Premier League Transfer News

အာဆင်နယ်နဲ့ဆွေးနွေးမှုအခြေအနေကို ပြောပြခဲ့တဲ့ တောရက်စ်ရဲ့အေးဂျင့်

အော်လန်ဒို စီးတီးတိုက်စစ်မှူး ဖာကွန်ဒို တောရက်စ်ရဲ့အေးဂျင့်က အာဆင်နယ်အသင်းက ဥရုဂွေးကြယ်ပွင့်အပေါ် စိတ်ဝင်စားနေပေမယ့်လည်း ပြောဆိုဆွေးမှုက နောက်တဆင့် မရောက်သေးဘူးလို့ အတည်ပြုခဲ့ပါတယ်။

တနင်္လာနေ့မှာ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ အာတီတာက ဆာကာရဲ့နေရာအတွက် အရန်သင့်အသုံးပြုဖို့နဲ့ ယှဉ်ပြိုင်မှုရှိအောင် လူအင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာကြောင့် ဇန်နဝါရီလမှာ မြောက်လန်ဒန်ကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ တောရက်စ်ဟာ ယခုရာသီ မေဂျာလိဂ်မှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီက ရာသီကြိုကာလမှာ အာဆင်နယ်ကို ဂိုးသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဥရုဂွေးလက်ရွေးစင်တောင်ပံကစားသမားဟာ နိုင်ငံအသင်းအတွက်လည်း ၁၀ ပွဲအထိ ပါဝင်ကစားပေးထားနိုင်ခဲ့ပြီဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလရောက်ရင် ဥရောပကို ပြောင်းရွှေ့လိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရတာဖြစ်ပါတယ်။ Evening Standard ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုဟာ အစောပိုင်းအဆင့်သာ ရှိသေးတာတောင်မှပဲ ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ပြေးနေတာဖြစ်ပြီး ဂန်းနားတွေဟာ တောရက်စ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးချင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကစားသမားရဲ့ အေးဂျင့် အီဂါဒို လာဆယ်လ်ဗီးယားက လာမယ့် ရက်အနည်းငယ်အတွင်း အာဆင်နယ်ကင်းထောက်ကြီး တိုနီ လီမာနဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ ESPN Uruguay ကို အတည်ပြုပြောကြားလိုက်တာဖြစ်ပါတယ်။

လာဆယ်လ်ဗီးယားက အာဆင်နယ်အသင်းဆီကနေ စိတ်ဝင်စားမှုဟာ တရားဝင်ဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပေမယ့်လည်း အမ်းမရိတ်စ်ကို ဇန်နဝါရီလမှာ အပြောင်းအရွှေ့ ပြုလုပ်နိုင်ဖို့ နောက်တဆင့်တက် ဆွေးနွေးမှုတွေတော့ မရှိသေးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အသင်းပေါင်းများစွာက အနီးကပ်စောင့်ကြည့်ခြင်းခံခဲ့ရတဲ့ တောရက်စ်ကို မြန်မြန် လက်ဦးမှု ရယူသွားဖို့ လိုအပ်မှာ ဖြစ်ကောင်း ဖြစ်နိုင်ပြီး ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြသနိုင်မယ်ဆိုရင် ပြောင်းရွှေ့ကြေးကလည်း သိသိသာသာ မြင့်တက်လာမှာ သေချာသလောက်နီးပါးဖြစ်ပါတယ်။

အာတီတာဟာ တောင်ပံကစားသမားသစ် ခေါ်ယူဖို့ ရှာဖွေနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ရာဖင်ညာနဲ့ ပက်ဒရို နေတိုတို့လို ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေအာ္လန္ဒို စီးတီးတိုက္စစ္မႉး ဖာကြန္ဒို ေတာရက္စ္ရဲ႕ေအးဂ်င့္က အာဆင္နယ္အသင္းက ဥ႐ုေဂြးၾကယ္ပြင့္အေပၚ စိတ္ဝင္စားေနေပမယ့္လည္း ေျပာဆိုေဆြးမႈက ေနာက္တဆင့္ မေရာက္ေသးဘူးလို႔ အတည္ျပဳခဲ့ပါတယ္။

တနလၤာေန႔မွာ အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အာတီတာက ဆာကာရဲ႕ေနရာအတြက္ အရန္သင့္အသုံးျပဳဖို႔နဲ႔ ယွဥ္ၿပိဳင္မႈရွိေအာင္ လူအင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ ဇန္နဝါရီလမွာ ေျမာက္လန္ဒန္ကို ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ ေတာရက္စ္ဟာ ယခုရာသီ ေမဂ်ာလိဂ္မွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ ျပဳလုပ္ထားတဲ့ ကစားသမားျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီက ရာသီႀကိဳကာလမွာ အာဆင္နယ္ကို ဂိုးသြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

ဥ႐ုေဂြးလက္ေ႐ြးစင္ေတာင္ပံကစားသမားဟာ ႏိုင္ငံအသင္းအတြက္လည္း ၁၀ ပြဲအထိ ပါဝင္ကစားေပးထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလေရာက္ရင္ ဥေရာပကို ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရတာျဖစ္ပါတယ္။ Evening Standard ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္ရဲ႕ စိတ္ဝင္စားမႈဟာ အေစာပိုင္းအဆင့္သာ ရွိေသးတာေတာင္မွပဲ ေခၚယူႏိုင္ဖို႔ ထိပ္ဆုံးက ေျပးေနတာျဖစ္ၿပီး ဂန္းနားေတြဟာ ေတာရက္စ္ရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ေျပာဆိုေဆြးေႏြးခ်င္ေနတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ကစားသမားရဲ႕ ေအးဂ်င့္ အီဂါဒို လာဆယ္လ္ဗီးယားက လာမယ့္ ရက္အနည္းငယ္အတြင္း အာဆင္နယ္ကင္းေထာက္ႀကီး တိုနီ လီမာနဲ႔ ေတြ႕ဆုံသြားမွာျဖစ္တယ္လို႔ ESPN Uruguay ကို အတည္ျပဳေျပာၾကားလိုက္တာျဖစ္ပါတယ္။

လာဆယ္လ္ဗီးယားက အာဆင္နယ္အသင္းဆီကေန စိတ္ဝင္စားမႈဟာ တရားဝင္ျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ေပမယ့္လည္း အမ္းမရိတ္စ္ကို ဇန္နဝါရီလမွာ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ႏိုင္ဖို႔ ေနာက္တဆင့္တက္ ေဆြးေႏြးမႈေတြေတာ့ မရွိေသးဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ အသင္းေပါင္းမ်ားစြာက အနီးကပ္ေစာင့္ၾကည့္ျခင္းခံခဲ့ရတဲ့ ေတာရက္စ္ကို ျမန္ျမန္ လက္ဦးမႈ ရယူသြားဖို႔ လိုအပ္မွာ ျဖစ္ေကာင္း ျဖစ္ႏိုင္ၿပီး ကမာၻ႔ဖလားမွာ ေျခစြမ္းျပသႏိုင္မယ္ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကးကလည္း သိသိသာသာ ျမင့္တက္လာမွာ ေသခ်ာသေလာက္နီးပါးျဖစ္ပါတယ္။

အာတီတာဟာ ေတာင္ပံကစားသမားသစ္ ေခၚယူဖို႔ ရွာေဖြေနခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ရာဖင္ညာနဲ႔ ပက္ဒ႐ို ေနတိုတို႔လို ကစားသမားေတြကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.