Premier League

ဘစ်ဆာကာကို ကန်ထုတ်ပြီး ဒါလော့တ်နဲ့ ယှဉ်ပြိုင်မယ့်သူကို သတ်မှတ်ခဲ့တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မက်စ် အာရွန်စ်ကို ခေါ်ယူပြီး ဒါလော့တ်အတွက် ယှဉ်ပြိုင်မှု ပြုလုပ်သွားစေချင်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက် ပြန်ဖွင့်တာနဲ့ ချန်ပီယံရှစ်အသင်းဖြစ်တဲ့ နောဝစ်ချ်စီးတီးကြယ်ပွင့် အာရွန်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားလိမ့်မယ်လို့ The Sun က ဖော်ပြခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသက် ၂၂ နှစ်အရွယ် ညာနောက်ခံလူကို ကာလရှည် စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာ မက်စ် အာရွန်အတွက် အီသန် လဲဒ်ကို အလိုက်ပေးခေါ်ယူဖို့ စဉ်းစားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ယူ-၂၁ အသင်းအတွက် ပွဲ ၂၀ ပါဝင်ကစားပေးထားတဲ့ အာရွန်စ်ဟာ နော်ဝစ်ချ်စီးတီးအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်တို့မှာ စုစုပေါင်း ၁၇၃ ပွဲအထိ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပြီး ဒုတိယတန်းဖလားကို ၂ ကြိမ်ရရှိအောင် ကူညီပေးထားခဲ့တာဖြစ်ပါတယ်။

မက်စ် အာရွန်စ်ဟာ ၂၀၁၈ ခုနှစ်အတွက် EFL ရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး EFL ရဲ့ တစ်ရာသီတာအကောင်းဆုံးသင်းနဲ့ PFA ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးအသင်းတို့မှာ ထည့်သွင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝမ်-ဘစ်ဆာကာနဲ့ပတ်သက်ပြီး တန်ဟက်ရဲ့ မကြာသေးမီက မှတ်ချက်စကားအပြီးမှာ ညာနောက်ခံနေရာ ပွဲထွက်ကစားသမား ဒါလော့တ်အတွက် ယှဉ်ပြိုင်မှု ပေးနိုင်မယ့် မက်စ် အာရွန်စ်ကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။

တန်ဟက်ဟာ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဒါလော့တ်ကို ချီးကျူးခဲ့ပေမယ့်လည်း ဝမ်-ဘစ်ဆာကာကို ပြစ်တင်ဝေဖန်ခဲ့ပုံပေါ်ပြီး ပွဲစဉ်တွေအများကြီး ကစားဖို့ ရှိနေတာကြောင့် အသင်းမှာ ကောင်းမွန်တဲ့ ညာနောက်ခံကစားသမား ၂ ဦးလိုအပ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန်ချက်စတာယူနိုက်တက်ဟာ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက် ပြန်ဖွင့်တာနဲ့ ချန်ပီယံရှစ်အသင်းဖြစ်တဲ့ နောဝစ်ခ်ျစီးတီးကြယ်ပွင့် အာရွန်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားလိမ့်မယ်လို့ The Sun က ဖော်ပြခဲ့တာဖြစ်ပါတယ်။


အင်္ဂလန်ယူ-၂၁ အသင်းအတွက် ပွဲ ၂၀ ပါဝင်ကစားပေးထားတဲ့ အာရွန်စ်ဟာ နော်ဝစ်ခ်ျစီးတီးအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်တို့မှာ စုစုပေါင်း ၁၇၃ ပွဲအထိ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပြီး ဒုတိယတန်းဖလားကို ၂ ကြိမ်ရရှိအောင် ကူညီပေးထားခဲ့တာဖြစ်ပါတယ်။




REF: INTERNET SOURCES
SPORTS A2Z.