်ပင်ခံခဲ့ရပေမယ့် သူတို့အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တော့ သိပ်ထူးခြားစရာမရှိဘူးလို့ လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော့ဂျားစ်က ပြောလိုက်ပါတယ်။

– မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ကလည်း သူတို့ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ အရေးယူဖို့ ပြင်ဆင်နေရာမှာ အခန့်မသင့်ရင် ပရီးမီးယားလိဂ်ကနေတောင် တန်းဆင်းရဖို့အထိ သတင်းတွေ ထွက်နေပါတယ်။

– တကယ်လို့များ ရာသီကုန်မှာ မန်စီးတီးကနေ နည်းပြ ဂွာဒီယိုလာသာ ထွက်ခွာသွားခဲ့ရင် စပါးနည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုကို ခန့်အပ်ဖို့ အသင်းတာဝန်ရှိသူတွေ စဉ်းစားထားပါတယ်။

– မန်စီးတီးနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ကွင်းလယ်လူ အီဒင် ဟာဇက်အနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ပြန်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.